လူေသရင္ ၀ိညာဥ္လိပ္ျပာ အိမ္မွာ (၇) ရက္ေနတယ္ ဆုိတာ တကယ္ဟုတ္ မဟုတ္။

78
views

ေလာကမွာ လူေသရင္ ၀ိညာဥ္လိပ္ျပာ အိမ္မွာ(၇)ရက္ေနတယ္ဆုိတာ ဟုတ္မဟုတ္။

လူေသသြားရင္ ၀ိညဥ္လိပ္ျပာ အတၱေကာင္ဟာ တဘ၀ကေန တဘ၀ကုိ မပ်က္မစီးပဲ ေျပာင္းေရြ႕ၾကင္လည္ေနတယ္လို႕ ယူဆရင္ သႆတဒိ႒ိျဖစ္ပါတယ္။ေသရင္ ဘာမွမရွိေတာ့ဘူး ျပတ္စဲသြားတယ္လို႕ ယူဆရင္ ဥေစၦဒဒိ႒ိျဖစ္ပါတယ္။ ဥပမာ-

လူတေယာက္ဟာ ဘုရားတည္ေက်ာင္းေဆာက္စတဲ့ ကုသိုလ္ေကာင္းမွုဳ႕ေတြကို ျပဳလုပ္တယ္။

ဒီေကာင္းမွဳ႕ေတြေၾကာင့္ ငါေသရင္ ငါပဲအက်ိဳးခံစားရမွာပဲလုိ႕ ယူဆရင္ သႆတဒိ႒ိျဖစ္ပါတယ္။ ဘာေၾကာင့္ သႆတဒိ႒ိျဖစ္ရတာလဲဆိုရင္ ေကာင္းမွဳ႕ျပဳတာကတစ္ေယာက္ အက်ိဳးခံစားရတာက တစ္ေယာက္ျဖစ္ေနလို႕ပါပဲ။

ဒါျဖင့္ ကုသိုလ္ရဲ႕အက်ိဳးကုိ ငါကိုယ္တိုင္ မခံစားရပဲ တျခားတေယာက္က ခံစားမယ္ဆိုမွေတာ့ ငါကုသုိလ္မျပဳေတာ့ဘူးကြာ၊ မေကာင္းမွဳ႕ေတြပဲ လုပ္ေတာ့မယ္၊ ငါလုပ္တဲ့မေကာင္းမွဳ႕ကုိ တစ္ျခားတစ္ေယာက္က ခံစားရမွာပဲလုိ႕ ယူဆျပန္ရင္လဲဥေစၦဒဒိ႒ိျဖစ္သြားျပန္တယ္။

ဘာေၾကာင့္လဲဆုိေတာ့ ကုိယ္လုပ္တဲ့အျပစ္ေတြကို ကုုိယ္ကိုယ္တုိ္င္ပဲ ျပန္ေပးဆပ္ရမွာပဲ၊ ျပန္ခံစားရမွာပဲ။

ဒီေတာ့ ေနာက္ဘ၀လဲ ငါကိုယ္တို္င္ပဲလုိ႕ ယူဆရင္လဲ သႆတဒိ႒ိ၊ တစ္ျခားတစ္ေယာက္လုိ႕ ယူဆျပန္ရင္လဲ ဥေစၦဒဒိ႒ိဆိုေတာ့ ဒီအစြန္းနွစ္ပါးကေနလြတ္ေအာင္ ဘယ္လိုေျဖရွင္းမလဲဆိုရင္။

ဥိီးဘဆိုတဲ့လူတေယာက္ဟာ မေသခင္ ကုသိုလ္ေကာင္းမွဳ႕ေတြ အမ်ားၾကီးျပဳခဲ့ရလုိ႕ ေသတဲ့အခါ နတ္ျဖစ္ရတယ္ဆုိပါဆို႕။

