ဘုန္းျကီးအမူ ့fb ထဲမွာကမ႓ာပါတ္ ဘုန္းျကီး နွစ္ဦးရဲ့ ဘီယာဆိုင္ထဲမွ ရန္ပြဲအရႈပ္အေထြးမ်ား

3
views

ဘုန္းျကီးအမူ ့fb ထဲမွာကမ႓ာပါတ္
ဘုန္းျကီး နွစ္ဦးရဲ့ ဘီယာဆိုင္ထဲမွ
ရန္ပြဲအရႈပ္အေထြးမ်ား

“ဘုန္းႀကီးနဲ႔အရက္ဆိုင္အမႈနဲ႔ မ်က္မျမင္ ပုဏၰားႏွင့္တူေသာ
မီဒီယာသမားမ်ား”


ေထာက္ၾကံ ဘီယာဆိုင္က ဗြီဒီယိုအပိုင္းအစေလး
လိုင္းေပၚစျပန္႔ႏွံ႔လာေတာ့အရပ္ထဲမွာအမ်ိဳးမ်ိဳးေျပာၾက.. အရက္ဆိုင္ထဲဝင္တဲ့ဘုန္းႀကီးကို႐ိုက္တာ မွန္တယ္ မမွန္ဘူး မသင့္ေတာ္ဘူးေပါ့ .. သာသနာအေရး ဘာသာအေရးေတြပါ
ပါလာေတာ့ အုပ္ေအာ္ေသာင္းနင္းျဖစ္ကုန္ေရာ။

သတင္းေထာက္ေတြက ရဲနဲ႔ရပ္ကြက္ကလူေတြကိုသြားေမးၿပီး အရက္ဝင္ဝယ္တဲ့ဘုန္းႀကီးအဆိုးလို႔ သူ႔ထက္ငါဦးေအာင္သတင္းေရးၾကတယ္..

မၾကာပါဘူး ပုသိမ္သံဃနာယကဆရာေတာ္ႀကီးအပါအဝင္ ရမ္းၿဗဲၿမိဳနယ္အသင္းလိုလူပုဂၢိဳလ္ေတြကေရာ အဲဒီကိုယ္ေတာ္ကပါ သတင္းစာရွင္းလင္းပြဲလုပ္ေတာ့. အဲဒီမွာေျပာသမွ်ကိုဘဲ ကိုးကားၿပီးသတင္းေရးၾကျပန္ပါေရာ ..
၁ ပူးလို သတင္းဌါနႀကီးေတြကပါ FB မွာ Live လႊင့္ေပးတာေတြရွိေတာ့ သတင္းေတြထဲမွာ.. အရက္ဆိုင္ပိုင္ရွင္နဲ႔ထိုးႀကိတ္တဲ့သူေတြရဲ႕အဆိုးလံုးလံုးျဖစ္သြားတယ္.. ေငြ ၅ သိန္းေပ်ာက္မႈပါအဆစ္တိုးလာတယ္ .. ဂ႐ုဏာသက္စရာသိကၡာရကိုယ္ေတာ္ႀကီးအျဖစ္လဲသတင္းေတြမွာ ပံုေဖၚၾကတယ္ ..

တာဝန္ယူရွင္းလင္းေပးတဲ့ဆရာေတာ္ႀကီးေတြနဲ႔ လူပုဂၢိဳလ္ေတြရဲ႕ဂုဏ္သိကၡာေတြကိုၾကည့္ၾကတာကိုး .. ဒီသတင္းေတြေၾကာင့္ NLD ပါတီေတာင္မေနႏိုင္ေတာ့ဘူး ကိုယ္ေတာ္ကို သတင္းေမးလႈဒါန္းရတဲ့အဆင့္ေရာက္လာတယ္.။

