ပ်ားရည္ႏွင့္မတည့္ေသာအစားအစာမ်ား

ပ်ားရည္ဟာေဆးဖက္၀င္ပစၥည္းတစ္မ်ိဳးဆိုတာကေတာ့ မွန္ပါတယ္။

သံုးတတ္ရင္ ေဆးဖက္၀င္ေပမယ့္ သူနဲ့မတည့္သည့္အရာေတြကလည္း အနည္းငယ္ ရွိေနပါတယ္။

အဲဒါေတြနဲ့ တြဲစားမိရင္ အခန့္မသင့္ရင္ ေအာ့အန္တာ၊ ေခါင္းမူးတာေတြကိုျဖစ္ေစတတ္ပါတယ္။

သတိထားႏိုင္ၾကေစရန္ ေစတနာျဖင့္ မွ်ေ၀ေပးလိုက္ပါတယ္။

(၁) လက္ဖက္

(၂) အုန္းႏို့

(၃) ၾသဇာသီး

(၄) ပိႏၷဲသီး

(၅) ဥသွ်စ္သီး

(၆) မယ္ဇလီရြက္

(၇) တမာရြက္

(၈) ဆူးပန္းရြက္

(၉) ပိတ္ခ်င္းရြက္

(၁၀) ၾကာေစ့

အရာရာတိုင္းမွာ သတိေလးကိုေဆာင္ျပီး အႏၱရာယ္မ်ားကို ေရွာင္ႏိုင္ၾကပါေစ။

Credit :၀ရဇိန္မင္း

ေရွးေခတ္ကပ်ားရည္စစ္မစစ္စမ္းသပ္နည္း

ထုိဆိုခဲ့ၿပီးသည္တို႔မွတစ္ပါး ပ်ားရည္ကိုသာလွ်င္ က်န္းမာအသက္ရွည္ေရး အတြက္ အသံုးျပဳပံုမ်ားကို ဆက္လက္ေဖာ္ျပလိုပါသည္။

ထိုသို႔ပ်ားရည္အသံုး ျပဳရာတြင္ ပ်ားရည္အစစ္ျဖစ္ရန္အလြန္အေရးႀကီးေသာေၾကာင့္ ပ်ားရည္အ စစ္ျဖစ္ရန္ စမ္းသပ္ပံုမ်ားကို အနည္းငယ္ေဖာ္ျပလိုပါသည္။

ျမန္မာ႐ိုးရာတစ္ေလွ်ာက္လံုး၌ ပ်ားရည္စစ္မစစ္ကို နည္းအမ်ိဳးမ်ိဳးျဖင့္စမ္းသပ္ၾက၏။ ထိုနည္းတို႔သည္လည္း “တစ္ေက်ာင္းတစ္ဂါထာ တစ္ရြာတစ္ ပုဒ္ဆန္း”ဆိုသကဲ့သို႔ ေဒသအလိုက္၊ အမ်ိဳးမ်ိဳးကြဲျပားၾကေလသည္။

ထိုသို႔ မ်ားျပားလွေသာ ပ်ားရည္စစ္မစစ္ စမ္းသပ္နည္းမ်ားတြင္လြယ္ကူၿပီး၊ သဘာ၀က် ေသာ နည္းမ်ားကို ေယဘူယ်မွတ္သားသင့္ေပသည္။

(၁)ပ်ားရည္သည္ ေခြးကိုေကြၽးၾကည့္၍ ေခြးမစားလွ်င္ ပ်ားရည္အစစ္ျဖစ္ၿပီး၊ ေခြးစားလွ်င္ပ်ားရည္မစစ္ႏိုင္။

(၂)ပ်ားရည္ကို ၀ါဂြမ္းတြင္ ဆြတ္၍ ထို၀ါဂြမ္းကို မီး႐ိႈ႕ၾကည့္ရသည္။
မီးေလာင္လွ်င္ပ်ားရည္စစ္ၿပီး၊ မီးမေလာင္လွ်င္ ပ်ာရည္မစစ္ပါ။