ဒီဘ၀က ဦးဘရဲ႕ ခႏၶာကိုယ္ၾကီးကလဲ ဒီဘ၀မွာတင္ ပုပ္သြားတယ္။ စိတ္ကလဲ ဒီဘ၀မွာတင္ ခ်ဳပ္သြားတယ္။ ဒီဘ၀ရုပ္နာမ္ ဒီဘ၀မွာတင္ခ်ဳပ္တယ္။

ေနာက္ဘ၀ကို မပါသြားပါဘူး။ နာမ္က ၀ိညဥ္အျဖစ္နဲ႕ ေနာက္ဘ၀အထိ ပါသြားတယ္ဆိုရင္

ဒီဘ၀ကဦးဘရဲ႕စိတ္နဲ႕ နတ္ဘ၀ကနတ္ရဲ႕စိတ္ တူညီရမွာေပါ့။

အခုေတာ့ နတ္ဘ၀မွာ နတ္ရဲ႕စိတ္ကတစ္ခု၊ ဦးဘရဲ႕စိတ္ကစိတ္တစ္ခုေလ။

အဲ့ဒီဦးဘက ကုသိုလ္ေကာင္းမွဳ႕ေတြ မျပဳပဲ မေကာင္းမွဳ႕ဒုစရုိက္ေတြပဲျပဳသြားလုိ႕ ေသတဲ့အခါ ေခြးျဖစ္ရတယ္ဆိုပါဆို႕။

ဒီဘ၀က ဦးဘရဲ႕စိတ္ကလူ႕စိတ္ေလ။ ေခြးဘ၀က ေခြးစိတ္က သတ္သတ္ေလ။ မတူဘူးေနာ္။

စိတ္၀ိဥာဏ္က ေနာက္ဘ၀ထိေအာင္ လုိက္သြားတယ္ဆိုရင္ ေခြးက ဘယ္မစင္စားပါ့မလဲ။

ဒါေၾကာင့္ ဒီဘ၀ရုပ္နာမ္က ဒီဘ၀မွာပဲခ်ဳပ္ျပီးေတာ့ ေနာက္တဘ၀မွာ ရုပ္နာမ္အသစ္ျပန္ျဖစ္ပါတယ္။

ေသျပီးရင္ အိမ္မွာလိပ္ျပာ၀ိညာဥ္အျဖစ္နဲ႕ (၇)ရက္ေနတယ္ဆိုတာမဟုတ္ပါဘူး။

စုတိစိတ္လုိ႕ေခၚတဲ့ ေသတဲ့စိတ္နဲ႕ ပဋိသေႏၶ၀ိဥာဏ္စိတ္လို႕ေခၚတဲ့ တဖန္ဘ၀သစ္ျပန္စတဲ့စိတ္က တစ္ဆက္ထဲျဖစ္ပါတယ္။ စုတိနဲ႕ပဋိသေႏၶၾကားမွာ အျခားမရွိပါဘူး။

အနႏၱရပစၥည္းနဲ႕ ေက်းဇူးျပဳပါတယ္။ ဆုိလုိတာက ေသတဲ့အခါမွာကုသိုလ္ေကာင္းမွဳ႕အားေကာင္းရင္ နတ္ဘ၀လူ႕ဘ၀ ေကာင္းတဲ့ဘ၀တခုခုမွာ အမိ၀မ္းတြင္းမွာပဋိသေႏၶ၀ိဥာဏ္စိတ္ျဖစ္ရပါတယ္။

အကုသုိလ္အားမ်ားရင္ေတာ့ ေခြး၀က္အစရွိတဲ့အပါယ္ကုိယ္ေကာင္တခုခုမွာ၀င္စားရပါတယ္။ ၾကားခံဘ၀တစ္ခုဆိုတာ မရွိပါဘူး။

