အာဆီယံအဆင့္ ပထမဆုရ စာမူ

44
views

တစ္ကမာၻလုံး၏ အသည္းကို ကိုင္လႈပ္ခဲ့သည့္ျမန္မာျပည္သားတစ္ဦး၏ အာဆီယံအဆင့္ ပထမဆုရစာမူ

တစ္ကမာၻလုံး၏ ရင္ထဲအထိရွဆုံး ဘာသာ(၆)မ်ိဳးျဖင့္ ျပန္ဆိုထုတ္ေဝျခင္းခံရသည့္ မိဘအေပၚ ထားရွိသည့္ ဆရာ မင္းေသြးငယ္၏ အာဆီယံအဆင့္ ဘဝကိုယ္ေတြ႕ ျဖစ္ရပ္မွန္စာေပၿပိဳင္ပြဲ (Genuine Experience Based Literature Contest) ပထမဆုရ ရသစာေပ Post ေလးပါ

မုဒိတာႏွလုံးသားထဲက တဖိမ့္ဖိမ့္ တသိမ့္သိမ့္ ယိုစိမ့္လာတဲ့ စကား အေမၾကားေစေသာ္
**********

အေမေရ

အေမ သားကို အသက္ (၄၅) ႏွစ္မွာ

ေလ်ာ့ရဲ႕ေပ်ာ့တြဲေနတဲ့ လက္ေမာင္းသား

မရွိေတာ့တဲ့ သဘာဝညွစ္အားကို ရင္းလို႔

ေသမင္းနဲ႕သူနိုင္ကိုယ္နိုင္ အၿပိဳင္ စစ္ခင္းလို႔ ေသြးခ်င္းခ်င္းထုံေအာင္

သံျဖဴဇရပ္ေဆး႐ုံမွာ ခဲရာခက္ဆစ္

လူျဖစ္ေအာင္ ေမြးေပးခဲ့တယ္ေနာ္

အခု အေမ့သား မင္းေသြးငယ္ေလ

အေမေပးတဲ့ ခြန္အား အေမ့ေသြးသားနဲ႕ ဘဝစာမ်က္ႏွာေပါင္းမ်ားစြာ ႐ုန္းကန္ရင္း

အႀကိမ္ႀကိမ္ အခါခါ ျဖတ္သန္းနိုင္ခဲ့ပါရဲ႕အေမ

သားေမြးေန႕ဟာ လာမယ့္ ဇႏၷဝါရီလ (၂၄ ) (အေမ့ေက်းဇူးတရားေတြထုံမႊမ္းေမႊးပ်ံ့ေန တဲ့ အေမမ်ားေန႕) ေပါ့အေမရယ္

သားငယ္စဥ္က အေမ ေျပာေျပာေနတဲ့ နိုးတစ္ဝက္အိပ္ပ်က္ညေတြၾကား ေလာကဓံကို သီခ်င္းလုပ္ဆိုရင္း မိုးစင္စင္လင္းခဲ့တဲ့ သားတို႔ရဲ႕ဘဝ
သားဘယ္ေတာ့မွ ေမ့မရခဲ့ဘူးအေမ

ကိုယ္က်င့္သိကၡာကို ဘယ္လိုလူ႕ေလာကစည္းစိမ္နဲ႕မွ မစေတးရ ဆိုတဲ့ အေမ့အမွာစကား

သား ဘယ္ေတာ့မွ ပစ္ပယ္မထားခဲ့ဘူးအေမ

ကိုယ္ေလ်ာက္တဲ့လမ္း တပါးသူရဲ႕ ပန္းထြက္လာတဲ့ ေသာကမ်က္ရည္စက္ေတြနဲ႕

ရက္စက္စြာနင္းေျပး ေျခမေဆးမိေစနဲ႕ ဆိုတဲ့အေမ့စကား သားဘယ္ေတာ့မွ ေမ့မရခဲ့ဘူးအေမ

ပညာတတ္နည္းတဲ့ ေဟာဒီ ပတ္ဝန္းက်င္မွာ

ပညာတတ္သားသမီးကို ႏုံႏုံျခာျခာ ဆင္းဆင္းရဲရဲ ေမြးထုတ္ရဲတဲ့အေမ့ရဲ႕မိခင္ သတိၱမ်ိဳး ကမၺည္းထိုးေလာက္ပါတယ္အေမ
အေမဟာ သားသမီး (၈) ေယာက္ကို ေနပူပူ ႏွင္းသည္းသည္း ေခြၽး႐ႊဲ႐ႊဲ ဘဝမ်ိဳးစုံနဲ႕ ေလာကဓံအနိမ့္အျမင့္ေတြၾကား