(၃)ပ်ားရည္တြင္ ပ်ားေကာင္မ်ားကို ခ်ၾကည့္၍ ပ်ားေကာင္မေသ၊ ေရကူးသကဲ့သို႔ ကူးၿပီးထပ်ံသြားလွ်င္ပ်ားရည္စစ္ျဖစ္ၿပီး၊ ပ်ားေကာင္သည္ ထိုပ်ားရည္တြင္ နစ္ၿပီးေသလွ်င္ ပ်ားရည္မစစ္ပါ။

(၄)ပ်ားရည္ပုလင္းတြင္ မန္က်ည္းေစ့ကိုထည့္ၾကည့္ပါ။ မန္က်ည္းေစ့ေပၚေနလွ်င္ပ်ားရည္စစ္ၿပီး၊ ျမဳပ္သြားလွ်င္ပ်ားရည္မစစ္ပါ၊

ပုလင္းကုိေဇာက္ထိုးထားလိုက္လွ်င္ထုိမန္းက်ည္းေစ့သည္အျမန္ဆံုးေပၚလာသည္ကိုၾကည့္ၿပီး အျပန္အလွန္စမ္းသပ္ႏိုင္ပါသည္။

(၅)ပ်ားရည္ကို လက္ဖက္ေျခာက္စပ္ထားေသာ ေရေႏြးတြင္ထည့္လိုက္၍ မဲသြားလွ်င္မစစ္ပါ၊ အေရာင္မေျပာင္ဘဲ ရွိေနလွ်င္ အစစ္ျဖစ္သည္ ဟုမွတ္ယူရမည္ျဖစ္ေပသည္။

ပ်ားရည္အတုပင္ျဖစ္ေစ၊ ပ်ားရည္အစစ္ပင္ျဖစ္ေစ ထိုသို႔ စမ္းသပ္ၿပီး၍ အစစ္ျဖစ္ေသာပ်ားရည္သည္ စားေသာက္ေသာအခါ၌ –

ႏႈတ္ကိုၿမိန္ေစတတ္၏။

၀မ္းမီးကို ေတာက္ေစတတ္၏။

ပ်ိဳ႕အန္ျခင္း၊ ေခ်ာင္းဆိုးျခင္းကို ေပ်ာက္ကင္း ေစတတ္၏။

-ေသြးယိုစီး၊ ၀မ္းသက္ျခင္း၊ ႀကိဳ႕ထိုးျခင္းတို႔ကို ပယ္ေဖ်ာက္တတ္၏။

၀မ္းတြင္းရွိ ပိုးတို႔ကို ေကာင္းစြာ ႏိုင္နင္း၏။

အေရျပားကို ၾကည္လင္ေတာက္ ပေစ၏။

ေၾကညက္ၿပီးေသာအခါ ေအးေသာသတၱိရွိ၏။ ေၾကညက္လြယ္၏။

ရသဟရဏီအရသာကိုေဆာင္ေသာ တစ္ေထာင္ေသာအေၾကာတို႔ကို သန္႔ ရွင္းေစတတ္၏။

သုက္ဓာတ္ကို ပြားမ်ားေစတတ္၏။ ခြန္အားကိုျဖစ္ေစတတ္၏။

ကိုယ္ေရအဆင္းကိုထြန္းလင္းေတာက္ပေစတတ္၏။

မ်က္စိ စေသာ အၾကည္ ဓာတ္တို႔ကို တိုးတက္ထက္ျမက္ေစတတ္၏။

အရက္မူးေရာဂါ၊ ေတြေ၀ေသာ ေရာဂါ၊ ႏွလံုးေရာဂါ၊ ၀ါသင့္နာေရာဂါတို႔ကို ေပ်ာက္ကင္းေစတတ္၏။

အ႐ိုး က်ိဳးျခင္းကို လ်င္ျမန္စြာ သက္သာေစတတ္၏။

ႏူနာ၊ ျမင္းသ႐ိုက္ေရာဂါ၊ ခယ႐ုဂ္ေရာဂါ၊ ေသာသေရာဂါ၊ ျမစ္ေျခာက္နာ တို႔ကို ေပ်ာက္ကင္းေစတတ္၏။

ထူျခားေသာစြမ္းရည္အားျဖင့္ပ်ားရည္သည္ ဆင္ေလာက္၀ေသာသူကို ကြၽဲေလာက္ပိန္ေစတတ္သည္။

ထိုထက္ထူးျခားစြာ မွတ္သားၾကသည္မွာ အသစ္ျဖစ္ေသာ လတ္ဆတ္ေသာ ပ်ားရည္သည္ လူကို ၀ေစတတ္သည္။