အိမ္မွာေျခာက္လွန္႕ၾကတယ္ဆိုတာကေတာ့ အကုသိုလ္အားၾကီးလုိ႕ပဲျဖစ္ျဖစ္ ေသခါနိီး အကုသို္လ္စိတ္ျဖစ္ျပီး ေသရလုိ႕ပဲျဖစ္ျဖစ္ အစြဲနဲ႕ေသရလုိ႕ သားသမီးဇနီးခင္ပြန္းေတြအေပၚမွာ စိတ္မခ်နို္င္ပဲ ျပိတၱာျဖစ္ရတာပါ။

ကံအားေလ်ာ္စြာ ျပိတၱာဘ၀မွာ (၇)ရက္ ၾကာခ်င္ၾကာမယ္။

တစ္နစ္ၾကာခ်င္ၾကာမယ္။ ကၽြတ္ခ်ိန္တန္ရင္ ကၽြတ္လိမ့္မယ္။

ဒီဘ၀ကေသရင္ တျခားတေယာက္ထပ္ျဖစ္တယ္ဆိုေတာ့ အဲ့ဒီထပ္ျဖစ္တဲ့တစ္ေယာက္ကေရာ ဘယ္ကလာတာလဲဆိုရင္ ဒိီဘ၀ရုပ္နာမ္ကပဲ လာတာပါ။ သရက္ေစ့ဘယ္ကလာ သရက္ပင္ကလာ။

သရက္ပင္ကေကာ ဘယ္ကျဖစ္တာလဲဆုိရင္ သရက္ေစ့ကျဖစ္တာပါပဲ။

ဆီမီးကူးညွိလုိက္သလုိေပါ့။ ကူးညွိလုိက္တဲ့ဆီမီးကသတ္သတ္၊ အရင္ရွိေနတဲ့ဆီမီးကသတ္သတ္။

ဒါျဖင့္ ေနာက္ဆီမီး ဘယ္ကလာတာလဲ အရင္ဆီမီးကလာတာပါ။ အတူူတူလားဆုိေတာ့ သတ္သတ္စီပါ။

တံစိပ္တံုးရုိက္တဲ့အခါ တံစိပ္ရာကသတ္သတ္ တံစိတ္တံုးကသတ္သတ္။

တံစိတ္ရာဘယ္ကလာတာလဲဆုိရင္ တံစိပ္တံုးကလာတာ။ လူေသရင္လဲ ထပ္ျဖစ္တဲ့ သတၱ၀ါက အရင္ဘ၀က သတၱ၀ါပဲလားဆုိရင္ မဟုတ္ဘူး။သတ္သတ္စီ။

ဒါျဖင့္ ထပ္ျဖစ္တဲ့သတၱ၀ါဘယ္ကလာတာလဲဆုိေတာ့ အရင္ဘ၀က ရုပ္နာမ္အစဥ္ကလာတာ။ အရင္ဘ၀နဲ႕ဒီဘ၀ တစ္ေယာက္ထဲလားဆုိေတာ့ မဟုတ္ဘူး သတ္သတ္စီ။ လူေသတဲ့အခါ ဒီဘ၀ရုပ္နာမ္ ဒီဘ၀မွာတင္ခ်ဳပ္ျပီးေတာ့ ကံသတၱိအဟုန္က လုိက္ေနတာ။

ဘယ္ကံေတြလဲဆိုေတာ့ အရင့္အရင္ဘ၀ေတြက ျပဳခဲ့တဲ့ေကာင္းမွဳ႕ကံ မေကာင္းမွဳ႕ကံေတြ။

ဒါေၾကာင့္ ကုသိုလ္ကံ အကုသုိ္လ္ကံခ်ဳပ္ျင္ိမ္းျပီးျဖစ္တဲ့ ဘုရားရဟႏၱာေတြမွာ ၾကိယာဗ်ာကတစိတ္ပဲရွိတယ္။ ဘ၀သစ္ရုပ္နာမ္ တဖန္ျပန္မျဖစ္ေတာ့ဘူူး။