ေယာက္်ားေတြ နည္းတူ မနားတမ္း ညေမွာင္ေမွာင္ အဆိပ္ျပင္းေတာေကာင္ေတြၾကား

ရာဘာစီးလွီး မၿငီးမျငဴ

ယုန္ရွာေတာထြက္ သမၺာန္ခတ္ရဲတဲ့မိခင္ေပါ့

တကယ္ေတာ့အေမဟာ

သားအတြက္ စံတင္ေလာက္တဲ့
ဂႏၶဝင္ေျမာက္ အေမေပါ့ အေမရယ္

အေမ သားအေပၚ အုတ္တစ္ခ်ပ္စာ မေပးဆပ္နိုင္ခဲ့ရင္ေတာင္ သဲတစ္ပြင့္စာအေမ့ေက်းဇူးအတြက္

သားတစ္သက္လုံး ေက်းဇူးတင္ေနမွာပါ

အေမ သားအေပၚလမင္းႀကီးေလာက္

အလင္းမေပးနိုင္ခဲ့ရင္ေတာင္

ပိုးစုန္းၾကဴ းတစ္ေကာင္စာ အလင္းအတြက္

အေမ့ေက်းဇူးကို သားဒီတစ္သက္ မေမ့ရက္ပါဘူးအေမရယ္

လူေတြတင္စားတဲ့ လျပည့္ညအလင္းဟာ

တိမ္ေရာင္စုံအလွေတြနဲ႕ လင္းပါရဲ႕

ပန္းေတြနဲ႕ သင္းပါရဲ႕ ဂုဏ္ေတြနဲ႕ ထင္းပါရဲ႕အေမ

ဒါေပမယ့္ သူတို႔က တိမ္မဖုန္းမီေလး သာနိုင္လင္းနိုင္ သင္းနိုင္တာပါအေမ

လမိုက္ညကင္းတဲ့ အေမ့ေက်းဇူးတရားကို

ဘယ္တုန္းကမီခဲ့ဖူးလို႔လဲ အေမရယ္

သားဒီစာေလးေရးေနတဲ့အခ်ိန္မွာ MRTV မွာ

မယ္ စၾကၤဝဠာေ႐ြးပြဲေတြ လာေနတယ္အေမ

သူတို႔ကို တစ္ကမၻၻာလုံးက ၿပဳံးအလွပိုင္ရွင္ လို႔

သတ္မွတ္ထားပါရဲ႕အေမ

ဒါေပမယ့္အေမရယ္ သားေက်ာင္းက အျပန္ အိမ္ေရွ႕ျပတင္းေပါက္နားက ဆီးႀကိဳေနတတ္တဲ့

အေမ့ရဲ႕ အသက္ (၅၀) ေက်ာ္ အၿပဳံးကို

ဘယ္တုန္းက မီခဲ့ဖူးလို႔လဲ အေမရယ္

သားေလ စာေရးလို႔ ေညာင္းလာတာနဲ႕

အိမ္ေရွ႕ဝရံတာကို ထြက္ၾကည့္လိုက္တာ

သားတို႔အိမ္ကို ေလးဘက္ေလးတန္ ကာရံထားတဲ့

ခံ့ခံ့ထည္ထည္ အုတ္တံတိုင္းႀကီးကိုေတြ႕တယ္

ဒါေပမယ့္ သားသမီးေတြ ႏွင္းမယို မိုးမစို ေနမခို ေအာင္ ရင္အုပ္မကြာ ကာကြယ္ေပးခဲ့တဲ့ အေမ့ရဲ႕ ေမတၱာတံတိုင္းကိုေတာ့ ဘယ္မီပါ့မလဲအေမရယ္

သားတို႔ဘဝ ႏုႏုငယ္ငယ္ လူမမယ္ဘဝမ်ိဳး မွာေတာင္

ေနျခည္ေၾကာင့္ မညွိုး ဆစ္ပိုးလည္းမထိုးေအာင္ အရိပ္တၾကည့္ၾကည့္ ျပဳစုပ်ိဳးေထာင္ခဲ့တာ အေမေပါ့

