
37
views





















ApannpPyay

လူသေသောအခါ ရေချိုးပေးရခြင်း အကြောင်းနှင့် အခြား သိထားရမယ့် အကြောင်းများ

လူတို့သည် ရောဂါ များ ခံစားရသော အခါ ဆေးဝါး များ ကုသရခြင်း ရေ မချိုးရခြင်းစသည်ဖြင့် ရက် လနှစ် ကြာမြင့်အောင် ဝေဒနာကို ခံစားပြီး သေဆုံး သွားရလေသည် ။ ထို လူသေကောင် ၌ မကောင်းသော အနံ့ များနံနေသောကြောင့် အသုဘ ရှုသူ ရဟန်း ရှင်လူ များ အနံ့ သက်သာစေရန် ရေချိုး ပေး ရခြင်း အမွှေး နံ့သာ များဖြန်းပေးရခြင်းပင် ဖြစ်ပါသည်။

လူသေကောင် ပါးစပ် ထဲ ငွေ ထည့်ပေးရခြင်း အကြောင်း

လူအများစု က ဒီ ပြဿနာ ကို နောက်ဘဝ အတွက် ကူးတိုးခ ဟု ထင်မှတ်နေပါသည် ။ တစ်ကယ်တော့ ဟိုး ရှေးအခါက လူတို့သေပြီ ဆိုလျှင် သုဿာ န်၌ လူသေ အလောင်း များ ကို မြေမြှုပ်ပေးနေသော သုဘရာဇာ တစ်ယောက် ရှိသည် ။

ထိုသူသည် ကိုယ်တိုင် မြေတူး ကိုယ်တိုင်မြေမြှုပ်ပေး ၏ ။ ထိုသူ အား ငွေအသပြာ တစ်မတ်ကို ကျန်ရစ်သူ မိသားစု က အလောင်း ၏ ပါးစပ် အတွင်း ထည့်ထားပေးရသည် ။ သုဘရာဇာ လူကြီး မှာ အလောင်း ပါးစပ် မှငွေ တစ်မတ် ကို ယူ၍ မြေမြှုပ် ပေးလေတော့သည် ။

အချိန်ကာလတွေ ကြာမြင့်လာသောအခါ လူတို့သည် နောက် ဘဝ အတွက် ကူးတိုးခ ဟု မှားယွင်းစွာ ထင် မှတ်ခဲ့လေသည်။

လူသေ ကောင်ခြေ လက် တို့ ၌ ကြိုးချည် ထားရခြင်း အကြောင်း

လူသေ သော အခါ အကြော များ တောင့်တင်း ခိုင်မာ လာကြသည် ။ ကြိုးချည် မထားလျှင် ခြေ ကားယား လက် ကားယားဖြင့် မြင် မကောင်း အောင် အရုပ် ဆိုးလှသည် ။ ထို့ကြောင့် ခြေနှစ်ချောင်း ကို ယူကာ ကြိုးဖြင့်ဖြစ်စေ ဆံပင်ဖြင့်ဖြစ်စေ ချည်ထား ရခြင်းဖြစ်ပါသည်။

အခြားသော ဗဟုသုတ အဖြစ် မှတ်ထားစေရန်

နတ္ထိ သုဘံ ဧတဿာ တိ အသုဘံ/ ဧတဿ ဤ အလောင်းကောင် ၌ သုဘံ တင့်တယ်မှု သည် နတ္ထိ မရှိ တဲ့ လူ အများ အမြင်မှာ တင့်တယ်မှု မရှိလို့ အသုဘ လို့ခေါ်ပါတယ်။

အချို့သောနေရာ တို့၌ ရှေ့လူကြီး တို့၏ မှားယွင်းသော အယူ များကို ယူနေပါတယ် ။

ဥပမာ…… အပြင် မှာသေသော လူအား အရပ်ထဲ ရွာထဲ မထည့်ရ နောက်လူသေတတ်တယ် ဆိုတာ မျိုးပါ ။

ဒါဆိုရင် နိုင်ငံခြား မှာသေ ၍ လေယာဉ် ဖြင့် မြန်မာပြည် ကိုပြန်ယူသော အခါ ထို လေယာဉ် က သင့် ဦးခေါင်း ပျံသွားခဲ့တယ် ဆိုရင် သင် ဘယ်လို လုပ်မလဲ …

ဒါတွေက တကယ်တော့ မြန်မာ တို့၏ အယူသည်းမှု ပါ လူသေ ကောင်တော့ အမျိုး မျိုးပြောတတ်ပေမဲ့ တိရိစ္ဆာန် အသေတော့ ဝင်ချင်တိုင်း ဝင် ထွက်ချင်တိုင်း ထွက်နေတာ မြင်တဲ့ အတိုင်းပါ။

နောက် တစ်ခုက လူသေ လျှင် အိမ်မှ ခုနှစ်ရက်ကြာ မှ ထွက်တယ် ဆိုတဲ့ အယူပါ ဒါ ကလည်း မှားယွင်း ပါတယ် ။

ဦးဇင်းတို့ ဗုဒ္ဓ အဘိဓမ္မာ သဘော အရ ဘဝဟောင်း ရှိ စုတိ ၏ အခြား မဲ့၌ ကာလ မခြားဘဲ ဆက်တိုက် သာ လျှင်ဘဝသစ် ၌ ပဋိသန္ဓေနေရသောကြောင့် သေပြီးသည့်နောက် (၇) ရက်ပြည့်မှ အိမ် က ထွက်တယ် ဆို တာလည်း မှားယွင်းပါတယ်။

အခြား အခြားသော ဗဟုသုတဖြစ်စေရန်တွေ ကို လည်း အခွင့်သင့်လျှင် ရေးသားပေးသွားပါ့မယ်။

အားလုံး ကျန်းမာ ချမ်းသာကြပါစေ

Credit : ဓမ္မာစရိယ ဦးဇင်းလေး

{ အသုဘကြေးမှုံကျမ်းမှ ရေးသားတင်ပြအပ်ပါတယ် }