107
views

တနလၤာ သားသမီး တို႔သည္ လာမည့္ 2018 ခုႏွစ္ အတြင္း အစစ အရာရာ အဆင္ေျပလာမည့္ ကာလ ျဖစ္သည္။ မိမိ ရပ္တန္႔ထားေသာ လုပ္ငန္း ကိစၥမ်ား ျပန္လည္ အသက္ဝင္လာေအာင္ ေဆာင္႐ြက္ရမည္။ သို႔ေသာ္ လုပ္ငန္းခြင္တြင္ အၿပိဳင္အဆိုင္ မ်ားႏွင့္ ထိပ္တိုက္ ရင္ဆိုင္ရမည့္ ကာလ ျဖစ္သည္။

အထူးသျဖင့္ အစုရွယ္ယာ ဝင္ျခင္း၊ ကုန္မာဆိုင္ႏွင့္ စိုက္ပ်ိဳးေရး ပစၥည္းမ်ား ေရာင္းဝယ္ျခင္း၊ ေျမၾသဇာႏွင့္ ဆန္ေရာင္းဝယ္ျခင္း မ်ားမွ အက်ိဳးအျမတ္ ျဖစ္ထြန္းမည္။ 2018 ခုႏွစ္တြင္ အလုပ္သစ္မ်ား ဝင္ေရာက္ လုပ္ကိုင္ရတတ္ျခင္း၊ ရာထူးတိုးျခင္း၊ ဂုဏ္သတင္း ေက်ာ္ေဇာျခင္း၊ ေနရာ အေျပာင္းေ႐ႊ႕မ်ား ႀကဳံမည္။

လူမႈေရး ျပသနာမ်ား ဝင္ေရာက္ ေျဖရွင္းေပးရမည္။ 2018 ခုႏွစ္တြင္ တနဂၤေႏြ၊ ဗုဒၶဟူး ၊ေသာၾကာ သားသမီးမ်ားႏွင့္ မည္သည့္ကိစၥမဆို ေဆာင္႐ြက္ရာတြင္ အထူး ဂ႐ုစိုက္ရမည္။ အိမ္ေထာင္ေရးတြင္ မိတ္ေဆြ၊ အသိုင္းအဝိုင္း၊ ေဆြမ်ိဳး စကားမ်ားေၾကာင့္ အိမ္ေထာင္ေရး အထင္အျမင္ လြဲမွားမႈမ်ား ေပၚေပါက္လာတတ္သည္။ အိမ္ေထာင္ေရးတြင္ အသစ္ အဆန္းမ်ားေတြ႕ရတတ္သည္။

မိသားစုတြင္ က်န္းမာေရးျပဳစု ေစာင့္ေရွာက္မႈမ်ား ျပဳလုပ္ေပးရတတ္သည္။ ပ်ိဳ႐ြယ္သူမ်ား အိမ္ေထာင္ေရးတြင္ အသစ္ အဆန္းမ်ား ေတြ႕ရတတ္သည္။ မိမိရည္းစား ၿခံခုန္တတ္သည္။ စႏိုက္ေၾကာ္သူမ်ားႏွင့္ ေတြ႕ရတတ္သည္။ ဘုရားဖူး သြားလာရာမွ ခ်စ္သူရည္းစား ေတြ႕ရတတ္သည္။ ပညာေရးတြင္ ေရွ႕ပိုင္း၌ ႀကိဳးစားအားထုတ္မႈ ေကာင္းၿပီး ေနာက္ပိုင္းတြင္ အေပါင္းအသင္း မ်ားေၾကာင့္ စိတ္ေလၿပီး မိမိ ရည္မွန္းခ်က္မ်ားႏွင့္ ေဝးကြာသြားတတ္သည္။

က်န္းမာေရးတြင္ အဖ်ားအနာျဖစ္ျခင္း၊ ခါးနာျခင္း၊ မ်က္စိအားနည္းျခင္း၊ ေသြးအားနည္းျခင္းမ်ား ခံစားရျခင္းျဖစ္မည္။ ယခုႏွစ္အတြင္း က်န္းမာေရး အထူးဂ႐ုစိုက္ေပးပါ။

ကဆုန္၊ နယုန္လမ်ားတြင္ အေရးႀကီး ကိစၥမ်ားလုပ္လ်င္ အထူးဂ႐ုစိုက္ပါ။ အရႈံးေပၚမည္။ ဝါေခါင္၊ေတာ္သလင္း၊ နတ္ေတာ္လမ်ားတြင္ ဘာမွ မစဥ္းစားဘဲ လုပ္လ်င္ေတာင္ ေအာင္ျမင္မႈမ်ား ႀကဳံရမည္။

ယၾတာ➖မိမိေမြးေန႔တြင္ ေဇာ္စိမ္းၫြန္႔ ဇီးညြန္႔ ဇြန္ၫြန္႔ (၉) ညြန္႔စီ ဘုရားမွာ တင္လႉပူေဇာ္ပါ။ ေထာပတ္ဆီႏွင့္ ဆီမီးခြက္ သက္ေစ့ ပူေဇာ္ပါ။ လိေမၼာ္ေဖာ္ရည္ႏွင့္ ယိုစုံမ်ား တင္လွဴပူေဇာ္ပါ။