သားအေပၚ အေမ

တစ္စက္စာပဲေကာင္းေကာင္း

တစ္ကြက္စာပဲ ေကာင္းေကာင္း

အေမ့အေပၚ ထားရွိတဲ့သားရဲ႕သစၥာ

ဘယ္ေတာ့မွ မေျပာင္းလဲပါဘူးအေမရယ္

အေမမရွိဘဲ မင္းသြးငယ္ဆိုတာ

ျဖစ္မလာနိုင္ဘူးအေမ

တကယ္လို႔ အေမသာ

လူမွန္းမသိေသးတဲ့သားကို က်ီးထိုးထိုး ေခြးစားစား

လမ္းေဘးမွာ လူသူမသိ ပစ္ထားခဲ့ရင္

အခုေန သားဘဝ ဘယ္ဘုံဘဝေတာင္ ေရာက္ေနၿပီလဲ မေတြးရဲစရာပဲအေမရယ္

သားခု လို ျပည္သူေတြအတြက္ စာေရးနိုင္ဖို႔

ေဆးပညာနဲ႕ လူ႕အသက္ကိုကယ္တင္နိုင္ဖို႔

ဆရာတစ္ေယာက္အေနနဲ႕ ထူးခြၽန္တပည့္ေတြကို ေမြးထုတ္နိုင္ဖို႔ အေမလူျဖစ္ခြင့္ေပးခဲ့တယ္

ဒါေတာင္ မကေသး

လူသားဆန္ဖို႔ ႏွလုံးသားတစ္စုံ

စဥ္းစားတတ္ဖို႔ ဦးေႏွာက္တစ္စုံ

ေလာကကို ရႈျမင္တတ္ဖို႔ မ်က္ဝန္းတစ္စုံ

ကုသိုလ္တရားကို ဆုပ္ကိုင္ၿပီး

အကုသိုလ္တရားေတြ လႊတ္ခ်နိဳင္ဖို႔ လက္တစ္စုံ

အမွန္တရားကို ၾကားနာတတ္ဖို႔ နားတစ္စုံ

သားအတြက္ ပုံလို႔ အကုန္ေပးခဲ့ၿပီးၿပီပဲအေမရယ္ ဘာလိုေသးလို႔လဲ

အေမဟာ အဖိုးအဖြားေတြအတြက္ သမီးေကာင္း

အေဖ့အတြက္ ဇနီးျမတ္ သားသမီးအတြက္

အေသခံခ်စ္တဲ့ ဧကန္စင္စစ္ မိခင္ေကာင္းေပါ့အေမ

အေမဟာ

ၿငိမ္းခ်မ္းေရးနိုဘယ္လ္ဆုရွင္တစ္ဦးမဟုတ္ခဲ့ေပမယ့္

အိမ္တြင္းမီး အိမ္ျပင္မထြက္ေအာင္

အိမ္ျပင္က အပူမီး

အိမ္ထဲထိမစီးေအာင္စြမ္းေဆာင္ရင္း

ေရလာ ေနသာေအာင္ လမ္းကေလးေတြေဖာက္

ေပါက္ေနတဲ့ ေပါင္းျမက္ေတြကို ရွင္း

ႏွလုံးသားနဲ႕ လမ္းခင္းေပးခဲ့သူေပါ့အေမ

အေမမွတ္မိေသးရဲ႕လား

ဟိုး ရာမညေျမ ရာဘာေတာတန္းေလးနားက

ယိုင္နဲ႕နဲ႕ အိမ္အိုႀကီးမွာ ရာမညေျမ ရိုးရာသီခ်င္း မြန္လြမ္းခ်င္းေလးကို တေၾကာ္ေၾကာ္ဆို

