
2
views

“မင်္ဂလာ”
(အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ဌင်းကျူလင်စီ ရေသန့်ဘူး တစ်ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ်ဖျန်းပေးခြင်းဖြင့်ဌင်း မှိုမျိုးစေချထားသောနေရာများအားပက်ဖျန်းခြင်းဖြင့် အပင်များရှင်သန်ကြီးထွားစေသောမြေဩဇာကဲသို့အသုံးပြုနိုင်ပါသည်”’
Credit นาย นิพนธ์ ธรรม

Image may contain: outdoor

Image may contain: food

Image may contain: food

No automatic alt text available.

Image may contain: food

Image may contain: food

No automatic alt text available.

Image may contain: food

UNI
စားဝတ်နေရေးပြေလည်စေဖို့
တပိုင် တနိုင် တောင်ပို့ ”မှို”ဖောက်နည်း လေးကိုတင်ပြပေးမှာဖြစ်ပါတယ်
ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သား အားလုံး တပိုင်တစ်နိုင်လုပ်ကိုင်နိုင်သလို မြေဧကအနည်းရှိသူတွေအတွက်လည်းစီးပွာဖြစ်ထုပ်လုပ်ရောင်ချနိုင်ပါတယ် ယနေ့မှိုတစ်ပိဿာဈေးဟာလည်း၁ သောင်းကျော်နေတာမို့မက်လောက်စရာဖြစ်ပါတယ်”အရေးကြီးတာက နည်းသိဖို့ပါဘဲ ..သဘာဝနည်းဖြစ်တာကြောင့်ဓာတုဗေဒဆေးဝါးကင်းတာကြောင့် စားသုံးသူများအန္တရယ်မရှိယုံသာမက အနံအရသာဟာလည်းသဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပါ
နည်းမှာ ပါဝင်ပစ္စည်း ၃ မျိုးသာရှိပြီးမိမိပတ်ဝန်းကျင်မှာအလွယ်တစ်ကူရှာဖွေရလွယ်ပါတယ်
၁-ခြတောင်ပို့ အတွင်းပိုင်းမှမြေသား ၂၀ သားခန့်
၂-ထမင်းဖြူ ၆၅ ကျပ်သား(တစ်ကီလို)
၃ရေ၂လီတာ(ရေသန့်ဗူး၂ဘူး)တို့ဘဲဖြစ်ပါတယ်
*ပထမဦးစွာ တောင်ပို့မြေ နဲ့ ထမင်းဖြူ တို့ကိုဇလုံတစ်ခုထဲမှာရောထည့်ပြီး သမအောင်မွှေပေးရပါမယ်
ထို့နောက် ရေ ကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ဘူးစာကုန်တဲ့အထိ မွှေပေးရပါမယ်
ပြီးနောက် ထိုဇလုံကိုနေရောင်ခြည်တိုက်ရိုက်မကျတဲနေရာ မပူလွန်းမအေးလွမ်တဲ့နေရာမှာ ၇ ရက်ခန့်ထားရပါမယ် ထိုအတောအတွင်းဇလုံကိုရွှေ့ပြောင်းခြင်းမပြုဘဲငြိမ်သက်စွာထာရမှာပါ
၇ ရက်ကျော်တဲအခါ ဇလုံ ရဲ့မျက်နှာပြင်ပေါ်မှာအမြှပ်အဖက်ဖြူဖြူမဲမဲများတက်လာတာကိုတွေ့ရပါမယ် အဲဒါဟာ မှို ဖောက်ဖို့ ကျူလ္လင်စီ တွေဘဲဖြစ်ပါတယ်(တနည်းအားဖြင့် မှို မျိုးစေ့တွေဘဲဖြစ်ပါတယ်)
“မင်္ဂလာ”
စိုက်ပျိုးရေးနှင့်အထွေထွေဗဟုသုတ အမြဲတင်ပေးတဲ့Page လေးဖြစ်ပါတယ်Pageကိုlike&See First လုပ်ထားဖို့ မမေ့နဲ့နော်
ထိုမှို မျိုးများအားခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ ကောက်ရိုးဆွေး ပုံ သစ်ပင်အောက်ရှိမြေဆွေး တွေအပေါ်နှံစပ်အောင်ချထားပေးပြီးထားရပါမယ် မှိုမျိုးစေ့များချထားသောနေရာအား ၇/၈ ရက်တစ်ကြိမ်ရေစိုရုံသာဖျန်းပေးရုံဖြင့် အနံ့အရသာနှင့်ပြည်စုံတဲ့တောင်ပို့ မှို တနည်း ကောက်ရရိုးမှိုတို့ကို လွယိကူစွာ ဆိက်ခူး စားသုံးနိုင်ပြီးပိုလျှံပါကရောင်းချ၍ဝင်ငွေတိုးစေမှာပါ…
အိမ်တွင်းတိုက်တန်ူကွန်ဒိုနေသူများအဖို့ ပန်းအိုးများအတွင်းမြေဆွေး”ထည့်၍စိုက်ပျိုးနိုင်ပါတယ်”
(အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ဌင်းကျူလင်စီ ရေသန့်ဘူး တစ်ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ်ဖျန်းပေးခြင်းဖြင့်ဌင်း မှိုမျိူးစေချထားသောနေရာများအားပက်ဖျန်းခြင်းဖြင့် အပင်များရှင်သန်ကြီးထွားစေသောမြေဩဇာကဲသို့အသုံးပြုနိုင်ပါသည်”’
စားဝတ်နေရေးပြေလည်စေသောဝ်
Credit นาย นิพนธ์ ธรรม

LEAVE A REPLY

Please enter your comment!
Please enter your name here