… အခုေထာက္ၾကန္႔ သံဃာနာယက ဥကၠဌ ႏြယ္ေခြဆရာေတာ္ ဆီက ဒီကိုယ္ေတာ္ကိုသက္ၫွာတဲ့အေနနဲ႔ ခံဝန္ခ်က္ေလွ်ာ့ေလွ်ာ့ေပါ့ေပါ့လုပ္ေပးလိုက္တာပါ ..
ဒီကိုယ္ေတာ္ဟာ တကယ္အရက္ဝင္ဝယ္ခဲ့တာပါ..
သူကစၿပီးေတာင္ေဝွးနဲ႔႐ိုက္တာပါ.. ကေမ႓ာဇဘဏ္မွာေငြလာအပ္တာလဲမဟုတ္ပါဘူးလို႔
ဆရာေတာ္နဲ႔ အင္တာဗ်ဴးမွာ ယတိျပတ္ေျပာခဲ့တယ္

အစက ၿမိဳ႕နယ္သံဃနာယက ဆရာေတာ္ႀကီးေတြက
ဘာမွ ဝင္မေျပာပဲ ၿငိမ္ေနေပမယ့္ ႏြယ္ေခြဆရာေတာ္ အေနနဲ႔
ခုလို အျဖစ္မွန္ကို သိေအာင္ ေျပာရတာကလည္း
တဖက္က ၿမိဳ႕နယ္မဟန ဆရာေတာ္ႀကီးေတြက ဖိအားေပးလို႔ အရက္မေသာက္ပဲ ေသာက္ပါတယ္လို႔
ခံဝန္လက္မွတ္ ထိုးေပးခဲ့ရတယ္လို႔ မုသားသံုး ၿပီး
သတင္းစာရွင္းလင္းပြဲ လုပ္လာတဲ့အတြက္ အျဖစ္မွန္ကို
ထုတ္ေျပာရတာျဖစ္တယ္လို႔ မိန္႔ၾကားခဲ့ပါတယ္။

အရက္လာဝယ္လို႔ အ႐ိုက္ခံရတာကလည္း ဘုန္းႀကီး
သဃၤန္းဝတ္ႀကီးနဲ႔ အရက္လာေသာက္ရပါ့မလားလို႔
႐ိုက္တာကလည္း ဘုန္းႀကီး၊ အဲဒါကို အရက္လာဝယ္တာ မဟုတ္ပါဘူးလို႔ ျငင္းၾကတာကလည္း ဘုန္းႀကီး၊
အရက္လာဝယ္လို႔ ျဖစ္ၾကတာပါလို႔ ထုတ္ေဖာ္တာကလည္း
ဘုန္းႀကီး၊ သံဃာႏွစ္စုရဲ႕ ဒီသတင္းႏွစ္ခုၾကားမွာ တဖက္ဖက္က အမွန္ျဖစ္ေနရမယ္။

ဘုန္းႀကီးက အရက္လာဝယ္တာ မဟုတ္ပဲ ဖိအားေပးၿပီး
လက္မွတ္ထိုးခိုင္းတဲ့အျပင္ ထပ္ၿပီး အရက္လာဝယ္ပါတယ္လို႔ ၿမိဳ႕နယ္မဟနဘက္က
လိမ္ညာခဲ့တာလား၊ ဒါမွမဟုတ္ အရက္လာဝယ္တာ မဟုတ္ပါဘူးလို႔ သတင္းစာရွင္းလင္းပြဲ လုပ္ခဲ့တဲ့
ဆရာေတာ္ သံဃာေတာ္ေတြကပဲ လိမ္ညာခဲ့ၾကတာလား
တဖက္ဖက္ကေတာ့ လိမ္ညာေနၾကတာ က်ိန္းေသေနတယ္

ဒီသတင္းဟာ ခုလိုအေျခအေနမွာ ဖံုးကြယ္ေနလို႔မွ
မရေတာ့ပဲ။ သာသနာကိုေရာ သံဃာေတာ္ေတြရဲ႕ ပံုရိပ္ကိုပါ
မထိခိုက္ေအာင္ ဖံုးဖိေပးလို႔လည္း မရမွ မရေတာ့ပဲ။ တဖက္ကို ဖံုးရင္ တဖက္ဖက္က လံုးဝ ထိခိုက္မွာ
အေသအခ်ာပါပဲ။

