ဖေဖေမေမေတို့ မျက်ခုံးလှုပ်နေကြရမယ့် အနုပညာလောကထဲက သမီးချောချောလေးများ

2
views


ယွန်းဝတီလွင်မိုး


ပန်းရောင်ခြယ်


မြူလင်းကိုကို


ပိုပိုဟေသာ



Credit: We Love Cele

Unicodeဖြင့်ဖတ်ရန်

အနုပညာလောကမှာတော့ အနုပညာမျိုးဆက်လေးတွေက ဖေဖေ၊ မေမေတို့ရဲ့ အနုပညာသွေးတွေကိုစီးဆင်းစေပြီး လက်ဆင့်ကမ်းထိန်းသိမ်းသွားတဲ့သူလေးတွေပေါ့နော်။ ဖေဖေ၊မေမေတို့ ခေတ်မှာ ကျော်ကြားခဲ့တဲ့ နာမည်တွေကို သားသမီးတွေကလည်း ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ အနုပညာမျိုးဆက်သစ်လေးတွေ အများကြီးရှိပါတယ်။ ဒါ့အပြင် ဖေဖေ၊မေမေတို့ရဲ့ အလှအပတွေနဲ့ပါ ပေါင်းစပ်ပြီး မွေးဖွားလာကြတော့ ပရိသတ်တွေကလည်း ငယ်ငယ်လေးတည်းက ချစ်ခင်နေခဲ့ကြရတာပါ။ ခုဖော်ပြပေးမှာကတော့ ဖေဖေ၊ မေမေတို့ စိတ်မချနိုင်လောက်အောင် အရမ်းချစ်စရာကောင်း၊ အရမ်းလည်းလှပြီး အရမ်းတော်ကြတဲ့ အနုပညာမျိုးဆက်သစ်လေးတွေပါ။

ယွန်းဝတီလွင်မိုး

သူမကတော့ အကယ်ဒမီ မင်းသားကြီး လွင်မိုးရဲ့ သမီးဖြစ်ပြီးတော့ သူမရဲ့ ချစ်စရာကောင်းပြီး ပြုံးလိုက်တဲ့အပြုံးတွေက သူမရဲ့ပရိသတ်တွေကို အမှန်တကယ်ကြွေစေခဲ့ပါတယ်။ သူမကိုတော့ မြန်မာနိုင်ငံကယောက်ကျားလေးတော်တော်များများ နှစ်သက်ကြပြီး မိန်းကလေးတွေရဲ့ ချစ်ခင်အားကျမှုလေးတွေကိုလည်း ပိုင်ဆိုင်ထားရသူတစ်ယောက်ပါ။ လက်ရှိမှာတော့ သြစတေးလျမှာ ကျောင်းတက်လျှက်ရှိနေပြီး မြန်မာပြည်ပြန်ကို ပြန်ရောက်ရင်တော့ ဖခင်ရဲ့ အနုပညာအမွေကိုပဲ လက်ဆင့်ကမ်းယူမလားဆိုတာ ပရိသတ်ကြီးကလည်း သိချင်နေကြပါတယ်။

ပန်းရောင်ခြယ်

သူမကတော့ အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ ဂရေဟမ်ရဲ့ သမီးချောလေးတစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တကိုယ်တော်ခွေတစ်ခွေထွက်ရှိထားပြီး ပရိသတ်များရဲ့ချစ်ခင်အားပေးမှုကို လက်ခံရရှိနေသူလေးတစ်ဦးဖြစ်ပါတယ်။ ဆံနွယ်ရှည်ရှည်လေးနဲ့ ရိုးသားတဲ့မျက်နှာလေးကတကြောင်း ချိုသာနူးညံ့တဲ့အသံလေးတွေကြောင့် ပရိသတ်ကို ညှို့ယူဖမ်းစားထားနိုင်သူလေးလည်းဖြစ်ပါတယ်။

မြူလင်းကိုကို

သူမကတော့ သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ သမီးလေးတစ်ဦးဖြစ်ပြီး Australia မှာကျောင်းသွားတက်နေတာလည်းဖြစ်ပါတယ်။ မကြာသေးခင်ကမှ မိခင်နဲ့အတူတူ ကြော်ငြာရိုက်ကွင်းမှာတွေ့ရပြီး ကြော်ငြာတချို့ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ကိုရီးယားမင်းသမီးလေးအလားထင်မှတ်မှားရတဲ့ မြူလင်းကိုကိုကတော့ မိခင်ရဲ့ လှပခြင်းတွေကို အကုန်လုံးရရှိထားသူလေးလို့ဆိုရမှာပါ။ သူမဟာ ခုလက်ရှိမှာတော့ ကျောင်းတက်နေတာဖြစ်ပြီး နောက်ပိုင်းမှာတော့ အနုပညာလောကထဲကို ဝင်ရောက်လာမလားဆိုတာတော့ စိတ်ဝင်စားစရာလေးပါပဲနော်။

ပိုပိုဟေသာ

ပိုပိုဟေသာကတော့ မကြာသေးခင်ကမှချစ်တဲ့စိတ်ဆိုတဲ့ သီချင်းချိုချိုလေးနဲ့ ပရိသတ်တွေကြားထဲ အစွမ်းကုန်ပေါက်သွားတဲ့ သူလေးပါနော်။ သူမကတော့တေးရေးဇဝါရဲ့ သမီးလေးဖြစ်ပြီး ချစ်တဲ့စိတ်ဆိုတဲ့ သီချင်းကလည်း သူမရဲ့ ဖခင် ရေးစပ်ထားတဲ့သီချင်းလေးပဲဖြစ်ပါတယ်။ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာမကြာသေးပေမယ့်လည်း သူမရဲ့ ပထမဆုံးသီချင်းတစ်ပုဒ်ဟာ လူငယ်တွေရဲ့ပါးစပ်ဖျားမှာ တော်တော်လေးကိုရေပန်းစားခဲ့ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့စကားပြောပုံလေးတွေနဲ့ အသံလေးတွေကလည်း ပရိသတ်တွေကြား အသည်းစွဲခဲ့ရခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ပဲဖြစ်ပါတယ်။

ဒါကတော့ Admin အတွေးထဲက သမီးချောချောလေးတွေပေါ့နော်။ပရိသတ်ကြီးတို့ထဲက တွေးမိတဲ့သူတွေရှိရင်လည်း ပြောပြခဲ့လေနော်။

Credit: We Love Cele
SHARE Facebook
Twitter
Previous article
က​လေးငယ်​တစ်​ဦးအား အတန်းပြ ဆရာမ မှ လက်​သည်းဖြင့်​ အလွန်​အမင်းကုတ်​ဖဲ့သည့်အမှုဖြစ်ပွား

LEAVE A REPLY

Please enter your comment!
Please enter your name here