အိမ်ထောင် (၃) ခါ ကျဖူးတယ်…ဒါပေမယ့် အခုအချိန်ထိ အပျိုစင်ပဲရှိသေးတဲ့ မိန်းကလေး

3
views



ထူးဆန်းနေတာပေါ့….












Unicode>>>>>

အိမ်ထောင် သုံးခါကျဖူးတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။

ဒါပေမယ့်… သူဟာ ခုချိန်ထိ အပျိုစင်ဘဝမှာပဲ ရှိသေးတယ်တဲ့။

ထူးဆန်းနေတာပေ့ါ….

ဒါနဲ့ သတင်းထောက်တစ်ယောက်က သွားပြီး အင်တာဗျူးတယ်… ….

“အမကြီးရယ်…. အိမ်ထောင် သုံးခါကျတာတောင် အပျိုစင်ပဲဆိုတော့ ဘာ့ကြောင့်လဲဆိုတာ သိပါရစေ”

“ဒီလိုပါ… ပထမယူတဲ့ အမျိုးသားက သွေးတိုးရောဂါရှိတယ်၊ မင်္ဂလာဦင်္းညမှာ သူငယ်ချင်းတွေနဲ့

အပျော်လွန်ပြီး မူးလိုက်တာ ဦးနှောက်သွေးကြောပြတ်ပြီး သေပါလေရော”

“အော်…. ဒုတိယအိမ်ထောင်ကျတော့ရော…”

“ဒုတိယယူတဲ့ စစ်ဗိုလ်လေးက မင်္ဂလာဆောင်တဲ့နေ့ပဲ ရှေ့တန်းထွက်သွားတာ၊ ပြန်မလာတော့ဘူးလေ”

“အော်… နောက်ဆုံးတစ်ယောက်ရော… မင်္ဂလာဦးညမှာပဲ ကွဲသွားပြန်တာလား”

“ခုထိ ပေါင်းနေပါသေးတယ် ကွယ်”

“ဒါ… ဒါဆို ဘယ်လိုဖြစ်လို့ … ”

“သူက… ဖေ့စ်ဘုတ်ခရေဇီလေ၊ မင်္ဂလာဆောင်ပြီးကတည်းက ညဘက် ညဘက် မအိပ်တန်း ဖေ့စ်ဘုတ်ထဲချည်းပဲ ဝင်နေတာ၊

ခုထိ မမ အလှည့် မရောက်သေးဘူးကွယ်”

LEAVE A REPLY

Please enter your comment!
Please enter your name here