ဒီမွာတင္ ႏွစ္ဖက္ သံဃာေတြၾကားမွာ ေမးခြန္းထုတ္စရာ ျဖစ္လာပါၿပီ။ ဘုရားသားေတာ္ေတြ ပီပီ အမွန္တရားကိုပဲ
ေစာင့္ထိန္းၾကမွာလား၊ သံဃာထုပံုရိပ္မထိခိုက္ေအာင္
အမွားမွန္းသိရဲ႕နဲ႔ လိမ္ညာဖာေထးေနရတဲ့ ကံတစ္ပါးကို
ဆက္လက္က်ဴးလြန္ၾကမွာလား။ မွားတဲ့ဘက္က
ဆက္မတိုးသင့္ေတာ့ပဲ လံုးဝ ရပ္လိုက္သင့္ပါၿပီ။
ဘုရားသားေတာ္ သံဃာေတာ္ေတြ
ျဖစ္ေနတဲ့အတြက္ေၾကာင့္ပါ။ ဆက္မွားေနေလ ဘာသာ သာသနာအတြက္ ပိုအရွက္ရစရာ ျဖစ္လာေလပဲ ရွိပါ့မယ္။

ဒီေနရာမွာ မီဒီယာေတြရဲ႕ ဂ႑က အေရးပါပါတယ္။
ျဖစ္စဥ္ကို ျပည္သူလူထုေရာ သံဃာထုကပါ အမွန္သိေအာင္
ဂဃဏန စံုစမ္းေဖာ္ထုတ္ၿပီး ခ်ျပသင့္ပါၿပီ။ ခုလက္ရွိမွာ
မီဒီယာေတြက မ်က္မျမင္ပုဏၰား ၆ ေယာက္ ဆင္ကိုစမ္းၿပီး
တစ္ေယာက္တေပါက္ ကိုယ္ကိုင္မိတဲ့ဘက္က အေၾကာင္း
ပဲ ေရးေနေျပာေနသလို ျဖစ္ေနပါတယ္။ သတင္းမွန္ကို
ရဖို႔ ကိုယ္စြမ္းဉာဏ္စြမ္းနဲ႔ လိုက္တဲ့မီဒီယာ ရွားပါတယ္။
မီဒီယာေတြ မီဒီယာတာဝန္ ေက်ၾကပါ။ အမွန္တရားကို
ျပည္သူလူထုသိေအာင္ တာဝန္ယူၿပီး ခ်ျပေပးႏိုင္ဖို႔
ႀကိဳးစားေပးၾကပါလို႔ တိုက္တြန္းလိုက္ပါတယ္။

ကို သန္းလြင္ထြန္း ပိုစ့္မွ စာသားအခ်ဳိ႕အတြက္
Credit ေပးပါသည္။

ZN.H

ျပန္လည္ကူးယူေဖာ္ျပျခင္းျဖစ္ပါသည္။

Unicode

ဘုန်းကြီးအမူ့fb ထဲမှာကမ္ဘာပါတ်
ဘုန်းကြီး နှစ်ဦးရဲ့ ဘီယာဆိုင်ထဲမှ
ရန်ပွဲအရှုပ်အထွေးများ

“ဘုန်းကြီးနဲ့အရက်ဆိုင်အမှုနဲ့ မျက်မမြင် ပုဏ္ဏားနှင့်တူသော
မီဒီယာသမားများ”


ထောက်ကြံ ဘီယာဆိုင်က ဗွီဒီယိုအပိုင်းအစလေး
လိုင်းပေါ်စပြန့်နှံ့လာတော့အရပ်ထဲမှာအမျိုးမျိုးပြောကြ.. အရက်ဆိုင်ထဲဝင်တဲ့ဘုန်းကြီးကိုရိုက်တာ မှန်တယ် မမှန်ဘူး မသင့်တော်ဘူးပေါ့ .. သာသနာအရေး ဘာသာအရေးတွေပါ
ပါလာတော့ အုပ်အော်သောင်းနင်းဖြစ်ကုန်ရော။

သတင်းထောက်တွေက ရဲနဲ့ရပ်ကွက်ကလူတွေကိုသွားမေးပြီး အရက်ဝင်ဝယ်တဲ့ဘုန်းကြီးအဆိုးလို့ သူ့ထက်ငါဦးအောင်သတင်းရေးကြတယ်..