သာမန္သတၱ၀ါေတြမွာေတာ့ ေသတဲ့အခါ ရုပ္နာမ္တဖန္ျပန္ျဖစ္ရပါတယ္။ လိပ္ျပာေကာင္ အတၱေကာင္လုိ႕မရွိပါဘူး။

သခ်ိဳ ၤင္းကေန အိမ္ကုိ လိပ္ျပာေခၚတယ္ဆုိတာ မွားယြင္းတဲ့ သႆတဒိ႒ိျဖစ္ပါတယ္။

#စစ္မာန္ဟုန္

#ApannPyay

===============

လောကမှာ လူသေရင် ၀ိညာဉ်လိပ်ပြာ အိမ်မှာ(၇)ရက်နေတယ်ဆိုတာ ဟုတ်မဟုတ်။

လူသေသွားရင် ၀ိညဉ်လိပ်ပြာ အတ္တကောင်ဟာ တဘဝကနေ တဘဝကို မပျက်မစီးပဲ ပြောင်းရွေ့ကြင်လည်နေတယ်လို့ ယူဆရင် သဿတဒိဋ္ဌိဖြစ်ပါတယ်။သေရင် ဘာမှမရှိတော့ဘူး ပြတ်စဲသွားတယ်လို့ ယူဆရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်ပါတယ်။ ဥပမာ-

လူတယောက်ဟာ ဘုရားတည်ကျောင်းဆောက်စတဲ့ ကုသိုလ်ကောင်းမှုု့တွေကို ပြုလုပ်တယ်။

ဒီကောင်းမှု့တွေကြောင့် ငါသေရင် ငါပဲအကျိုးခံစားရမှာပဲလို့ ယူဆရင် သဿတဒိဋ္ဌိဖြစ်ပါတယ်။ ဘာကြောင့် သဿတဒိဋ္ဌိဖြစ်ရတာလဲဆိုရင် ကောင်းမှု့ပြုတာကတစ်ယောက် အကျိုးခံစားရတာက တစ်ယောက်ဖြစ်နေလို့ပါပဲ။

ဒါဖြင့် ကုသိုလ်ရဲ့အကျိုးကို ငါကိုယ်တိုင် မခံစားရပဲ တခြားတယောက်က ခံစားမယ်ဆိုမှတော့ ငါကုသိုလ်မပြုတော့ဘူးကွာ၊ မကောင်းမှု့တွေပဲ လုပ်တော့မယ်၊ ငါလုပ်တဲ့မကောင်းမှု့ကို တစ်ခြားတစ်ယောက်က ခံစားရမှာပဲလို့ ယူဆပြန်ရင်လဲဥစ္ဆေဒဒိဋ္ဌိဖြစ်သွားပြန်တယ်။

ဘာကြောင့်လဲဆိုတော့ ကိုယ်လုပ်တဲ့အပြစ်တွေကို ကုုိယ်ကိုယ်တို်င်ပဲ ပြန်ပေးဆပ်ရမှာပဲ၊ ပြန်ခံစားရမှာပဲ။

ဒီတော့ နောက်ဘဝလဲ ငါကိုယ်တို်င်ပဲလို့ ယူဆရင်လဲ သဿတဒိဋ္ဌိ၊ တစ်ခြားတစ်ယောက်လို့ ယူဆပြန်ရင်လဲ ဥစ္ဆေဒဒိဋ္ဌိဆိုတော့ ဒီအစွန်းနှစ်ပါးကနေလွတ်အောင် ဘယ်လိုဖြေရှင်းမလဲဆိုရင်။

ဥိီးဘဆိုတဲ့လူတယောက်ဟာ မသေခင် ကုသိုလ်ကောင်းမှု့တွေ အများကြီးပြုခဲ့ရလို့ သေတဲ့အခါ နတ်ဖြစ်ရတယ်ဆိုပါဆို့။