အက်ိဳးေပး အကၡရာႏွင့္ ဂဏာန္းမ်ား (က၊ပ၊တ၊ဖ)(၂၊၅၊၇၊ဝ)

နကၡတ္ ေဗဒင္ လကၡဏာ ယၾတာ ဆရာေနာင္ေနာင္မိုး(မန္းေလး)

Unicode Version

တနင်္လာ သားသမီး တို့သည် လာမည့် 2018 ခုနှစ် အတွင်း အစစ အရာရာ အဆင်ပြေလာမည့် ကာလ ဖြစ်သည်။ မိမိ ရပ်တန့်ထားသော လုပ်ငန်း ကိစ္စများ ပြန်လည် အသက်ဝင်လာအောင် ဆောင်ရွက်ရမည်။ သို့သော် လုပ်ငန်းခွင်တွင် အပြိုင်အဆိုင် များနှင့် ထိပ်တိုက် ရင်ဆိုင်ရမည့် ကာလ ဖြစ်သည်။

အထူးသဖြင့် အစုရှယ်ယာ ဝင်ခြင်း၊ ကုန်မာဆိုင်နှင့် စိုက်ပျိုးရေး ပစ္စည်းများ ရောင်းဝယ်ခြင်း၊ မြေသြဇာနှင့် ဆန်ရောင်းဝယ်ခြင်း များမှ အကျိုးအမြတ် ဖြစ်ထွန်းမည်။ 2018 ခုနှစ်တွင် အလုပ်သစ်များ ဝင်ရောက် လုပ်ကိုင်ရတတ်ခြင်း၊ ရာထူးတိုးခြင်း၊ ဂုဏ်သတင်း ကျော်ဇောခြင်း၊ နေရာ အပြောင်းရွှေ့များ ကြုံမည်။

လူမှုရေး ပြသနာများ ဝင်ရောက် ဖြေရှင်းပေးရမည်။ 2018 ခုနှစ်တွင် တနင်္ဂနွေ၊ ဗုဒ္ဓဟူး ၊သောကြာ သားသမီးများနှင့် မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင် အထူး ဂရုစိုက်ရမည်။ အိမ်ထောင်ရေးတွင် မိတ်ဆွေ၊ အသိုင်းအဝိုင်း၊ ဆွေမျိုး စကားများကြောင့် အိမ်ထောင်ရေး အထင်အမြင် လွဲမှားမှုများ ပေါ်ပေါက်လာတတ်သည်။ အိမ်ထောင်ရေးတွင် အသစ် အဆန်းများတွေ့ရတတ်သည်။

မိသားစုတွင် ကျန်းမာရေးပြုစု စောင့်ရှောက်မှုများ ပြုလုပ်ပေးရတတ်သည်။ ပျိုရွယ်သူများ အိမ်ထောင်ရေးတွင် အသစ် အဆန်းများ တွေ့ရတတ်သည်။ မိမိရည်းစား ခြံခုန်တတ်သည်။ စနိုက်ကြော်သူများနှင့် တွေ့ရတတ်သည်။ ဘုရားဖူး သွားလာရာမှ ချစ်သူရည်းစား တွေ့ရတတ်သည်။ ပညာရေးတွင် ရှေ့ပိုင်း၌ ကြိုးစားအားထုတ်မှု ကောင်းပြီး နောက်ပိုင်းတွင် အပေါင်းအသင်း များကြောင့် စိတ်လေပြီး မိမိ ရည်မှန်းချက်များနှင့် ဝေးကွာသွားတတ်သည်။

ကျန်းမာရေးတွင် အဖျားအနာဖြစ်ခြင်း၊ ခါးနာခြင်း၊ မျက်စိအားနည်းခြင်း၊ သွေးအားနည်းခြင်းများ ခံစားရခြင်းဖြစ်မည်။ ယခုနှစ်အတွင်း ကျန်းမာရေး အထူးဂရုစိုက်ပေးပါ။

ကဆုန်၊ နယုန်လများတွင် အရေးကြီး ကိစ္စများလုပ်လျင် အထူးဂရုစိုက်ပါ။ အရှုံးပေါ်မည်။ ဝါခေါင်၊တော်သလင်း၊ နတ်တော်လများတွင် ဘာမှ မစဉ်းစားဘဲ လုပ်လျင်တောင် အောင်မြင်မှုများ ကြုံရမည်။

ယတြာ➖မိမိမွေးနေ့တွင် ဇော်စိမ်းညွန့် ဇီးညွန့် ဇွန်ညွန့် (၉) ညွန့်စီ ဘုရားမှာ တင်လှူပူဇော်ပါ။ ထောပတ်ဆီနှင့် ဆီမီးခွက် သက်စေ့ ပူဇော်ပါ။ လိမ္မော်ဖော်ရည်နှင့် ယိုစုံများ တင်လှူပူဇော်ပါ။

အကျိုးပေး အက္ခရာနှင့် ဂဏာန်းများ (က၊ပ၊တ၊ဖ)(၂၊၅၊၇၊ဝ)

နက္ခတ် ဗေဒင် လက္ခဏာ ယတြာ ဆရာနောင်နောင်မိုး(မန်းလေး)