“အမေနဲ့ အဖေ ရန်မဖြစ်နဲ့တော့နော်၊ သမီးစိတ်ညစ်လာပြီ” ဆိုတာတွေ သမီးလေးက ပြောခဲ့တယ် ဆိုတဲ့ ချမ်းချမ်း

20
views

အဆိုတော် ချမ်းချမ်းက ခင်ပွန်းဖြစ်သူ ဘုဏ်းသိုက်နဲ့ ပြတ်စဲနေပြီး ဒီနေ့ အင်တာဗျူးတစ်ခုမှာတော့ သမီးလေးရဲ့ စိတ်အကြောင်းကိုြေေပြောပြလာပါတယ်။






Credit: Pannpwint

Unicode

အဆိုတော် ချမ်းချမ်းက ခင်ပွန်းဖြစ်သူ ဘုဏ်းသိုက်နဲ့ ပြတ်စဲနေပြီး ဒီနေ့ အင်တာဗျူးတစ်ခုမှာတော့ သမီးလေးရဲ့ စိတ်အကြောင်းကို ပြောပြလာပါတယ်။

ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က ကြေးမုံသတင်းစာပါ ကွာရှင်းကြေညာချက်နဲ့အတူ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးအကြောင်းကို လူစိတ်ဝင်စားမှု များခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ (ဒီဇင်ဘာလ ၁ ရက်) မှာတော့ တေးသီချင်းခွေအသစ်ကို မိတ်ဆက်ရင်း ချမ်းချမ်းက သူမရဲ့ သမီးလေး မြမိုးင်္ဂါရဲ့ စိတ်နေစိတ်ထားလေးကို ပြောပြလာတာ ဖြစ်ပါတယ်။

“သူက လူကြီးလေးဆန်တယ်၊ သူကလည်း ပြန်ပြီး နှစ်သိမ့်တာပေါ့နော်၊ အမေနဲ့အဖေ ရန်မဖြစ်နဲ့တော့နော်၊ ကောင်းလည်းမကောင်းဘူး ဒါတွေက၊ အမေ ဖေဖေ ဘယ်တော့ပြန်လာမှာလဲ၊ မေမေက ဘယ်သွားမှာလည်း သမီးကို မထားခဲ့နဲ့နော်” လို့ သမီးလေးက ပြောခဲ့ဖူးကြောင်း ချမ်းချမ်းက ပြောသည်။

တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတည်ဆောက်နိုင်မယ်၊ ဖြေချင်းချက်နဲ့ ကတိရမယ်ဆိုရင်တော့ အိမ်ထောင်ရေးကို ရှေ့ဆက်သွားဖို့ ချမ်ချမ်းက ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

Photos©Chan Chan,Mya Moe Ginga,Bone Thaik

Credit: Pannpwint