မကြာပါဘူး ပုသိမ်သံဃနာယကဆရာတော်ကြီးအပါအဝင် ရမ်းဗြဲမြိုနယ်အသင်းလိုလူပုဂ္ဂိုလ်တွေကရော အဲဒီကိုယ်တော်ကပါ သတင်းစာရှင်းလင်းပွဲလုပ်တော့. အဲဒီမှာပြောသမျှကိုဘဲ ကိုးကားပြီးသတင်းရေးကြပြန်ပါရော ..
၁ ပူးလို သတင်းဌါနကြီးတွေကပါ FB မှာ Live လွှင့်ပေးတာတွေရှိတော့ သတင်းတွေထဲမှာ.. အရက်ဆိုင်ပိုင်ရှင်နဲ့ထိုးကြိတ်တဲ့သူတွေရဲ့အဆိုးလုံးလုံးဖြစ်သွားတယ်.. ငွေ ၅ သိန်းပျောက်မှုပါအဆစ်တိုးလာတယ် .. ဂရုဏာသက်စရာသိက္ခာရကိုယ်တော်ကြီးအဖြစ်လဲသတင်းတွေမှာ ပုံဖေါ်ကြတယ် ..

တာဝန်ယူရှင်းလင်းပေးတဲ့ဆရာတော်ကြီးတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ဂုဏ်သိက္ခာတွေကိုကြည့်ကြတာကိုး .. ဒီသတင်းတွေကြောင့် NLD ပါတီတောင်မနေနိုင်တော့ဘူး ကိုယ်တော်ကို သတင်းမေးလှုဒါန်းရတဲ့အဆင့်ရောက်လာတယ်.။

… အခုထောက်ကြန့် သံဃာနာယက ဥက္ကဌ နွယ်ခွေဆရာတော် ဆီက ဒီကိုယ်တော်ကိုသက်ညှာတဲ့အနေနဲ့ ခံဝန်ချက်လျှော့လျှော့ပေါ့ပေါ့လုပ်ပေးလိုက်တာပါ ..
ဒီကိုယ်တော်ဟာ တကယ်အရက်ဝင်ဝယ်ခဲ့တာပါ..
သူကစပြီးတောင်ဝှေးနဲ့ရိုက်တာပါ.. ကမ္ဘောဇဘဏ်မှာငွေလာအပ်တာလဲမဟုတ်ပါဘူးလို့
ဆရာတော်နဲ့ အင်တာဗျူးမှာ ယတိပြတ်ပြောခဲ့တယ်

အစက မြို့နယ်သံဃနာယက ဆရာတော်ကြီးတွေက
ဘာမှ ဝင်မပြောပဲ ငြိမ်နေပေမယ့် နွယ်ခွေဆရာတော် အနေနဲ့
ခုလို အဖြစ်မှန်ကို သိအောင် ပြောရတာကလည်း
တဖက်က မြို့နယ်မဟန ဆရာတော်ကြီးတွေက ဖိအားပေးလို့ အရက်မသောက်ပဲ သောက်ပါတယ်လို့
ခံဝန်လက်မှတ် ထိုးပေးခဲ့ရတယ်လို့ မုသားသုံး ပြီး
သတင်းစာရှင်းလင်းပွဲ လုပ်လာတဲ့အတွက် အဖြစ်မှန်ကို
ထုတ်ပြောရတာ ဖြစ်တယ်လို့ မိန့်ကြားခဲ့ပါတယ်။