အေဟာင္းျဖစ္ေသာ ပ်ားရည္သည္ လူကိုပိန္ေစတတ္သည္။

လူတို႔၏ေကာင္းက်ိဳးကို ပ်ားရည္သည္ အၿမဲတေစျပဳတတ္သည္။

ပ်ားရည္သည္ မိခင္ႏွင့္တူသည္။ လူသားတို႔အား မိခင္ကဲ့သို႔ အက်ိဳးျပဳ တတ္၏။ မိခင္သည္ပင္လွ်င္ သားသမီးတို႔အား ေဒါသအေလ်က္႐ိုက္ပုတ္ တတ္ေသး၏။

ပ်ားရည္သည္ မည္သည့္အခါမွ် လူသားတို႔အား မ႐ိုက္ပုတ္ တတ္၊ လူသားတို႔၏ အက်ိဳးမဲ့ကို မည္သည့္အခါမွ် မျပဳတတ္ဟု ေရွးေဟာင္း စာေပတို႔၌ ဆို႐ိုးရွိ၏။

ထိုဆိုခဲ့သည္တို႔သည္ အစစ္ျဖစ္ေသာပ်ားရည္ကို ဆုိ လိုျခင္းျဖစ္သည္။

ပ်ားရည္ရရွိေသာ ပန္းပြင့္၏ စြမ္းရည္အလိုက္ ပ်ားရည္၏ အစြမ္းသတၱိကား အနည္းငယ္ ေျပာင္းလဲတတ္ၾကကုန္၏။

“ပ်ားရည္ႏွင့္ အပူအေအး”

ပ်ားရည္ကို ပူသည္ဟူ၍လည္းေကာင္း၊ ေအးသည္ဟူ၍လည္းေကာင္း အမ်ိဳးမ်ိဳး၀ိ၀ါဒကြဲေနၾက၏။ အမ်ိဳးမ်ိဳး ေျပာဆိုကုန္ၾက၏။

ထိုတြင္စားသံုး ၾကည့္ျခင္းျဖင့္ ပူရွိန္းေသာ အရသာကိုလည္းေကာင္း၊ ေရငတ္ျခင္း၊ ဆာ ေလာင္ျခင္းတုိ႔ျဖင့္ လည္းေကာင္း၊ ပူသည္ဟုဆိုၾကကုန္၏။

ခ်ိဳခြၽဲေအးေသာ သေဘာျဖင့္လည္း ေအးသည္ဟု ဆိုၾကျပန္သည္။ စင္စစ္ ပူသည္ေအးသည္ ဟူေသာ ျပႆနာသည္ ေျဖရွင္းစရာမလိုသကဲ့သို႔ မွတ္ယူအပ္၏။

ပ်ားရည္ တြင္ ႏွစ္ေပါင္းမ်ားစြာေအာင္းေနေသာ ေတေဇာသည္းေျခအခိုးသည္ ရွိရၿမဲ ျဖစ္သည္။ ထိုအခိုက္ ပူသည္ဟုမွတ္ယူအပ္၏။

သို႔ေသာ္ စားေသာက္သံုးေဆာင္ေသာအခါ၌ တစ္ဖက္စြန္းသို႔မေရာက္ေသာ မွ်တေသာ အေအးဓာတ္စြမ္းရည္ကို ေပးႏိုင္၏။

ပ်ားရည္ကို ေရွးသူတို႔ မ်က္စဥ္းခတ္ၾကသည္ကို ေထာက္၍လည္း ေအးေၾကာင္းသိသာႏိုင္ေပသည္။

“ပ်ားရည္ကို မက်ိဳခ်က္ရ”

က်ိဳခ်က္၍ အသံုးျပဳရေသာ ေဆးဖက္မ်ားတြင္ ပ်ာရည္သည္ ပါ၀င္လာ ေသာအခါ ပ်ားရည္ကို တိုက္႐ိုက္မက်ိဳခ်က္ရေပ။ ပ်ားရည္ကိုမက်ိဳခ်က္ရျခင္း အေၾကာင္းမ်ားကား-