အိုေအးေအးအိုနဲ႕

အို —-ခ်ိဳ လိုက္တဲ့ အေမ့တမ္းခ်င္း

သားသမီးရင္ထဲကို စီးဆင္းလိ့ု

မိသားစု ၿငိမ္းခ်မ္းျခင္းကို

အခမဲ့ စြမ္းေဆာင္ေပးခဲ့တာ အေမေပါ့

သားေလ

အေမမ်ိဳးစုံကို ေတြ႕ခဲ့ဖူးတယ္အေမ

ေမွာင္ပ်ပ် အရိပ္ကိုခိုလို႔

ဓါတ္မီးတိုင္ေအာက္ ေၾကာက္လန႔္တၾကား

မိန္းမသားသတၱိအားနဲ႕

သားသမီးေတြ ညမွွာအေမွးသား အိပ္စက္နိုင္ဖို႔္ ေသြးသားေပးဆပ္ေနရတဲ့အေမ

ခဝါသည္ဘဝနဲ႕ ေရငင္ရင္း မျမင္မစမ္း

ဗြမ္းခနဲ ေရတြင္းထဲက် ေသပြဲဝင္ခဲ့ရတဲ့အေမ

မိုးေရတက္ေရေတြၾကား ဗြက္ထူထူ စိုစို႐ႊဲ႐ႊဲ

လယ္ခင္းထဲမိုးမိ ပိုးထိေသခဲ့တဲ့အေမ

ေနမေကာင္းလ်က္သား

ေတာင္ယာခုတ္ရင္း အားယုတ္ေသခဲ့တဲ့အေမ

သားသမီးေတြရဲ႕ အရွက္နဲ႕ သိကၡာအတြက္ ေပးဆပ္

ေသြးထြက္ေသခဲ့တဲ့အေမ

အမ်ိဳးအတြက္အေနမွန္ အေသခံခဲ့တဲ့အေမ

လူမသိ သူမသိ ေသခဲ့တဲ့အေမ

စတဲ့ စတဲ့ အေမမ်ားစြာ ဒီေလာကကမၻၻာေျမမွာ ရွိခဲ့ဖူးပါေပါ့အေမရယ္

အေမတို႔တို႔လို လူသားေတြေၾကာင့္

ေလာကဟာေခတ္အဆက္ဆက္

လူသားမ်ိဳးဆက္ေတြ တည္ရွိေနခဲ့တာေပါ့

အခုေတာ့ အေမ သားတို႔ကို႔

ထာဝရ ႏႈတ္ဆက္ခဲ့ၿပီေနာ္

ကင္ဆာဆိုတဲ့ မရဏ ဓါးသြားထက္ထက္က

သားနဲ႕ အေမအၾကား သံေယာဇဥျ္ကိုးကို

ရက္ရက္စက္စက္ ပိုင္းျဖတ္

တစစီကြဲထြက္ခဲ့ရၿပီ အေမ

တကယ္ေတာ့

ကင္ဆာဆိုတာ လူကိုပဲ သတ္နိုင္တာပါ

အေမနဲ႕ သားအၾကား ေမတၱာတရား ကို

ဘယ္လိုမ ွမခြဲျဖတ္နိုင္ပါဘူးအေမရယ္

ခုလည္းေလ

မၿမဲျခင္းတရားကို သားနားလည္ေပမယ့္

ေကာင္းမြန္တဲ့ဘုံဘဝတစ္ခုမွာ

အေမနဲ႕သား ျပန္လည္ဆုံေတြ႕နိုင္တဲ့အထိ

ေလာကနိယာမတရားေအာက္မွာ

သား ဆင္ျခင္ၿပီး ေနခဲ့ပါ့မယ္ အေမ

အေမကြယ္လြန္ခဲ့တာ ၄ ႏွစ္တင္းတင္းရွိခဲ့ေပမယ့္

အေမမရွိေတာ့မွန္း သိရက္နဲ႕

သားေလ

ေနာင္မ်ားဆို

ရာမညေျမေျမက အေမ့အိမ္အိုေလးဆီ

တစ္ႏွစ္တစ္ေခါက္ ျပန္ေရာက္တိုင္း

မျပင္နိုင္တဲ့အက်င့္ေဟာင္းတစ္ခုေၾကာင့္

အေမအိပ္ေနက် အခန္းဝနားက ခန္းစီးလိုက္ကာစေလးကို

ဖြင့္ဟၾကည့္မိေနဦးမယ္အေမ

သားေလ

အေမ့အေၾကာင္းကို ဆံျဖဴသြားက်ိဳး အဘိုးအိုႀကီး ျဖစ္တဲ့အထိ ေျပာျဖစ္ ေရးျဖစ္ ေတြးျဖစ္ေနဦးမယ္အေမ

ေဆး႐ုံတစ္ဘက္ အတန္းတစ္ဘက္

မအားလပ္နိုင္တဲ့သား

လူပုံအလယ္ မငိုမိေအာင္ ဣေျနၶဆယ္ေနတဲ့ၾကား

အေမ့ကိုလြမ္းတဲ့အားနဲ႕

မ်က္ရည္ေတြ ဝဲမိေနဦးမယ္ အေမ

သား အေမ့အတြက္ ဂုဏ္ယူခဲ့သလို

အေမလည္း သားအတြက္ ဂုဏ္ယူေပးပါေနာ္

ဘယ္လိုပဲျဖစ္ျဖစ္ ေျခစုံလက္စုံလူသားအျဖစ္

ခဲရာခက္ဆစ္ လူျဖစ္ခြင္ေပးခဲ့တဲ့အေမ့ကို သားတစ္သက္လုံးေက်းဇူးတင္ေနမွာပါအေမ

သားရဲ႕ ေမြးေန႕ (အေမလူျဖစ္ခြင့္ေပးခဲ့တဲ့ေန႕)မွာ ေကာင္းမႈအစုစုအတြက္ အေမေရာက္ရာအရပ္က သာဓုေခၚေပးပါအေမ

အေမ့သား-မင္းေသြးငယ္
****
သစၥာစကားဆိုအံ့

က်န္ုပ္သည္ လူမွန္းသိတတ္စ အခ်ိန္မွစ၍ မိဘႏွစ္ပါးကို မည္သည့္အခါမွ စိတ္ဆင္းရဲေအာင္မျပဳလုပ္ခဲ့ဖူးပါ

ဤ မွန္ေသာသစၥာစကားေၾကာင့္က်န္ုပ္၏လိုအင္ဆႏၵတစ္လုံးတစ္ဝျပည့္၍ဤျဖစ္ရပ္မွန္ ရသ စာသားစာဖတ္သူႏွလုံးသားကို ထိရွရပါေစသား

မင္းေသြးငယ္ (ရာမညေျမ)

ေရာဂါေဗဒဌာန

နိုင္ငံေတာ္ႏွင့္ အာဆီယံအဆင့္ စာေပဆုမ်ားရွင္

ဤ Post ကို Share ျခင္းျဖင့္ ကာယကံကုသိုလ္ယူ၍ အေမေသြးႏွင့္မကင္းနိုင္သည့္အေမ့သားသမီးမ်ားအာလုံး အေမ့ေက်းဇူးတတ္သိနားလည္ နိုင္ၾကပါေစ

နားလည္႐ုံႏွင့္ မၿပီး အေမ့ေက်းဇူးကို လူပုံအလယ္ ထုတ္ေဖာ္ေျပာၾကားနိုင္ၾကပါေစ

ထုတ္ေဖာ္႐ုံႏွင့္ မၿပီး တကယ္ လက္ေတြ႕ေပးဆပ္နိုင္ၾကပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းလ်က္

ကင္ဆာဟူသည့္ ကံၾကမၼာမုန္းတိုင္းက အခ်စ္ႀကီးသည့္ အေမႏွင့္ သားအၾကား ရက္ရက္စက္စက္ ပိုင္းျဖတ္တစစီကြဲ ထြက္ခဲ့ရၿပီေလ

