မိုးေကာင္းက သက္ငယ္မုဒိန္းလူသတ္ တရားခံ တစ္ဦးကေတာ႔ သူ႔ကိုယ္သူ ေထာင္ထဲမွာ သတ္ေသ

လူသတ္မုဒိန္းေကာင္ သတ္ေသတာကို မယုံသူမ်ားအတြက္ သတင္းအျပည္႔အစုံနဲ႔ ဓါတ္ပုံ

မိုးေကာင္းက သက္ငယ္မုဒိန္းလူသတ္ တရားခံ တစ္ဦးကေတာ႔ သူ႔ကိုယ္သူ ေထာင္ထဲမွာ သတ္ေသ

၆.၃.၂၀၁၈

၁၀ ႏွစ္အရြယ္ စတုတၳတန္းေက်ာင္းသူတစ္ဦးအား အဓမၼျပဳက်င့္ သတ္ျဖတ္မႈျဖင့္ မိုးညႇင္းခ႐ိုင္ မိုးညႇင္းေထာင္တြင္ အခ်ဳပ္က်ခံေနသည့္ မိုးေကာင္းၿမိဳ႕နယ္ ေလးမိုင္ေက်းရြာေန ခင္ေမာင္ေဌး (ခ) ေမာင္ေဌး(၃၇)ႏွစ္ သည္ မိုးညႇင္းေထာင္အတြင္း မိမိကိုယ္ကိုယ္ အဆံုးစီ ရင္သြားေၾကာင္း ကနဦးသတင္း ရရိွထားသည္။ေနာက္ဆက္တြဲသတင္းအား ထပ္မံေဖာ္ျပပါမည္။

ဝင္းႏိုင္ ကခ်င္ေျမ

>>>>ကခ်င္ျပည္နယ္ မိုးညႇင္းခ႐ိုင္ မိုးညႇင္းအက်ဥ္းေထာင္တြင္ မတ္၆ရက္ နံနက္၅နာရီခန္႔က အခ်ဳပ္က်ခံ အက်ဥ္းသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မိုးညႇင္းအက်ဥ္းေထာင္တြင္ ျပစ္မႈပုဒ္မ ၃၀၂/၃၇၆ ျဖင့္ အခ်ဳပ္က်ခံေနသည့္ မိုးေကာင္းၿမိဳ႕နယ္ ေလးမိုင္ေက်းရြာေန ခင္ေမာင္ေဌး(ခ)ေမာင္ေဌး(၃၇)ႏွစ္သည္ မိုးညႇင္းအက်ဥ္းေထာင္ေဆးရံု အခန္းအမွတ္ ၃ အခ်ဳပ္ခန္းတြင္ သီးျခားခ်ဳပ္ေႏွာင္ထားရာမွ မတ္၅ရက္ နံနက္ပိုင္းက အျမင့္ ၇ ေပခန္႔ရိွ သံပန္းတံခါးတြင္ ပုဆိုးစအားႀကိဳးအျဖစ္အသံုးျပဳကာ စြတ္က်ယ္စအား ႀကိဳးကြင္းျပဳလုပ္၍ လည္ပင္း၌ရစ္ပတ္ကာ မိမိကိုယ္ကို ႀကိဳးဆြဲခ်ေသဆံုးခဲ့ေၾကာင္း မိုးညႇင္းၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ မိုးညွင္းၿမိဳ႕မရဲစခန္းမွ ဒုတိယရဲမႉးထြန္းျမင့္ေအာင္ႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ဒုတိယၿမိဳ႕နယ္တရားသူႀကီး ဦးေအာင္ေက်ာ္ျမင့္၊ဘီလစ္စာေရးဦးေအာင္လြင္ျမင့္ႏွင့္ သက္ေသမ်ားလိုက္ပါလ်က္ သြားေရာက္ၾကည့္ရႈစစ္ေဆးၿပီး ေသဆုံးသူေမာင္ေဌး(ခ)ခင္ေမာင္ေဌးအား ရဲတပ္ဖြဲ႕ပိုင္ ေမာ္ေတာ္ယာဥ္ျဖင့္ မိုးညွင္းၿမိဳ႕ ျပည္သူ႕ ေဆး႐ုံသို႔ ပို႔ေဆာင္ကာ ဓမၼတာအတိုင္းေသဆုံးျခင္းဟုတ္မဟုတ္ မိုးညွင္းၿမိဳ႕မရဲတပ္ဖြဲ႕စခန္းမွ ေသမႈေသခင္းအမွတ္စဥ္(၁၆/၂၀၁၈)ျဖင့္ ရဲေဆးစာမွတ္တမ္းမ်ား ရယူထားေၾကာင္း သိရသည္။

ဝင္းႏိုင္ ကခ်င္ေျမ

ပထမ အခင္းၿဖစ္စဥ္သတင္း>>>> –

ယုတ္မာရက္စက္သူ ႏွစ္ဦး(သက္ငယ္မုဒိန္းမွဳ ၃၇၆/၃၇၇/၃၀၂)

၃ရက္အတြင္း အမွဳမွန္ေဖၚထုတ္နိဳင္ခဲ႕ေသာၿမိဳ႕မရဲတပ္ဖြဲ႕အားဂုဏ္ျပဳအပ္ပါသည္

၁၀ ႏွစ္အရြယ္စတုတၳတန္းေက်ာင္းသူတစ္ဦးအား အဓမၼျပဳက်င့္ သတ္ျဖတ္မႈ ၃ ရက္အတြင္း ေဖာ္ထုတ္ဖမ္းဆီး

မိုးေကာင္း ေဖေဖာ္ဝါရီ ၂၈

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္ ေရ႐ွင္ေက်းရြာအုပ္စု ေညာင္ေထာက္ကေလးေက်းရြာ ပရဟိတကြင္း(ေဒသအေခၚ ေနာင္တာလ ကြင္းအမွတ္ ၇၃)တြင္ ေဖေဖာ္ဝါရီ၂၅ရက္ နံနက္ပိုင္းက အသက္ ၁၀ ႏွစ္အရြယ္ စတုတၳတန္းေက်ာင္းသူ မိန္းကေလးငယ္တစ္ဦးအား အဓၶမျပဳက်င့္ သတ္ျဖတ္ခဲ့သူႏွစ္ဦးအား ၃ရက္အတြင္း ေဖာ္ထုတ္ဖမ္းဆီးမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ၂၅ရက္ နံနက္ပိုင္းက မိုးေကာင္း ၿမိဳ႕နယ္ ေရ႐ွင္ေက်းရြာအုပ္စု ေညာင္ေထာက္ကေလးေက်းရြာ ပရဟိတကြင္း(ေဒသအေခၚ ေနာင္တာလ ကြင္းအမွတ္ ၇၃)တြင္ ေညာင္ေထာက္ကေလးေက်းရြာေန ေအာင္မဂၤလာအေျခခံပညာမူလတန္းေက်ာင္းမွ စတုတၳတန္းေက်ာင္းသူ မေမႊးေမႊး(၁၀)ႏွစ္(ဘ)ဦးေမာင္အိုက္သည္ ထင္းေခြသြားရာမွ ျပန္ေရာက္မလာသျဖင့္ ေရ႐ွင္ေက်းရြာအုပ္ခ်ုပ္ေရးမႉးႏွင့္ တာဝန္ရိွသူမ်ားမွလိုက္လံ ရွာေဖြရာ ဓားဒါဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ေတြ႔ရိွရ၍ မိုးေကာင္းၿမိဳ႕မရဲစခန္းသို႔ အေၾကာင္းