မ​ဆော့တာကြာလို့ ​ဆော့လိုက်​အုံးမယ်​ဆိုတဲ့ ​ခေးကြီးလုလု​အောင်

4
views




Credit: lwinpyin

Unicode

Single Mother တစ်ယောက်အနေနဲ့ပဲ ရပ်တည်နေပြီး အိမ်ထောင်ရေးလဲစိတ်မကုန်ပါဘူး ချစ်သူလဲ မရှိသေးပါဘူးဆိုပြီး ပွင့်ပွင့်လင်းလင်းပြောတတ်ပြီး ပရိသတ်ရဲ့ အချစ်တွေကို ရရှိထားတဲ့ သူကတော့ လုလုအောင်ပါ။ သူမကတော့ ဖိုတိုမော်ဒယ်တစ်ယောက်အနေနဲ့ပဲ ရပ်တည်နေပြီးတော့ လက်တလောမှာတော့ EDM ပွဲတစ်ခုအတွက် မန္တလေး ဦးပိန်တံတားပေါ်မှာ ဓါတ်ပုံတွေ ရိုက်နေတယ်လို့ သိရပါတယ်။

သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းမှုတွေရှိပေမယ့် လေ့လာထားတာတွေလဲ မရှိလို့ မရိုက်ဖြစ်ပဲ ဓါတ်ပုံတွေပဲ ရိုက်ဖြစ်တယ်လို့ သိရပါတယ်။ Gym လဲမဆော့ ဖြစ်တာကြာလို့ ဆော့လိုက်ဦးမယ်ဆိုတဲ့ ခေးကြီးလုလုအောင်ရဲ့ Gym ဆော့ဖို့ သွားတဲ့ ပုံလေးတွေကိုလဲ ဖော်ပြပေးလိုက်တယ်နော်။

ပရိသတ်တွေ အားပေးလို့ အခုလို ရပ်တည်နေနိုင်တာဖြစ်ပြီး အားလဲအရမ်းရှိပါတယ် ကျေးဇူးလဲ တင်ပါတယ်ဆိုတဲ့ ခေးကြီးလုလုကို ဆက်ပြီး အားပေးကြရအောင်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin

LEAVE A REPLY

Please enter your comment!
Please enter your name here