ျပင္းထန္သည့္ ေဝဒနာျဖင့္ အသက္ (၇၆) ႏွစ္ျဖင့္ ေျမခ ေႂကြက် ထာဝရလက္ျပ ႏႈတ္ဆက္ခဲ့သည့္မိခင္ခမ်ာမွာေတာ့ သားျဖစ္သူ ဤ Post ျဖင့္ပထမဆုရေၾကာင္း ကိုပင္ သိမသြားနိုင္ရွာေပ
credit ; စာေရးဆရာ မင္းေသြးငယ္ (ရာမညေျမ)
Unicode

တစ်ကမ္ဘာလုံး၏ အသည်းကို ကိုင်လှုပ်ခဲ့သည့်မြန်မာပြည်သားတစ်ဦး၏ အာဆီယံအဆင့် ပထမဆုရစာ

အာဆီယံအဆင့် ပထမဆုရ စာမူ

တစ်ကမ္ဘာလုံး၏ အသည်းကို ကိုင်လှုပ်ခဲ့သည့်မြန်မာပြည်သားတစ်ဦး၏ အာဆီယံအဆင့် ပထမဆုရစာမူ

တစ်ကမ္ဘာလုံး၏ ရင်ထဲအထိရှဆုံး ဘာသာ(၆)မျိုးဖြင့် ပြန်ဆိုထုတ်ဝေခြင်းခံရသည့် မိဘအပေါ် ထားရှိသည့် ဆရာ မင်းသွေးငယ်၏ အာဆီယံအဆင့် ဘဝကိုယ်တွေ့ ဖြစ်ရပ်မှန်စာပေပြိုင်ပွဲ (Genuine Experience Based Literature Contest) ပထမဆုရ ရသစာပေ Post လေးပါ

မုဒိတာနှလုံးသားထဲက တဖိမ့်ဖိမ့် တသိမ့်သိမ့် ယိုစိမ့်လာတဲ့ စကား အမေကြားစေသော်
**********

အမေရေ

အမေ သားကို အသက် (၄၅) နှစ်မှာ

လျော့ရဲ့ပျော့တွဲနေတဲ့ လက်မောင်းသား

မရှိတော့တဲ့ သဘာဝညှစ်အားကို ရင်းလို့

သေမင်းနဲ့သူနိုင်ကိုယ်နိုင် အပြိုင် စစ်ခင်းလို့ သွေးချင်းချင်းထုံအောင်

သံဖြူဇရပ်ဆေးရုံမှာ ခဲရာခက်ဆစ်

လူဖြစ်အောင် မွေးပေးခဲ့တယ်နော်

အခု အမေ့သား မင်းသွေးငယ်လေ

အမေပေးတဲ့ ခွန်အား အမေ့သွေးသားနဲ့ ဘဝစာမျက်နှာပေါင်းများစွာ ရုန်းကန်ရင်း

အကြိမ်ကြိမ် အခါခါ ဖြတ်သန်းနိုင်ခဲ့ပါရဲ့အမေ

သားမွေးနေ့ဟာ လာမယ့် ဇန္နဝါရီလ (၂၄ ) (အမေ့ကျေးဇူးတရားတွေထုံမွှမ်းမွှေးပျံ့နေ တဲ့ အမေများနေ့) ပေါ့အမေရယ်

သားငယ်စဉ်က အမေ ပြောပြောနေတဲ့ နိုးတစ်ဝက်အိပ်ပျက်ညတွေကြား လောကဓံကို သီချင်းလုပ်ဆိုရင်း မိုးစင်စင်လင်းခဲ့တဲ့ သားတို့ရဲ့ဘဝ
သားဘယ်တော့မှ မေ့မရခဲ့ဘူးအမေ

ကိုယ်ကျင့်သိက္ခာကို ဘယ်လိုလူ့လောကစည်းစိမ်နဲ့မှ မစတေးရ ဆိုတဲ့ အမေ့အမှာစကား

သား ဘယ်တော့မှ ပစ်ပယ်မထားခဲ့ဘူးအမေ

ကိုယ်လျောက်တဲ့လမ်း တပါးသူရဲ့ ပန်းထွက်လာတဲ့ သောကမျက်ရည်စက်တွေနဲ့

ရက်စက်စွာနင်းပြေး ခြေမဆေးမိစေနဲ့ ဆိုတဲ့အမေ့စကား သားဘယ်တော့မှ မေ့မရခဲ့ဘူးအမေ

ပညာတတ်နည်းတဲ့ ဟောဒီ ပတ်ဝန်းကျင်မှာ

ပညာတတ်သားသမီးကို နုံနုံခြာခြာ ဆင်းဆင်းရဲရဲ မွေးထုတ်ရဲတဲ့အမေ့ရဲ့မိခင် သတိ္တမျိုး ကမ္ဗည်းထိုးလောက်ပါတယ်အမေ
အမေဟာ သားသမီး (၈) ယောက်ကို နေပူပူ နှင်းသည်းသည်း ချွေးရွှဲရွှဲ ဘဝမျိုးစုံနဲ့ လောကဓံအနိမ့်အမြင့်တွေကြား

