၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလ ၇ ရက္ မုန္တိုင္းငယ္သတင္း

4
views

ရက္စြဲ။ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလ ၇ ရက္
မုန္တိုင္းငယ္သတင္း
(၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလ (၇)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္(၀၇:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္)

မုန္တိုင္းငယ္သတင္း အမွတ္စဥ္(၀၃)၊၂၀၁၇

မုန္တိုင္းငယ္အေျခအေန

(က) ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္(Depression)သည္ ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ အိႏၵိယႏိုင္ငံ၊ မာခ်ီလီပတၱနမ္ၿမိဳ႕၏ အေရွ႕-အေရွ႕ေတာင္ဘက္ မိုင္ (၅၄၀)ခန္႔၊ ဂိုပါလ္ပူၿမိဳ႕၏ ေတာင္-အေရွ႕ေတာင္ဘက္ မိုင္(၅၈၀)ခန္႔အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနၿပီး၊ ေျမာက္-အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားမည္ဟု ခန္႔မွန္းရပါသည္။
(ခ) မုန္တိုင္းငယ္၏လက္ရွိအေျခအေနမွာ ျမန္မာ့ကမ္း႐ိုးတန္းသို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခ အေနမရွိပါသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ပါသည္။
မုန္တိုင္းငယ္၏တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏႈန္း
(က) အဆိုပါမုန္တိုင္းငယ္သည္ ျမန္မာစံေတာ္ခ်ိန္(၀၆:၃၀)နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ (၁၀.၀) ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၈၈.၀)ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၁၀၀၄)ဟက္တိုပါ စကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလၽွင္ မိုင္(၃၀)ႏႈန္း ျဖစ္ပါသည္။
ေနာက္(၃၆)နာရီအတြင္းခန္႔မွန္းခ်က္
(က) အဆိုပါမုန္တိုင္းငယ္သည္ ေျမာက္-အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားေနၿပီး၊ အိႏၵိယႏိုင္ငံ၊ အင္ဒရာပရာေဒ့ရွ္ေျမာက္ပိုင္းကမ္းေျခအနီးႏွင့္ ၾသရိႆေတာင္ပိုင္းကမ္းေျခ အနီးသို႔ ေရာက္ရွိမည္ဟု ခန္႔မွန္းရပါသည္။
(ခ) အဆိုပါမုန္တိုင္းငယ္၏အရွိန္ေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ပဲခူးတိုင္းေဒသ ႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္၊ ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္း ေဒသႀကီးႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါသည္။
(ဂ) ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္း မ်ား က်ေရာက္ၿပီး လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီ လၽွင္ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမစ္ဝကၽြန္းေပၚ၊ မုတၱမေကြ႕ႏွင့္ ရခိုင္ကမ္း႐ိုးတန္းတစ္ေလၽွာက္တို႔တြင္ (၈)ေပမွ (၁၂)ေပခန္႔၊ တနသၤာရီကမ္း႐ိုးတန္းတစ္ေလၽွာက္ တြင္ (၆)ေပမွ (၁၀)ေပခန္႔ ရွိႏိုင္ပါသည္။

အႀကံျပဳခ်က္
(က) သို႔ျဖစ္ပါ၍ မိဘျပည္သူမ်ားအေနျဖင့္ အခ်ိန္အခါမဟုတ္ မိုး႐ြာျခင္း၊ ေလျပင္းတိုက္ခတ္ျခင္းမ်ား ျဖစ္ေပၚႏိုင္ပါသျဖင့္ ႀကိဳတင္သတိျပဳ ေနထိုင္ၾကပါရန္ႏွင့္ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳႏိုင္ပါရန္ အႀကံျပဳအပ္ပါသည္။

#မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန

Unicode Version

ရက်စွဲ။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်
မုန်တိုင်းငယ်သတင်း
(၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃)၊၂၀၁၇

မုန်တိုင်းငယ်အခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ မာချီလီပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင် (၅၄၀)ခန့်၊ ဂိုပါလ်ပူမြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၅၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး၊ မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေ အနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၀.ဝ) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်း ဖြစ်ပါသည်။
နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်
(က) အဆိုပါမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေအနီးနှင့် သြရိဿတောင်ပိုင်းကမ်းခြေ အနီးသို့ ရောက်ရှိမည်ဟု ခန့်မှန်းရပါသည်။
(ခ) အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။
(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တို့တွင် (၈)ပေမှ (၁၂)ပေခန့်၊ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် တွင် (၆)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်
(က) သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

LEAVE A REPLY

Please enter your comment!
Please enter your name here