(၁)ပ်ားရည္တြင္ပါ၀င္ေသာ သဘာ၀ၾသဇာဓာတ္သည္ မီးႏွင့္ေတြ႔ေသာအခါ ေပ်ာက္ပ်က္သြားတတ္ျခင္း။

(၂)အမ်ိဳးမ်ိဳးေသာ ပန္းပြင့္တို႔မွ ၀တ္ရည္မ်ားကို စုေဆာင္းထားျခင္းျဖစ္၍မီးႏွင့္ေတြ႔ေသာအခါ အခ်င္းခ်င္း ပဋိပကၡျဖစ္တတ္ျခင္း။

(၃)အဆိပ္ရွိေသာ ပန္း၀တ္ရည္မ်ား ပါ၀င္ေနျခင္း။

(၄)အဆိပ္ရွိေသာ ပ်ားေကာင္မ်ားက ျပဳလုပ္ဖန္တီးထားေသာပစၥည္း ျဖစ္ေနျခင္း။

(၅)ေအးေသာ သေဘာသတၱိရွိျခင္းေၾကာင့္ မီးပူႏွင့္ ပဋိပကၡျဖစ္တတ္ျခင္း စေသာအေၾကာင္းမ်ားျဖစ္တတ္ကုန္၏။

“ပ်ားရည္ကို က်ိဳခ်က္လိုလွ်င္”

ပ်ားရည္ကို မီးႏွင့္မက်ိဳခ်က္ရဟု ဆိုေသာ္လည္း မျဖစ္မေန က်ိဳခ်က္ရန္ ႀကံဳလာေသာအခါ အျပစ္ကင္းေသာ က်ိဳခ်က္နည္းျဖင့္ က်ိဳခ်က္ရန္လိုအပ္ ေပသည္။

(၁)ပ်ားရည္ ၈-ဆတြင္ ေရတစ္ဆေရာပါ၊ ထို႔ေနာက္က်ိဳခ်က္ပါ၊ေရကုန္၍ပ်ားရည္ခ်ည္းက်န္ေသာအခါ ပ်ားရည္သည္ အျပစ္ကင္းစြာျဖင့္ေၾကက်က္ၿပီဟုမွတ္ယူရသည္။

(၂)ေဆးဖက္တို႔ျဖင့္ ေရာေႏွာက်ိဳခ်က္လိုေသာအခါ အလံုးစံုေဆးဘက္တို႔ကိုက်ိဳခ်က္ၿပီး၍ ခြင္ေပၚမွ ေဆးကိုခ်ၿပီးမွ ထည့္လိုေသာပ်ားရည္ကိုထည့္ပါ။ ၿပီးမွနာနာေမႊပါ။

ထိုသို႔ျပဳလုပ္ျခင္းျဖင့္အျပစ္ကင္းေသာ ပ်ားရည္၏ ေၾကက်က္ျခင္းကို ေရာက္သည္ဟုမွတ္ယူရသည္။

ျမန္မာ့အာယုေဗၺဒ သိမ္ျဖဴေဆးသိပၸံဆရာေတာ္ေရးသားေသာ ” အုိမႈႏွင့္ဆုိင္ရာ ျပႆနာမ်ား “စာအုပ္ မွ ပ်ားရည္(၃)

PannPwint#@AZ

Photos >> the original uploader

ပျားရည်ဟာဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဆိုတာကတော့ မှန်ပါတယ်။

