ခြဲစိတ္ျပဳျပင္ထားျခင္းမရွိဘဲ သဘာဝအတုိင္း အ႐ုပ္မေလးနဲ႔တူေနတဲ့ ေကာင္မေလး

2
views

ခြဲစိတ္ျပဳျပင္ထားျခင္းမရွိဘဲ သဘာဝအတုိင္း အ႐ုပ္မေလးနဲ႔တူေနတဲ့ ေကာင္မေလး
ေဆးပညာေခတ္ႀကီး ဖြံ႕ၿဖိဳးတုိတက္လာတဲ့အခါမွာ အလွအပအတြက္ ခြဲစိတ္ျပဳျပင္ၾကတဲ့သူေတြ မ်ားလာပါတယ္။ တစ္ခါက ေျခသလုံး႐ုိးကို ခ်ိဳးဆက္ၿပီး အရပ္ရွည္ေအာင္လုပ္ၾကသလုိ၊ တစ္ခ်ိဳ႕ကလည္း သဘာဝသိပ္မက်တဲ ့ဧရာမ ရင္သားႀကီးေတြ အစားထုိးခြဲစိတ္ၾကပါတယ္။ တစ္ခ်ိဳ႕ကေတာ့ မိေမြးတုိင္းဖေမြးတုိင္း မ်က္ႏွာနဲ႔တစ္ျခားဆီျဖစ္ေစတဲ့ မ်က္ႏွာေတြကို ခြဲစိတ္ၾကပါတယ္။တစ္ခ်ိဳ႕ေသာအမ်ိဳးသမီးေတြကေတာ့ ဘာဘီ႐ုပ္ကေလးနဲ႔တူဖုိ႔ ခါးသိမ္ေအာင္ နံ႐ုိးေတြ ဖယ္ထုတ္ၾကတာရွိသလုိ၊ တင္ပါးကိုလည္း သာမန္ထက္ႀကီးမားတဲ့ တင္ပါးႀကီးေတြကို အစားထုိးၾကပါတယ္။ အခု တ႐ုတ္ႏုိင္ငံ စီခၽြင္မွာေနထိုင္တဲ့ Kina Shen အမည္ရ မိန္းမပ်ိဳေလးကေတာ့ သဘာဝအတုိင္း အ႐ုပ္မေလးနဲ႔ တူေနတာပါ။သူမကို လူမႈကြန္ယက္တစ္ခုလုံးက သူမကို သက္ရွိဘာဘီအ႐ုပ္မေလး-လုိ႔ တင္စားေခၚေဝၚၾကတယ္လုိ႔ ဆုိပါတယ္။ သူမရဲ႕ လူမႈကြန္ယက္မွာ Follower ေပါင္း (၅)သိနး္ေက်ာ္ရွိၿပီး၊ သူမရဲ႕ မိတ္ကပ္ပညာကလည္း အံ့မခန္းပါဘဲ။ ပရိသတ္တစ္ခ်ိဳ႕ကေတာ့ Shen ကုိ တကယ္လူေကာဟုတ္ရဲ႕လား၊ အ႐ုပ္ကေလးလားဆုိၿပီးေတာ့ေတာင္ ေမးရတယ္လုိ႔ ဆုိပါတယ္။ယခင္တုန္းကေတာ့ Shen ကုိ ခြဲစိတ္ျပဳျပင္ထားတယ္လုိ႔ စြပ္စြဲခဲ့ေပမယ့္ Shen ကေတာ့ မညသည့္ေျဖရွင္းမႈမွ မျပဳလုပ္ခဲ့ပါဘူး။ ဒါေပမယ့္ ေနာက္ပုိင္းမွာ သူမရဲ႕ အလွတရားနဲ႔ မိတ္ကပ္စြမ္းရည္ကို လူေတြ သတိထားမိလာၾကပါတယ္။ ဒီအထဲမွာ တစ္ခ်ိဳ႕က သူမရဲ႕ ခႏၶာကုိယ္အေနအထားရ တရုတ္ႏုိင္ငံသူမဟုတ္ႏုိင္ေၾကာင္း ဆုိျပန္ပါတယ္။Shen ရဲ႕ မ်က္လုံးဟာ အညိဳေရာင္ဘက္ သမ္းၿပီး၊ ႀကီးမားဝုိင္းစက္ေနလုိ႔ပါ။ သူမက ဒီကိစၥကုိေတာ့ ေျဖရွင္းခဲ့ၿပီး၊ အေဖတ႐ုတ္၊ အေမတ႐ုတ္ သူမကလည္း တရုတ္လူမ်ိဳး ၁၀၀% ျဖစ္ေၾကာင္းဆုိခဲ့ပါတယ္။ သူမ မိတ္ကပ္လုံးဝျပင္မထားတဲ့ အေနအထားမွာေတာ့ တရုတ္ဆုိတာ လူတုိင္းလက္ခံခဲ့ၾကၿပီး၊ မိတ္ကပ္ပညာစြမ္း ျပလုိက္ရင္ေတာ့ မိန္းကေလးေတြ အားက်ရတဲ့ ဘာဘီအ႐ုပ္မေလးဘဝကုိ ပုိင္ဆုိင္သြားတာ သူမရဲ႕ ကုသုိလ္ကံတစ္ခုပဲလုိ႔ ဆုိရမွာပါ။
နတ္စည္ေတာ္ (Shwemmom)

