ဓမၼတာႏွင့္ဆန္႔က်င္ၿပီး ကာမရယူခံရ၍ ခင္ပြန္းကို အမႈဖြင့္

3
views

ေတာင္ငူ၊ဒီဇင္ဘာ ၁
ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕နယ္အမွတ္ ၁၁ ရပ္ ကြက္ ေဇာတိ ေက်းရြာ ေနအိမ္ တစ္အိမ္တြင္ ႏုိဝင္ဘာလ၂၉ ရက္ေန႔ ည ၁၁ နာရီခြဲခန္႔က ဓမၼတာႏွင့္ ဆန္႔က်င္ၿပီး ကာမ ဆက္ဆံသူ ခင္ပြန္းသည္ကို အသက္၂၀ အရြယ္ အမ်ိဳးသမီးက ေတာင္ငူၿမိဳ႕နယ္အ မွတ္၂ နယ္ေျမရဲစခန္းတြင္ အမႈဖြင့္လွစ္ခဲ့သည္ ဟု အဆိုပါရဲစခန္းမွစံုစမ္းသိ႐ွိရသည္။
“ခင္းပြန္သည္က တိမ္းေ႐ွာင္ေနပါတယ္။အမႈကိုခုိင္ မာစြာ တည္ေဆာက္ေနဆဲျဖစ္ျပီး က်ဳးလြန္တယ္လုိ႔ တုိင္ၾကားခံရသူကို ဖမ္းဆီးႏိုင္ဖို႔စံုစမ္းေနပါတယ္” ဟု ေတာင္ငူ အမွတ္၂ နယ္ေျမ ရဲစခန္းမွရဲအရာ႐ွိ တစ္ဦးက ေျပာၾကားသည္။
အမႈႏွင့္ပတ္သက္ၿပီး ဓမၼတာႏွင့္ဆန္႔က်င္ၿပီး ကာမ ဆက္ဆံခဲ့သူ သန္းထုိက္ကို ေတာင္ငူၿမိဳ႕အမွတ္၂ နယ္ေျမရဲစခန္းမွ (ပ)၉၇၁/၂၀၁၇ ရာဇသတ္ႀကီး ပုဒ္မ ၃၇၇ ျဖင့္ဖမ္းဆီးအမႈဖြင့္လွစ္ထားေၾကာင္း အဆုိပါနယ္ေျမရဲစခန္းမွစံုစမ္းသိ႐ွိရသည္။ (R-15)
The Voice

Unicode

တောင်ငူ၊ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အမှတ် ၁၁ ရပ် ကွက် ဇောတိ ကျေးရွာ နေအိမ် တစ်အိမ်တွင် နိုဝင်ဘာလ၂၉ ရက်နေ့ ည ၁၁ နာရီခွဲခန့်က ဓမ္မတာနှင့် ဆန့်ကျင်ပြီး ကာမ ဆက်ဆံသူ ခင်ပွန်းသည်ကို အသက်၂၀ အရွယ် အမျိုးသမီးက တောင်ငူမြို့နယ်အ မှတ်၂ နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့သည် ဟု အဆိုပါရဲစခန်းမှစုံစမ်းသိရှိရသည်။
“ခင်းပွန်သည်က တိမ်းရှောင်နေပါတယ်။အမှုကိုခိုင် မာစွာ တည်ဆောက်နေဆဲဖြစ်ပြီး ကျုးလွန်တယ်လို့ တိုင်ကြားခံရသူကို ဖမ်းဆီးနိုင်ဖို့စုံစမ်းနေပါတယ်” ဟု တောင်ငူ အမှတ်၂ နယ်မြေ ရဲစခန်းမှရဲအရာရှိ တစ်ဦးက ပြောကြားသည်။
အမှုနှင့်ပတ်သက်ပြီး ဓမ္မတာနှင့်ဆန့်ကျင်ပြီး ကာမ ဆက်ဆံခဲ့သူ သန်းထိုက်ကို တောင်ငူမြို့အမှတ်၂ နယ်မြေရဲစခန်းမှ (ပ)၉၇၁/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၇၇ ဖြင့်ဖမ်းဆီးအမှုဖွင့်လှစ်ထားကြောင်း အဆိုပါနယ်မြေရဲစခန်းမှစုံစမ်းသိရှိရသည်။ (R-15)
The Voice
#ထူးဆန်းထွေလာ

LEAVE A REPLY

Please enter your comment!
Please enter your name here