သုံးတတ်ရင် ဆေးဖက်ဝင်ပေမယ့် သူနဲ့မတည့်သည့်အရာတွေကလည်း အနည်းငယ် ရှိနေပါတယ်။

အဲဒါတွေနဲ့ တွဲစားမိရင် အခန့်မသင့်ရင် အော့အန်တာ၊ ခေါင်းမူးတာတွေကိုဖြစ်စေတတ်ပါတယ်။

သတိထားနိုင်ကြစေရန် စေတနာဖြင့် မျှဝေပေးလိုက်ပါတယ်။

(၁) လက်ဖက်

(၂) အုန်းနို့

(၃) သြဇာသီး

(၄) ပိန္နဲသီး

(၅) ဥသျှစ်သီး

(၆) မယ်ဇလီရွက်

(၇) တမာရွက်

(၈) ဆူးပန်းရွက်

(၉) ပိတ်ချင်းရွက်

(၁၀) ကြာစေ့

အရာရာတိုင်းမှာ သတိလေးကိုဆောင်ပြီး အန္တရာယ်များကို ရှောင်နိုင်ကြပါစေ။

Credit :၀ရဇိန်မင်း

ရှေးခေတ်ကပျားရည်စစ်မစစ်စမ်းသပ်နည်း

ထိုဆိုခဲ့ပြီးသည်တို့မှတစ်ပါး ပျားရည်ကိုသာလျှင် ကျန်းမာအသက်ရှည်ရေး အတွက် အသုံးပြုပုံများကို ဆက်လက်ဖော်ပြလိုပါသည်။

ထိုသို့ပျားရည်အသုံး ပြုရာတွင် ပျားရည်အစစ်ဖြစ်ရန်အလွန်အရေးကြီးသောကြောင့် ပျားရည်အ စစ်ဖြစ်ရန် စမ်းသပ်ပုံများကို အနည်းငယ်ဖော်ပြလိုပါသည်။

မြန်မာရိုးရာတစ်လျှောက်လုံး၌ ပျားရည်စစ်မစစ်ကို နည်းအမျိုးမျိုးဖြင့်စမ်းသပ်ကြ၏။ ထိုနည်းတို့သည်လည်း “တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ် ပုဒ်ဆန်း”ဆိုသကဲ့သို့ ဒေသအလိုက်၊ အမျိုးမျိုးကွဲပြားကြလေသည်။

ထိုသို့ များပြားလှသော ပျားရည်စစ်မစစ် စမ်းသပ်နည်းများတွင်လွယ်ကူပြီး၊ သဘာဝကျ သော နည်းများကို ယေဘူယျမှတ်သားသင့်ပေသည်။

(၁)ပျားရည်သည် ခွေးကိုကျွေးကြည့်၍ ခွေးမစားလျှင် ပျားရည်အစစ်ဖြစ်ပြီး၊ ခွေးစားလျှင်ပျားရည်မစစ်နိုင်။

(၂)ပျားရည်ကို ၀ါဂွမ်းတွင် ဆွတ်၍ ထိုဝါဂွမ်းကို မီးရှို့ကြည့်ရသည်။
မီးလောင်လျှင်ပျားရည်စစ်ပြီး၊ မီးမလောင်လျှင် ပျာရည်မစစ်ပါ။

(၃)ပျားရည်တွင် ပျားကောင်များကို ချကြည့်၍ ပျားကောင်မသေ၊ ရေကူးသကဲ့သို့ ကူးပြီးထပျံသွားလျှင်ပျားရည်စစ်ဖြစ်ပြီး၊ ပျားကောင်သည် ထိုပျားရည်တွင် နစ်ပြီးသေလျှင် ပျားရည်မစစ်ပါ။

(၄)ပျားရည်ပုလင်းတွင် မန်ကျည်းစေ့ကိုထည့်ကြည့်ပါ။ မန်ကျည်းစေ့ပေါ်နေလျှင်ပျားရည်စစ်ပြီး၊ မြုပ်သွားလျှင်ပျားရည်မစစ်ပါ၊

ပုလင်းကိုဇောက်ထိုးထားလိုက်လျှင်ထိုမန်းကျည်းစေ့သည်အမြန်ဆုံးပေါ်လာသည်ကိုကြည့်ပြီး အပြန်အလှန်စမ်းသပ်နိုင်ပါသည်။

(၅)ပျားရည်ကို လက်ဖက်ခြောက်စပ်ထားသော ရေနွေးတွင်ထည့်လိုက်၍ မဲသွားလျှင်မစစ်ပါ၊ အရောင်မပြောင်ဘဲ ရှိနေလျှင် အစစ်ဖြစ်သည် ဟုမှတ်ယူရမည်ဖြစ်ပေသည်။

ပျားရည်အတုပင်ဖြစ်စေ၊ ပျားရည်အစစ်ပင်ဖြစ်စေ ထိုသို့ စမ်းသပ်ပြီး၍ အစစ်ဖြစ်သောပျားရည်သည် စားသောက်သောအခါ၌ –