ယောက်ျားတွေ နည်းတူ မနားတမ်း ညမှောင်မှောင် အဆိပ်ပြင်းတောကောင်တွေကြား

ရာဘာစီးလှီး မငြီးမငြူ

ယုန်ရှာတောထွက် သမ္ဗာန်ခတ်ရဲတဲ့မိခင်ပေါ့

တကယ်တော့အမေဟာ

သားအတွက် စံတင်လောက်တဲ့
ဂန္ဓဝင်မြောက် အမေပေါ့ အမေရယ်

အမေ သားအပေါ် အုတ်တစ်ချပ်စာ မပေးဆပ်နိုင်ခဲ့ရင်တောင် သဲတစ်ပွင့်စာအမေ့ကျေးဇူးအတွက်

သားတစ်သက်လုံး ကျေးဇူးတင်နေမှာပါ

အမေ သားအပေါ်လမင်းကြီးလောက်

အလင်းမပေးနိုင်ခဲ့ရင်တောင်

ပိုးစုန်းကြူ းတစ်ကောင်စာ အလင်းအတွက်

အမေ့ကျေးဇူးကို သားဒီတစ်သက် မမေ့ရက်ပါဘူးအမေရယ်

လူတွေတင်စားတဲ့ လပြည့်ညအလင်းဟာ

တိမ်ရောင်စုံအလှတွေနဲ့ လင်းပါရဲ့

ပန်းတွေနဲ့ သင်းပါရဲ့ ဂုဏ်တွေနဲ့ ထင်းပါရဲ့အမေ

ဒါပေမယ့် သူတို့က တိမ်မဖုန်းမီလေး သာနိုင်လင်းနိုင် သင်းနိုင်တာပါအမေ

လမိုက်ညကင်းတဲ့ အမေ့ကျေးဇူးတရားကို

ဘယ်တုန်းကမီခဲ့ဖူးလို့လဲ အမေရယ်

သားဒီစာလေးရေးနေတဲ့အချိန်မှာ MRTV မှာ

မယ် စင်္ကြဝဠာရွေးပွဲတွေ လာနေတယ်အမေ

သူတို့ကို တစ်ကမ္ဘ္ဘာလုံးက ပြုံးအလှပိုင်ရှင် လို့

သတ်မှတ်ထားပါရဲ့အမေ

ဒါပေမယ့်အမေရယ် သားကျောင်းက အပြန် အိမ်ရှေ့ပြတင်းပေါက်နားက ဆီးကြိုနေတတ်တဲ့

အမေ့ရဲ့ အသက် (၅၀) ကျော် အပြုံးကို

ဘယ်တုန်းက မီခဲ့ဖူးလို့လဲ အမေရယ်

သားလေ စာရေးလို့ ညောင်းလာတာနဲ့

အိမ်ရှေ့ဝရံတာကို ထွက်ကြည့်လိုက်တာ

သားတို့အိမ်ကို လေးဘက်လေးတန် ကာရံထားတဲ့

ခံ့ခံ့ထည်ထည် အုတ်တံတိုင်းကြီးကိုတွေ့တယ်

ဒါပေမယ့် သားသမီးတွေ နှင်းမယို မိုးမစို နေမခို အောင် ရင်အုပ်မကွာ ကာကွယ်ပေးခဲ့တဲ့ အမေ့ရဲ့ မေတ္တာတံတိုင်းကိုတော့ ဘယ်မီပါ့မလဲအမေရယ်

သားတို့ဘဝ နုနုငယ်ငယ် လူမမယ်ဘဝမျိုး မှာတောင်

နေခြည်ကြောင့် မညှိုး ဆစ်ပိုးလည်းမထိုးအောင် အရိပ်တကြည့်ကြည့် ပြုစုပျိုးထောင်ခဲ့တာ အမေပေါ့

