ပရိသတ်တွေဇဝေဇဝါဖြစ်သွားစေတဲ့ Post လေးတစ်ခုအကြောင်းကို သရုပ်ဆောင် ခွန်းဆင့်နေခြည် ရှင်လင်း

2
views

ပရိသတ်တွေဇဝေဇဝါဖြစ်သွားစေတဲ့ Post လေးတစ်ခုအကြောင်းကို သရုပ်ဆောင် ခွန်းဆင့်နေခြည် ရှင်လင်း
30/11/2017
2758













Khunn Sint Nay Chi

Unicode

ဟုတ်ကဲ့ပါရှင့် လွန်ခဲ့တဲ့သုံးလေးရက်လောက်ကပရိသတ်တွေဇဝေဇဝါဖြစ်သွားစေတဲ့ Post လေးတစ်ခုရဲ့အဖြေလေးကိုဖြေပေးပါ့မယ်နော်

သူထူးစံနဲ့ခွန်းဆင့်နေခြည် ချီထားတဲကလေးရဲ့နာမည်က အိန္ဒြာမိုးမြင့် ဖြစ်ပါတယ် သူ့မိဘများနာမည်က (ဦးရဲထွန်းမြတ်+ဒေါ်မြတ်စုခိုင်) ဖြစ်ပါတယ် ဒီကလေးက သရုပ်ဆောင်တစ်ယောက်ပါ

ဒီပုံလေးတွေက မိုင်တိုင်၂၆ သရဲ ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းပုံလေးတွေပါ အဲ့ဒီပုံထဲက ကလေး လေးဟာလည်း အခုဆို အတော်ကြီးနေပါပြီ အခုလက်ရှိအဲ့ဒီ့ကလေးရဲ့ဓါတ်ပုံလေးကိုလည်းအောက်မှာထည့်ပေးထားပါတယ်

ဟုတ်ကဲ့ ဒီလောက်ဆိုပရိသတ်တွေသိချင်နေကြတဲ့ သူထူးစံနဲ့ခွန်းဆင့်နေခြည်တို့ ချီထားတဲ့ ကလေး လေးရဲ့မိဘတွေကိုလည်းသိခွင့်ရသွားပြီးဖြစ်သလို နောက်ထပ်တစ်ခုသိချင်နေသေးတဲ့အဖြေကိုလည်း အလိုလိုသိသွားလောက်ပါပြီနော်

ဒီပုံနဲ့ဒီစာတွဲတင်ရတဲ့အကြောင်းရင်းကတော့ Page ရဲ့အက်မင်( Admin ) ကရေးတဲ့စာရဲ့အကြောင်းအရာနဲ့ လိုက်ဖက်မယ်ထင်လို့ အပြုသဘောဆောင်၍တင်လိုက်ခြင်းသာဖြစ်ပါတယ်ရှင့်

သူတို့နှစ်ယောက်ကို လိုက်ဖက်မှုရှိတာကတစ်ကြောင်းရယ် သူတို့နှစ်ယောက်တွဲရိုက်တဲ့ဇာတ်ကားလေးတွေက ပရိုဂျူဆာတွေအတွက်အကျိုးအမြတ်ရရှိတာများခဲ့တဲ့အတွက်ကြောင့်က တစ်ကြောင်းရယ်ကြောင့် ဇာတ်ကားတော်တော်များများ ပူးတွဲရိုက်ကူးခွင့်ရရှိခဲ့ကြတာပါ

သူတို့နှစ်ယောက်တွဲရိုက်ထားတဲ့ဇာတ်ကားတွေတော့အများကြီးရှိပါသေးတယ် မကြာခင်ရုံတင်ပြသတော့မဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကြီးမှာလည်းသူတို့နှစ်ယောက်ကိုတွဲပေးထားပါသေးတယ်

တခြားဇာတ်ကားတွေရဲ့ဇာတ်ဝင်ခန်းပုံတွေလည်းအများကြီးရှိပါသေးတယ်

ဒီ Actor နှစ်ယောက်ကိုချစ်ခင်ကြတဲ့ပရိသတ်များကို ကျေးဇူးတင်ပါတယ် လူတိုင်းမှာဘဝကိုယ်စီရှိကြပါတယ်

မိမိကြောင့် သူတပါးဘဝလေးတွေထိခိုက်ပျက်စီးမှုမဖြစ်စေချင်သောဆန္ဒဖြင့် အသိပေးရှင်းပြခြင်းဖြစ်ပါတယ်

Media များကလည်း ဒီအကြောင်းအရာလေးနဲ့ပတ်သတ်လို့ ပထမတင်တဲ့ post လေးနည်းတူ အဖြစ်မှန်ကိုသိချင်နေကြတဲ့ ပရိသတ်ရဲ့ဆန္ဒကိုဖြည့်ဆည်းသောအားဖြင့် ထပ်မံကူးယူဖော်ပြပေးလိုက်ကြပါလို့ •••

ကျေးဇူးတင်ပါတယ်ရှင့်

Khunn Sint Nay Chi

LEAVE A REPLY

Please enter your comment!
Please enter your name here