နှုတ်ကိုမြိန်စေတတ်၏။

၀မ်းမီးကို တောက်စေတတ်၏။

ပျို့အန်ခြင်း၊ ချောင်းဆိုးခြင်းကို ပျောက်ကင်း စေတတ်၏။

-သွေးယိုစီး၊ ၀မ်းသက်ခြင်း၊ ကြို့ထိုးခြင်းတို့ကို ပယ်ဖျောက်တတ်၏။

၀မ်းတွင်းရှိ ပိုးတို့ကို ကောင်းစွာ နိုင်နင်း၏။

အရေပြားကို ကြည်လင်တောက် ပစေ၏။

ကြေညက်ပြီးသောအခါ အေးသောသတ္တိရှိ၏။ ကြေညက်လွယ်၏။

ရသဟရဏီအရသာကိုဆောင်သော တစ်ထောင်သောအကြောတို့ကို သန့် ရှင်းစေတတ်၏။

သုက်ဓာတ်ကို ပွားများစေတတ်၏။ ခွန်အားကိုဖြစ်စေတတ်၏။

ကိုယ်ရေအဆင်းကိုထွန်းလင်းတောက်ပစေတတ်၏။

မျက်စိ စသော အကြည် ဓာတ်တို့ကို တိုးတက်ထက်မြက်စေတတ်၏။

အရက်မူးရောဂါ၊ တွေဝေသော ရောဂါ၊ နှလုံးရောဂါ၊ ၀ါသင့်နာရောဂါတို့ကို ပျောက်ကင်းစေတတ်၏။

အရိုး ကျိုးခြင်းကို လျင်မြန်စွာ သက်သာစေတတ်၏။

နူနာ၊ မြင်းသရိုက်ရောဂါ၊ ခယရုဂ်ရောဂါ၊ သောသရောဂါ၊ မြစ်ခြောက်နာ တို့ကို ပျောက်ကင်းစေတတ်၏။

ထူခြားသောစွမ်းရည်အားဖြင့်ပျားရည်သည် ဆင်လောက်ဝသောသူကို ကျွဲလောက်ပိန်စေတတ်သည်။

ထိုထက်ထူးခြားစွာ မှတ်သားကြသည်မှာ အသစ်ဖြစ်သော လတ်ဆတ်သော ပျားရည်သည် လူကို ၀စေတတ်သည်။

အဟောင်းဖြစ်သော ပျားရည်သည် လူကိုပိန်စေတတ်သည်။

လူတို့၏ကောင်းကျိုးကို ပျားရည်သည် အမြဲတစေပြုတတ်သည်။

ပျားရည်သည် မိခင်နှင့်တူသည်။ လူသားတို့အား မိခင်ကဲ့သို့ အကျိုးပြု တတ်၏။ မိခင်သည်ပင်လျှင် သားသမီးတို့အား ဒေါသအလျေက်ရိုက်ပုတ် တတ်သေး၏။

ပျားရည်သည် မည်သည့်အခါမျှ လူသားတို့အား မရိုက်ပုတ် တတ်၊ လူသားတို့၏ အကျိုးမဲ့ကို မည်သည့်အခါမျှ မပြုတတ်ဟု ရှေးဟောင်း စာပေတို့၌ ဆိုရိုးရှိ၏။

ထိုဆိုခဲ့သည်တို့သည် အစစ်ဖြစ်သောပျားရည်ကို ဆို လိုခြင်းဖြစ်သည်။
ပျားရည်ရရှိသော ပန်းပွင့်၏ စွမ်းရည်အလိုက် ပျားရည်၏ အစွမ်းသတ္တိကား အနည်းငယ် ပြောင်းလဲတတ်ကြကုန်၏။

“ပျားရည်နှင့် အပူအအေး”

ပျားရည်ကို ပူသည်ဟူ၍လည်းကောင်း၊ အေးသည်ဟူ၍လည်းကောင်း အမျိုးမျိုးဝိ၀ါဒကွဲနေကြ၏။ အမျိုးမျိုး ပြောဆိုကုန်ကြ၏။

ထိုတွင်စားသုံး ကြည့်ခြင်းဖြင့် ပူရှိန်းသော အရသာကိုလည်းကောင်း၊ ရေငတ်ခြင်း၊ ဆာ လောင်ခြင်းတို့ဖြင့် လည်းကောင်း၊ ပူသည်ဟုဆိုကြကုန်၏။