သားအပေါ် အမေ

တစ်စက်စာပဲကောင်းကောင်း

တစ်ကွက်စာပဲ ကောင်းကောင်း

အမေ့အပေါ် ထားရှိတဲ့သားရဲ့သစ္စာ

ဘယ်တော့မှ မပြောင်းလဲပါဘူးအမေရယ်

အမေမရှိဘဲ မင်းသွးငယ်ဆိုတာ

ဖြစ်မလာနိုင်ဘူးအမေ

တကယ်လို့ အမေသာ

လူမှန်းမသိသေးတဲ့သားကို ကျီးထိုးထိုး ခွေးစားစား

လမ်းဘေးမှာ လူသူမသိ ပစ်ထားခဲ့ရင်

အခုနေ သားဘဝ ဘယ်ဘုံဘဝတောင် ရောက်နေပြီလဲ မတွေးရဲစရာပဲအမေရယ်

သားခု လို ပြည်သူတွေအတွက် စာရေးနိုင်ဖို့

ဆေးပညာနဲ့ လူ့အသက်ကိုကယ်တင်နိုင်ဖို့

ဆရာတစ်ယောက်အနေနဲ့ ထူးချွန်တပည့်တွေကို မွေးထုတ်နိုင်ဖို့ အမေလူဖြစ်ခွင့်ပေးခဲ့တယ်

ဒါတောင် မကသေး

လူသားဆန်ဖို့ နှလုံးသားတစ်စုံ

စဉ်းစားတတ်ဖို့ ဦးနှောက်တစ်စုံ

လောကကို ရှုမြင်တတ်ဖို့ မျက်ဝန်းတစ်စုံ

ကုသိုလ်တရားကို ဆုပ်ကိုင်ပြီး

အကုသိုလ်တရားတွေ လွှတ်ချနိုင်ဖို့ လက်တစ်စုံ

အမှန်တရားကို ကြားနာတတ်ဖို့ နားတစ်စုံ

သားအတွက် ပုံလို့ အကုန်ပေးခဲ့ပြီးပြီပဲအမေရယ် ဘာလိုသေးလို့လဲ

အမေဟာ အဖိုးအဖွားတွေအတွက် သမီးကောင်း

အဖေ့အတွက် ဇနီးမြတ် သားသမီးအတွက်

အသေခံချစ်တဲ့ ဧကန်စင်စစ် မိခင်ကောင်းပေါ့အမေ

အမေဟာ

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တစ်ဦးမဟုတ်ခဲ့ပေမယ့်

အိမ်တွင်းမီး အိမ်ပြင်မထွက်အောင်

အိမ်ပြင်က အပူမီး

အိမ်ထဲထိမစီးအောင်စွမ်းဆောင်ရင်း

ရေလာ နေသာအောင် လမ်းကလေးတွေဖောက်

ပေါက်နေတဲ့ ပေါင်းမြက်တွေကို ရှင်း

နှလုံးသားနဲ့ လမ်းခင်းပေးခဲ့သူပေါ့အမေ

အမေမှတ်မိသေးရဲ့လား

ဟိုး ရာမညမြေ ရာဘာတောတန်းလေးနားက

ယိုင်နဲ့နဲ့ အိမ်အိုကြီးမှာ ရာမညမြေ ရိုးရာသီချင်း မွန်လွမ်းချင်းလေးကို တကြော်ကြော်ဆို