အရက်လာဝယ်လို့ အရိုက်ခံရတာကလည်း ဘုန်းကြီး
သင်္ဃန်းဝတ်ကြီးနဲ့ အရက်လာသောက်ရပါ့မလားလို့
ရိုက်တာကလည်း ဘုန်းကြီး၊ အဲဒါကို အရက်လာဝယ်တာ မဟုတ်ပါဘူးလို့ ငြင်းကြတာကလည်း ဘုန်းကြီး၊
အရက်လာဝယ်လို့ ဖြစ်ကြတာပါလို့ ထုတ်ဖော်တာကလည်း
ဘုန်းကြီး၊ သံဃာနှစ်စုရဲ့ ဒီသတင်းနှစ်ခုကြားမှာ တဖက်ဖက်က အမှန်ဖြစ်နေရမယ်။

ဘုန်းကြီးက အရက်လာဝယ်တာ မဟုတ်ပဲ ဖိအားပေးပြီး
လက်မှတ်ထိုးခိုင်းတဲ့အပြင် ထပ်ပြီး အရက်လာဝယ်ပါတယ်လို့ မြို့နယ်မဟနဘက်က
လိမ်ညာခဲ့တာလား၊ ဒါမှမဟုတ် အရက်လာဝယ်တာ မဟုတ်ပါဘူးလို့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တဲ့
ဆရာတော် သံဃာတော်တွေကပဲ လိမ်ညာခဲ့ကြတာလား
တဖက်ဖက်ကတော့ လိမ်ညာနေကြတာ ကျိန်းသေနေတယ်

ဒီသတင်းဟာ ခုလိုအခြေအနေမှာ ဖုံးကွယ်နေလို့မှ
မရတော့ပဲ။ သာသနာကိုရော သံဃာတော်တွေရဲ့ ပုံရိပ်ကိုပါ
မထိခိုက်အောင် ဖုံးဖိပေးလို့လည်း မရမှ မရတော့ပဲ။ တဖက်ကို ဖုံးရင် တဖက်ဖက်က လုံးဝ ထိခိုက်မှာ
အသေအချာပါပဲ။

ဒီမှာတင် နှစ်ဖက် သံဃာတွေကြားမှာ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။ ဘုရားသားတော်တွေ ပီပီ အမှန်တရားကိုပဲ
စောင့်ထိန်းကြမှာလား၊ သံဃာထုပုံရိပ်မထိခိုက်အောင်
အမှားမှန်းသိရဲ့နဲ့ လိမ်ညာဖာထေးနေရတဲ့ ကံတစ်ပါးကို
ဆက်လက်ကျူးလွန်ကြမှာလား။ မှားတဲ့ဘက်က
ဆက်မတိုးသင့်တော့ပဲ လုံးဝ ရပ်လိုက်သင့်ပါပြီ။
ဘုရားသားတော် သံဃာတော်တွေ
ဖြစ်နေတဲ့အတွက်ကြောင့်ပါ။ ဆက်မှားနေလေ ဘာသာ သာသနာအတွက် ပိုအရှက်ရစရာ ဖြစ်လာလေပဲ ရှိပါ့မယ်။

ဒီနေရာမှာ မီဒီယာတွေရဲ့ ဂဏ္ဍက အရေးပါပါတယ်။
ဖြစ်စဉ်ကို ပြည်သူလူထုရော သံဃာထုကပါ အမှန်သိအောင်
ဂဃဏန စုံစမ်းဖော်ထုတ်ပြီး ချပြသင့်ပါပြီ။ ခုလက်ရှိမှာ
မီဒီယာတွေက မျက်မမြင်ပုဏ္ဏား ၆ ယောက် ဆင်ကိုစမ်းပြီး
တစ်ယောက်တပေါက် ကိုယ်ကိုင်မိတဲ့ဘက်က အကြောင်း
ပဲ ရေးနေပြောနေသလို ဖြစ်နေပါတယ်။ သတင်းမှန်ကို
ရဖို့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ လိုက်တဲ့မီဒီယာ ရှားပါတယ်။
မီဒီယာတွေ မီဒီယာတာဝန် ကျေကြပါ။ အမှန်တရားကို
ပြည်သူလူထုသိအောင် တာဝန်ယူပြီး ချပြပေးနိုင်ဖို့
ကြိုးစားပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ကို သန်းလွင်ထွန်း ပိုစ့်မှ စာသားအချို့အတွက်
Credit ပေးပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here