တႏိုင္းမွာ တပ္မေတာ္နဲ႔ KIA စစ္ေရးတင္းမာေန

3
views

ကခ်င္ျပည္နယ္ တႏိုင္းၿမိဳ႕နယ္အတြင္းမွာ ျမန္မာ့တပ္မေတာ္နဲ႔ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA တုိ႔ အခုရက္ပိုင္းအတြင္းမွာ တိုက္ပြဲေတြ ျဖစ္ပြားေနၿပီး စစ္ေရးတင္းမာမႈေတြ ဆက္လက္ျဖစ္ေပၚေနတယ္လို႔ KIA ျပန္ၾကားေရးတာ၀န္ခံ ဒုတိယ ဗိုလ္မွဴးႀကီးေနာ္ဘူ က ေျပာပါတယ္။

တပ္မေတာ္ဘက္က ထိုးစစ္ဆင္တာေတြ ျပန္မရုပ္ေသးတဲ့အတြက္ စစ္ေရးက တင္းမာေနတာျဖစ္တယ္လုိ႔ KIA ျပန္ၾကားေရးတာ၀န္ခံ ဒုတိယ ဗိုလ္မွဴးႀကီးေနာ္ဘူ က RFA ကို ေျပာပါတယ္။

“ဟို ၂၇ ၊ ၂၈ မွာ တုိက္ပြဲျဖစ္တယ္၊ ဒီ ႏွစ္ရက္ သံုးရက္ကေတာ့ ျပန္ေအးေနၿပီ၊ ဒါေပမဲ့ တပ္မေတာ္ဘက္က ထိုးစစ္ဆင္တာ ျပန္မရုပ္ေသးတဲ့အတြက္ စစ္ေရးအေျခအေနကေတာ့ တင္းမာေနဆဲျဖစ္ပါတယ္”

KIA တပ္ရင္း (၁၄) နယ္ေျမမွာ တိုက္ပြဲျဖစ္ပြားေနတာျဖစ္ၿပီး ေဒသခံေတြဟာ ၿပီးခဲ့တဲ့ ၆ လေလာက္ထဲက နယ္ေျမရွင္းလင္းေရးေတြ လုပ္ေဆာင္မယ္ဆိုတဲ့ သတိေပးခ်က္ေတြေၾကာင့္ ေနရပ္စြန္႔ခြာသြားခဲ့ၾကၿပီး ျဖစ္ပါတယ္။

ရြာေစာင့္က်န္ေနခဲ့ၾကသူေတြကလည္း ၿပီးခဲ့တဲ့ ႏို၀င္ဘာ ၁၇ ရက္ေန႔ထဲက တုိက္ပြဲအေျခအေနရွိေနတယ္ ဆိုတာေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနၾကၿပီးျဖစ္တယ္လို႔ ေျပာပါတယ္။

ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA ဟာ အစိုးရနဲ႔ ႏိုင္ငံလံုးဆိုင္ရာ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူညီခ်က္စာခ်ဳပ္ NCA မွာ လက္မွတ္မထိုးရေသးတဲ့အဖြဲ႕ျဖစ္ပါတယ္။

KIA ဟာ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ကုန္ပိုင္းက အစိုးရနဲ႔ တိုက္ပြဲေတြျဖစ္ပြားခဲ့တဲ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕၀င္ျဖစ္ သလို လက္ရွိမွာလည္း NCA လမ္းစဥ္အတိုင္းမဟုတ္ဘဲ ႏိုင္ငံေရး ေဆြးေႏြးဖို႔ ေတာင္းဆိုထားတဲ့ ျပည္ေထာင္ စု ႏိုင္ငံေရး ေဆြးေႏြးေရး ေကာ္မတီ FPNCC အဖြဲ႕၀င္လည္း ျဖစ္ပါတယ္။

RFA Burmese

Unicode

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ အခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

တပ်မတော်ဘက်က ထိုးစစ်ဆင်တာတွေ ပြန်မရုပ်သေးတဲ့အတွက် စစ်ရေးက တင်းမာနေတာဖြစ်တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးနော်ဘူ က RFA ကို ပြောပါတယ်။

“ဟို ၂၇ ၊ ၂၈ မှာ တိုက်ပွဲဖြစ်တယ်၊ ဒီ နှစ်ရက် သုံးရက်ကတော့ ပြန်အေးနေပြီ၊ ဒါပေမဲ့ တပ်မတော်ဘက်က ထိုးစစ်ဆင်တာ ပြန်မရုပ်သေးတဲ့အတွက် စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲဖြစ်ပါတယ်”

KIA တပ်ရင်း (၁၄) နယ်မြေမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံတွေဟာ ပြီးခဲ့တဲ့ ၆ လလောက်ထဲက နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်မယ်ဆိုတဲ့ သတိပေးချက်တွေကြောင့် နေရပ်စွန့်ခွာသွားခဲ့ကြပြီး ဖြစ်ပါတယ်။

ရွာစောင့်ကျန်နေခဲ့ကြသူတွေကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ထဲက တိုက်ပွဲအခြေအနေရှိနေတယ် ဆိုတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြပြီးဖြစ်တယ်လို့ ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဟာ အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်စာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့ဖြစ်ပါတယ်။

KIA ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကုန်ပိုင်းက အစိုးရနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ် သလို လက်ရှိမှာလည်း NCA လမ်းစဉ်အတိုင်းမဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးဖို့ တောင်းဆိုထားတဲ့ ပြည်ထောင် စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ FPNCC အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here