ဒီဘဝက ဦးဘရဲ့ ခန္ဓာကိုယ်ကြီးကလဲ ဒီဘဝမှာတင် ပုပ်သွားတယ်။ စိတ်ကလဲ ဒီဘဝမှာတင် ချုပ်သွားတယ်။ ဒီဘဝရုပ်နာမ် ဒီဘဝမှာတင်ချုပ်တယ်။

နောက်ဘဝကို မပါသွားပါဘူး။ နာမ်က ၀ိညဉ်အဖြစ်နဲ့ နောက်ဘဝအထိ ပါသွားတယ်ဆိုရင်

ဒီဘဝကဦးဘရဲ့စိတ်နဲ့ နတ်ဘဝကနတ်ရဲ့စိတ် တူညီရမှာပေါ့။

အခုတော့ နတ်ဘဝမှာ နတ်ရဲ့စိတ်ကတစ်ခု၊ ဦးဘရဲ့စိတ်ကစိတ်တစ်ခုလေ။

အဲ့ဒီဦးဘက ကုသိုလ်ကောင်းမှု့တွေ မပြုပဲ မကောင်းမှု့ဒုစရိုက်တွေပဲပြုသွားလို့ သေတဲ့အခါ ခွေးဖြစ်ရတယ်ဆိုပါဆို့။

ဒီဘဝက ဦးဘရဲ့စိတ်ကလူ့စိတ်လေ။ ခွေးဘဝက ခွေးစိတ်က သတ်သတ်လေ။ မတူဘူးနော်။

စိတ်ဝိဉာဏ်က နောက်ဘဝထိအောင် လိုက်သွားတယ်ဆိုရင် ခွေးက ဘယ်မစင်စားပါ့မလဲ။

ဒါကြောင့် ဒီဘဝရုပ်နာမ်က ဒီဘဝမှာပဲချုပ်ပြီးတော့ နောက်တဘဝမှာ ရုပ်နာမ်အသစ်ပြန်ဖြစ်ပါတယ်။

သေပြီးရင် အိမ်မှာလိပ်ပြာဝိညာဉ်အဖြစ်နဲ့ (၇)ရက်နေတယ်ဆိုတာမဟုတ်ပါဘူး။

စုတိစိတ်လို့ခေါ်တဲ့ သေတဲ့စိတ်နဲ့ ပဋိသန္ဓေဝိဉာဏ်စိတ်လို့ခေါ်တဲ့ တဖန်ဘဝသစ်ပြန်စတဲ့စိတ်က တစ်ဆက်ထဲဖြစ်ပါတယ်။ စုတိနဲ့ပဋိသန္ဓေကြားမှာ အခြားမရှိပါဘူး။

အနန္တရပစ္စည်းနဲ့ ကျေးဇူးပြုပါတယ်။ ဆိုလိုတာက သေတဲ့အခါမှာကုသိုလ်ကောင်းမှု့အားကောင်းရင် နတ်ဘဝလူ့ဘဝ ကောင်းတဲ့ဘဝတခုခုမှာ အမိ၀မ်းတွင်းမှာပဋိသန္ဓေဝိဉာဏ်စိတ်ဖြစ်ရပါတယ်။

အကုသိုလ်အားများရင်တော့ ခွေးဝက်အစရှိတဲ့အပါယ်ကိုယ်ကောင်တခုခုမှာဝင်စားရပါတယ်။ ကြားခံဘဝတစ်ခုဆိုတာ မရှိပါဘူး။

အိမ်မှာခြောက်လှန့်ကြတယ်ဆိုတာကတော့ အကုသိုလ်အားကြီးလို့ပဲဖြစ်ဖြစ် သေခါနိီး အကုသို်လ်စိတ်ဖြစ်ပြီး သေရလို့ပဲဖြစ်ဖြစ် အစွဲနဲ့သေရလို့ သားသမီးဇနီးခင်ပွန်းတွေအပေါ်မှာ စိတ်မချနို်င်ပဲ ပြိတ္တာဖြစ်ရတာပါ။