 

Unicode

 

ခွဲစိတ်ပြုပြင်ထားခြင်းမရှိဘဲ သဘာဝအတိုင်း အရုပ်မလေးနဲ့တူနေတဲ့ ကောင်မလေး
ဆေးပညာခေတ်ကြီး ဖွံ့ဖြိုးတိုတက်လာတဲ့အခါမှာ အလှအပအတွက် ခွဲစိတ်ပြုပြင်ကြတဲ့သူတွေ များလာပါတယ်။ တစ်ခါက ခြေသလုံးရိုးကို ချိုးဆက်ပြီး အရပ်ရှည်အောင်လုပ်ကြသလို၊ တစ်ချို့ကလည်း သဘာဝသိပ်မကျတဲ့ဧရာမ ရင်သားကြီးတွေ အစားထိုးခွဲစိတ်ကြပါတယ်။ တစ်ချို့ကတော့ မိမွေးတိုင်းဖမွေးတိုင်း မျက်နှာနဲ့တစ်ခြားဆီဖြစ်စေတဲ့ မျက်နှာတွေကို ခွဲစိတ်ကြပါတယ်။တစ်ချို့သောအမျိုးသမီးတွေကတော့ ဘာဘီရုပ်ကလေးနဲ့တူဖို့ ခါးသိမ်အောင် နံရိုးတွေ ဖယ်ထုတ်ကြတာရှိသလို၊ တင်ပါးကိုလည်း သာမန်ထက်ကြီးမားတဲ့ တင်ပါးကြီးတွေကို အစားထိုးကြပါတယ်။ အခု တရုတ်နိုင်ငံ စီချွင်မှာနေထိုင်တဲ့ Kina Shen အမည်ရ မိန်းမပျိုလေးကတော့ သဘာဝအတိုင်း အရုပ်မလေးနဲ့ တူနေတာပါ။သူမကို လူမှုကွန်ယက်တစ်ခုလုံးက သူမကို သက်ရှိဘာဘီအရုပ်မလေး-လို့ တင်စားခေါ်ဝေါ်ကြတယ်လို့ ဆိုပါတယ်။ သူမရဲ့ လူမှုကွန်ယက်မှာ Follower ပေါင်း (၅)သိန်းကျော်ရှိပြီး၊ သူမရဲ့ မိတ်ကပ်ပညာကလည်း အံ့မခန်းပါဘဲ။ ပရိသတ်တစ်ချို့ကတော့ Shen ကို တကယ်လူကောဟုတ်ရဲ့လား၊ အရုပ်ကလေးလားဆိုပြီးတော့တောင် မေးရတယ်လို့ ဆိုပါတယ်။ယခင်တုန်းကတော့ Shen ကို ခွဲစိတ်ပြုပြင်ထားတယ်လို့ စွပ်စွဲခဲ့ပေမယ့် Shen ကတော့ မညသည့်ဖြေရှင်းမှုမှ မပြုလုပ်ခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ သူမရဲ့ အလှတရားနဲ့ မိတ်ကပ်စွမ်းရည်ကို လူတွေ သတိထားမိလာကြပါတယ်။ ဒီအထဲမှာ တစ်ချို့က သူမရဲ့ ခန္ဓာကိုယ်အနေအထားရ တရုတ်နိုင်ငံသူမဟုတ်နိုင်ကြောင်း ဆိုပြန်ပါတယ်။Shen ရဲ့ မျက်လုံးဟာ အညိုရောင်ဘက် သမ်းပြီး၊ ကြီးမားဝိုင်းစက်နေလို့ပါ။ သူမက ဒီကိစ္စကိုတော့ ဖြေရှင်းခဲ့ပြီး၊ အဖေတရုတ်၊ အမေတရုတ် သူမကလည်း တရုတ်လူမျိုး ၁၀၀% ဖြစ်ကြောင်းဆိုခဲ့ပါတယ်။ သူမ မိတ်ကပ်လုံးဝပြင်မထားတဲ့ အနေအထားမှာတော့ တရုတ်ဆိုတာ လူတိုင်းလက်ခံခဲ့ကြပြီး၊ မိတ်ကပ်ပညာစွမ်း ပြလိုက်ရင်တော့ မိန်းကလေးတွေ အားကျရတဲ့ ဘာဘီအရုပ်မလေးဘဝကို ပိုင်ဆိုင်သွားတာ သူမရဲ့ ကုသိုလ်ကံတစ်ခုပဲလို့ ဆိုရမှာပါ။

နတ်စည်တော် (Shwemmom)

LEAVE A REPLY

Please enter your comment!
Please enter your name here