အိုအေးအေးအိုနဲ့

အို —-ချို လိုက်တဲ့ အမေ့တမ်းချင်း

သားသမီးရင်ထဲကို စီးဆင်းလိ့ု

မိသားစု ငြိမ်းချမ်းခြင်းကို

အခမဲ့ စွမ်းဆောင်ပေးခဲ့တာ အမေပေါ့

သားလေ

အမေမျိုးစုံကို တွေ့ခဲ့ဖူးတယ်အမေ

မှောင်ပျပျ အရိပ်ကိုခိုလို့

ဓါတ်မီးတိုင်အောက် ကြောက်လန့်တကြား

မိန်းမသားသတ္တိအားနဲ့

သားသမီးတွေ ညမှှာအမှေးသား အိပ်စက်နိုင်ဖို့် သွေးသားပေးဆပ်နေရတဲ့အမေ

ခဝါသည်ဘဝနဲ့ ရေငင်ရင်း မမြင်မစမ်း

ဗွမ်းခနဲ ရေတွင်းထဲကျ သေပွဲဝင်ခဲ့ရတဲ့အမေ

မိုးရေတက်ရေတွေကြား ဗွက်ထူထူ စိုစိုရွှဲရွှဲ

လယ်ခင်းထဲမိုးမိ ပိုးထိသေခဲ့တဲ့အမေ

နေမကောင်းလျက်သား

တောင်ယာခုတ်ရင်း အားယုတ်သေခဲ့တဲ့အမေ

သားသမီးတွေရဲ့ အရှက်နဲ့ သိက္ခာအတွက် ပေးဆပ်

သွေးထွက်သေခဲ့တဲ့အမေ

အမျိုးအတွက်အနေမှန် အသေခံခဲ့တဲ့အမေ

လူမသိ သူမသိ သေခဲ့တဲ့အမေ

စတဲ့ စတဲ့ အမေများစွာ ဒီလောကကမ္ဘ္ဘာမြေမှာ ရှိခဲ့ဖူးပါပေါ့အမေရယ်

အမေတို့တို့လို လူသားတွေကြောင့်

လောကဟာခေတ်အဆက်ဆက်

လူသားမျိုးဆက်တွေ တည်ရှိနေခဲ့တာပေါ့

အခုတော့ အမေ သားတို့ကို့

ထာဝရ နှုတ်ဆက်ခဲ့ပြီနော်

ကင်ဆာဆိုတဲ့ မရဏ ဓါးသွားထက်ထက်က

သားနဲ့ အမေအကြား သံယောဇဥြ်ကိုးကို

ရက်ရက်စက်စက် ပိုင်းဖြတ်

တစစီကွဲထွက်ခဲ့ရပြီ အမေ

တကယ်တော့

ကင်ဆာဆိုတာ လူကိုပဲ သတ်နိုင်တာပါ

အမေနဲ့ သားအကြား မေတ္တာတရား ကို

ဘယ်လိုမ ှမခွဲဖြတ်နိုင်ပါဘူးအမေရယ်

ခုလည်းလေ

မမြဲခြင်းတရားကို သားနားလည်ပေမယ့်

ကောင်းမွန်တဲ့ဘုံဘဝတစ်ခုမှာ

အမေနဲ့သား ပြန်လည်ဆုံတွေ့နိုင်တဲ့အထိ

လောကနိယာမတရားအောက်မှာ

သား ဆင်ခြင်ပြီး နေခဲ့ပါ့မယ် အမေ

အမေကွယ်လွန်ခဲ့တာ ၄ နှစ်တင်းတင်းရှိခဲ့ပေမယ့်

အမေမရှိတော့မှန်း သိရက်နဲ့

သားလေ

နောင်များဆို

ရာမညမြေမြေက အမေ့အိမ်အိုလေးဆီ

တစ်နှစ်တစ်ခေါက် ပြန်ရောက်တိုင်း

မပြင်နိုင်တဲ့အကျင့်ဟောင်းတစ်ခုကြောင့်

အမေအိပ်နေကျ အခန်းဝနားက ခန်းစီးလိုက်ကာစလေးကို

ဖွင့်ဟကြည့်မိနေဦးမယ်အမေ

သားလေ

အမေ့အကြောင်းကို ဆံဖြူသွားကျိုး အဘိုးအိုကြီး ဖြစ်တဲ့အထိ ပြောဖြစ် ရေးဖြစ် တွေးဖြစ်နေဦးမယ်အမေ

ဆေးရုံတစ်ဘက် အတန်းတစ်ဘက်

မအားလပ်နိုင်တဲ့သား

လူပုံအလယ် မငိုမိအောင် ဣနြေ္ဓဆယ်နေတဲ့ကြား

အမေ့ကိုလွမ်းတဲ့အားနဲ့

မျက်ရည်တွေ ဝဲမိနေဦးမယ် အမေ

သား အမေ့အတွက် ဂုဏ်ယူခဲ့သလို

အမေလည်း သားအတွက် ဂုဏ်ယူပေးပါနော်

ဘယ်လိုပဲဖြစ်ဖြစ် ခြေစုံလက်စုံလူသားအဖြစ်

ခဲရာခက်ဆစ် လူဖြစ်ခွင်ပေးခဲ့တဲ့အမေ့ကို သားတစ်သက်လုံးကျေးဇူးတင်နေမှာပါအမေ

သားရဲ့ မွေးနေ့ (အမေလူဖြစ်ခွင့်ပေးခဲ့တဲ့နေ့)မှာ ကောင်းမှုအစုစုအတွက် အမေရောက်ရာအရပ်က သာဓုခေါ်ပေးပါအမေ

အမေ့သား-မင်းသွေးငယ်
****
သစ္စာစကားဆိုအံ့

ကျန်ုပ်သည် လူမှန်းသိတတ်စ အချိန်မှစ၍ မိဘနှစ်ပါးကို မည်သည့်အခါမှ စိတ်ဆင်းရဲအောင်မပြုလုပ်ခဲ့ဖူးပါ

ဤ မှန်သောသစ္စာစကားကြောင့်ကျန်ုပ်၏လိုအင်ဆန္ဒတစ်လုံးတစ်ဝပြည့်၍ဤဖြစ်ရပ်မှန် ရသ စာသားစာဖတ်သူနှလုံးသားကို ထိရှရပါစေသား

မင်းသွေးငယ် (ရာမညမြေ)

ရောဂါဗေဒဌာန

နိုင်ငံတော်နှင့် အာဆီယံအဆင့် စာပေဆုများရှင်

ဤ Post ကို Share ခြင်းဖြင့် ကာယကံကုသိုလ်ယူ၍ အမေသွေးနှင့်မကင်းနိုင်သည့်အမေ့သားသမီးများအာလုံး အမေ့ကျေးဇူးတတ်သိနားလည် နိုင်ကြပါစေ

နားလည်ရုံနှင့် မပြီး အမေ့ကျေးဇူးကို လူပုံအလယ် ထုတ်ဖော်ပြောကြားနိုင်ကြပါစေ

ထုတ်ဖော်ရုံနှင့် မပြီး တကယ် လက်တွေ့ပေးဆပ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက်

ကင်ဆာဟူသည့် ကံကြမ္မာမုန်းတိုင်းက အချစ်ကြီးသည့် အမေနှင့် သားအကြား ရက်ရက်စက်စက် ပိုင်းဖြတ်တစစီကွဲ ထွက်ခဲ့ရပြီလေ

ပြင်းထန်သည့် ဝေဒနာဖြင့် အသက် (၇၆) နှစ်ဖြင့် မြေခ ကြွေကျ ထာဝရလက်ပြ နှုတ်ဆက်ခဲ့သည့်မိခင်ခမျာမှာတော့ သားဖြစ်သူ ဤ Post ဖြင့်ပထမဆုရကြောင်း ကိုပင် သိမသွားနိုင်ရှာပေ
credit ; စာေရးဆရာ မင္းေသြးငယ္ (ရာမညေျမ)