ကံအားလျော်စွာ ပြိတ္တာဘဝမှာ (၇)ရက် ကြာချင်ကြာမယ်။

တစ်နစ်ကြာချင်ကြာမယ်။ ကျွတ်ချိန်တန်ရင် ကျွတ်လိမ့်မယ်။

ဒီဘဝကသေရင် တခြားတယောက်ထပ်ဖြစ်တယ်ဆိုတော့ အဲ့ဒီထပ်ဖြစ်တဲ့တစ်ယောက်ကရော ဘယ်ကလာတာလဲဆိုရင် ဒိီဘဝရုပ်နာမ်ကပဲ လာတာပါ။ သရက်စေ့ဘယ်ကလာ သရက်ပင်ကလာ။

သရက်ပင်ကကော ဘယ်ကဖြစ်တာလဲဆိုရင် သရက်စေ့ကဖြစ်တာပါပဲ။

ဆီမီးကူးညှိလိုက်သလိုပေါ့။ ကူးညှိလိုက်တဲ့ဆီမီးကသတ်သတ်၊ အရင်ရှိနေတဲ့ဆီမီးကသတ်သတ်။

ဒါဖြင့် နောက်ဆီမီး ဘယ်ကလာတာလဲ အရင်ဆီမီးကလာတာပါ။ အတူူတူလားဆိုတော့ သတ်သတ်စီပါ။

တံစိပ်တုံးရိုက်တဲ့အခါ တံစိပ်ရာကသတ်သတ် တံစိတ်တုံးကသတ်သတ်။

တံစိတ်ရာဘယ်ကလာတာလဲဆိုရင် တံစိပ်တုံးကလာတာ။ လူသေရင်လဲ ထပ်ဖြစ်တဲ့ သတ္တဝါက အရင်ဘဝက သတ္တဝါပဲလားဆိုရင် မဟုတ်ဘူး။သတ်သတ်စီ။

ဒါဖြင့် ထပ်ဖြစ်တဲ့သတ္တဝါဘယ်ကလာတာလဲဆိုတော့ အရင်ဘဝက ရုပ်နာမ်အစဉ်ကလာတာ။ အရင်ဘဝနဲ့ဒီဘဝ တစ်ယောက်ထဲလားဆိုတော့ မဟုတ်ဘူး သတ်သတ်စီ။ လူသေတဲ့အခါ ဒီဘဝရုပ်နာမ် ဒီဘဝမှာတင်ချုပ်ပြီးတော့ ကံသတ္တိအဟုန်က လိုက်နေတာ။

ဘယ်ကံတွေလဲဆိုတော့ အရင့်အရင်ဘဝတွေက ပြုခဲ့တဲ့ကောင်းမှု့ကံ မကောင်းမှု့ကံတွေ။

ဒါကြောင့် ကုသိုလ်ကံ အကုသို်လ်ကံချုပ်ငြ်ိမ်းပြီးဖြစ်တဲ့ ဘုရားရဟန္တာတွေမှာ ကြိယာဗျာကတစိတ်ပဲရှိတယ်။ ဘဝသစ်ရုပ်နာမ် တဖန်ပြန်မဖြစ်တော့ဘူူး။

သာမန်သတ္တဝါတွေမှာတော့ သေတဲ့အခါ ရုပ်နာမ်တဖန်ပြန်ဖြစ်ရပါတယ်။ လိပ်ပြာကောင် အတ္တကောင်လို့မရှိပါဘူး။

သချို င်္င်းကနေ အိမ်ကို လိပ်ပြာခေါ်တယ်ဆိုတာ မှားယွင်းတဲ့ သဿတဒိဋ္ဌိဖြစ်ပါတယ်။

#စစ်မာန်ဟုန်

#ApannPyay