“မြန်မာနိုင်ငံတွင် ပထမဦးဆုံး MMA သင်တန်းဖွင့်လှစ် “

2
views

MMA ကစားသမားဖိုးသော်သည် မြန်မာနိုင်ငံတွင် ပထမဆုံး MMA (ကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်ရသည့်) သင်တန်းကို ဒီဇင်ဘာ ၁ ရက်နေ့ (ယနေ့မနက်ပိုင်း) ၌ ဖွင့်လှစ်ခဲ့သည်။
ယင်းသင်တန်းကို Team PT အမည်ဖြင့် ရန်ကုန်မြို့ ဗဟန်းမြို့ နယ် ရွှေမြင့်မိုရ်အိမ်ရာ ခြောက်လွှာ၌ ဖွင့်လှစ်ခဲ့ပြီး Mixed Martial Arts-MMA နှင့်ပတ်သက်သော လက်ဝှေ့၊ ကရာတေး၊ ဂျူဂျစ်ဆု အစရှိသည့် ကစားနည်းများကို အခြေခံကစ၍ သင်ကြားပေးမည် ဖြစ်ကြောင်း ဖိုးသော်က ပြောသည်။

MMA ကစားသမားဖိုးသော်သည် ၂၀၁၅ တွင် MMA ပြိုင်ပွဲများ၌ စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး MMA ပြိုင်ပွဲတစ်လျှောက် ပြည်တွင်းကစားသမား ချင်း ငါးပွဲယှဉ်ပြိုင်ထိုးသတ်ရာ ငါးပွဲစလုံး အနိုင်ရရှိထားသည်။

One Championship က ကြီးမှူး၍ MMA ပြိုင်ပွဲများကို ၂၀၁၅ ခုနှစ်က စတင်မိတ်ဆက်ကာ မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပခဲ့ ပြီး ပရိသတ်စိတ်ဝင်စားအားပေး မှုများပြားခဲ့သည်။

သတင်း – ရွှေဘုတ်
via 7 Day

LEAVE A REPLY

Please enter your comment!
Please enter your name here