ပိုက္ဆံ ၁၅၀၀၀ မေပး၍ သမီး ျဖစ္သူက အေမကို သတ္မႈျဖစ္ပြား

2
views

ဧရာဝတီတိုင္းေဒသႀကီး၊ အိုးပုတ္ကုန္းအုပ္စု၊ ထန္ပင္ကုန္းရြာတြင္ ပိုက္ဆံ ေတာင္းရာ မေပးလို႔ သမီးျဖစ္သူက မိခင္ကို လည္ပင္းညႇစ္သတ္မႈ နိဝင္ဘာ၂၅ ရက္က ျဖစ္ပြားခဲ့ပါတယ္။

ေဒၚသန္း ၇၃ ႏွစ္ကို သမီးျဖစ္သူ အသက္ ၃၈ ႏွစ္ရွိ ေဒၚစန္းစန္းေဌး က ေငြ ၁၅၀၀၀ က်ပ္ေပး ရန္ေတာင္းရာ မိခင္ျဖစ္သူက မေပးလို႔ လည္ပင္းညႇစ္သတ္ခဲ့ၿပီး အေလာင္းကို တရားခံ ေဒၚစန္းစန္းေဌးက တိပ္ေတြနဲ႔ပတ္ၿပီး ေနအိမ္ အေနာက္ဘက္က အိမ္သာက်င္းပ်က္ထဲကို ခ်ၿပီး ဝါးရြက္ေတြနဲ႔ ဖုံးအုပ္ ထားခဲ့ပါတယ္။

ေနအိမ္နံေဘးက ဦးဝင္းေမာင္က ပုတ္ေဆာ္နံလို႔ ဆယ္အိမ္မႉးနဲ႔ ရာအိမ္မႉးတို႔ကိုအေၾကာင္းၾကားၿပီး ရွာေဖြခဲ့ရာ အသံုးမျပဳေတာ့တဲ့ အိမ္သာက်ဥ္းထဲမွာ မသကၤာစရာ အထုပ္တထုပ္ေတြ႔လို႔ ျမန္ေအာင္ၿမိဳ႕မစခန္းကို အေၾကာင္းၾကားခဲ့ၿပီး ရဲစခန္းက အေလာင္းကို စစ္ေဆးၿပီး တရားခံဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ခဲ့ပါတယ္။

တရားခံ ေဒၚစန္းစန္းေဌးကို ပဲခူးတိုင္း၊ မိုးညိဳၿမိဳ႕နယ္မွာ ဖမ္းဆီးရမိခဲ့ၿပီး ျမန္ေအာင္ၿမိဳ႕မ စခန္းက (ပ) ၃၇/၂၀၁၇၊ ရာဇာသတ္ႀကီးဥပေဒ ပုဒ္မ-၃၀၂/၂၀၁ အရ အမႈဖြင့္ဖမ္းဆီးစစ္ေဆးေနေၾကာင္း ဒီဗီြဘီ ကို ေျပာပါတယ္။

Credit: lwinpyin

ဧရာဝတီတိုင်းဒေသကြီး၊ အိုးပုတ်ကုန်းအုပ်စု၊ ထန်ပင်ကုန်းရွာတွင် ပိုက်ဆံ တောင်းရာ မပေးလို့ သမီးဖြစ်သူက မိခင်ကို လည်ပင်းညှစ်သတ်မှု နိဝင်ဘာ၂၅ ရက်က ဖြစ်ပွားခဲ့ပါတယ်။

ဒေါ်သန်း ၇၃ နှစ်ကို သမီးဖြစ်သူ အသက် ၃၈ နှစ်ရှိ ဒေါ်စန်းစန်းဌေး က ငွေ ၁၅၀ဝ၀ ကျပ်ပေး ရန်တောင်းရာ မိခင်ဖြစ်သူက မပေးလို့ လည်ပင်းညှစ်သတ်ခဲ့ပြီး အလောင်းကို တရားခံ ဒေါ်စန်းစန်းဌေးက တိပ်တွေနဲ့ပတ်ပြီး နေအိမ် အနောက်ဘက်က အိမ်သာကျင်းပျက်ထဲကို ချပြီး ဝါးရွက်တွေနဲ့ ဖုံးအုပ် ထားခဲ့ပါတယ်။

နေအိမ်နံဘေးက ဦးဝင်းမောင်က ပုတ်ဆော်နံလို့ ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးတို့ကိုအကြောင်းကြားပြီး ရှာဖွေခဲ့ရာ အသုံးမပြုတော့တဲ့ အိမ်သာကျဉ်းထဲမှာ မသင်္ကာစရာ အထုပ်တထုပ်တွေ့လို့ မြန်အောင်မြို့မစခန်းကို အကြောင်းကြားခဲ့ပြီး ရဲစခန်းက အလောင်းကို စစ်ဆေးပြီး တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်။

တရားခံ ဒေါ်စန်းစန်းဌေးကို ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပြီး မြန်အောင်မြို့မ စခန်းက (ပ) ၃၇/၂၀၁၇၊ ရာဇာသတ်ကြီးဥပဒေ ပုဒ်မ-၃၀၂/၂၀၁ အရ အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေကြောင်း ဒီဗွီဘီ ကို ပြောပါတယ်။

Credit: lwinpyin

LEAVE A REPLY

Please enter your comment!
Please enter your name here