ချိုချွဲအေးသော သဘောဖြင့်လည်း အေးသည်ဟု ဆိုကြပြန်သည်။ စင်စစ် ပူသည်အေးသည် ဟူသော ပြဿနာသည် ဖြေရှင်းစရာမလိုသကဲ့သို့ မှတ်ယူအပ်၏။

ပျားရည် တွင် နှစ်ပေါင်းများစွာအောင်းနေသော တေဇောသည်းခြေအခိုးသည် ရှိရမြဲ ဖြစ်သည်။ ထိုအခိုက် ပူသည်ဟုမှတ်ယူအပ်၏။

သို့သော် စားသောက်သုံးဆောင်သောအခါ၌ တစ်ဖက်စွန်းသို့မရောက်သော မျှတသော အအေးဓာတ်စွမ်းရည်ကို ပေးနိုင်၏။

ပျားရည်ကို ရှေးသူတို့ မျက်စဉ်းခတ်ကြသည်ကို ထောက်၍လည်း အေးကြောင်းသိသာနိုင်ပေသည်။

“ပျားရည်ကို မကျိုချက်ရ”

ကျိုချက်၍ အသုံးပြုရသော ဆေးဖက်များတွင် ပျာရည်သည် ပါ၀င်လာ သောအခါ ပျားရည်ကို တိုက်ရိုက်မကျိုချက်ရပေ။ ပျားရည်ကိုမကျိုချက်ရခြင်း အကြောင်းများကား-

(၁)ပျားရည်တွင်ပါ၀င်သော သဘာဝသြဇာဓာတ်သည် မီးနှင့်တွေ့သောအခါ ပျောက်ပျက်သွားတတ်ခြင်း။

(၂)အမျိုးမျိုးသော ပန်းပွင့်တို့မှ ၀တ်ရည်များကို စုဆောင်းထားခြင်းဖြစ်၍မီးနှင့်တွေ့သောအခါ အချင်းချင်း ပဋိပက္ခဖြစ်တတ်ခြင်း။

(၃)အဆိပ်ရှိသော ပန်းဝတ်ရည်များ ပါ၀င်နေခြင်း။

(၄)အဆိပ်ရှိသော ပျားကောင်များက ပြုလုပ်ဖန်တီးထားသောပစ္စည်း ဖြစ်နေခြင်း။

(၅)အေးသော သဘောသတ္တိရှိခြင်းကြောင့် မီးပူနှင့် ပဋိပက္ခဖြစ်တတ်ခြင်း စသောအကြောင်းများဖြစ်တတ်ကုန်၏။

“ပျားရည်ကို ကျိုချက်လိုလျှင်”

ပျားရည်ကို မီးနှင့်မကျိုချက်ရဟု ဆိုသော်လည်း မဖြစ်မနေ ကျိုချက်ရန် ကြုံလာသောအခါ အပြစ်ကင်းသော ကျိုချက်နည်းဖြင့် ကျိုချက်ရန်လိုအပ် ပေသည်။

(၁)ပျားရည် ၈-ဆတွင် ရေတစ်ဆရောပါ၊ ထို့နောက်ကျိုချက်ပါ၊ရေကုန်၍ပျားရည်ချည်းကျန်သောအခါ ပျားရည်သည် အပြစ်ကင်းစွာဖြင့်ကြေကျက်ပြီဟုမှတ်ယူရသည်။

(၂)ဆေးဖက်တို့ဖြင့် ရောနှောကျိုချက်လိုသောအခါ အလုံးစုံဆေးဘက်တို့ကိုကျိုချက်ပြီး၍ ခွင်ပေါ်မှ ဆေးကိုချပြီးမှ ထည့်လိုသောပျားရည်ကိုထည့်ပါ။ ပြီးမှနာနာမွှေပါ။

ထိုသို့ပြုလုပ်ခြင်းဖြင့်အပြစ်ကင်းသော ပျားရည်၏ ကြေကျက်ခြင်းကို ရောက်သည်ဟုမှတ်ယူရသည်။

မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော်ရေးသားသော ” အိုမှုနှင့်ဆိုင်ရာ ပြဿနာများ “စာအုပ် မှ ပျားရည်(၃)

PannPwint#@AZ

Photos >> the original uploader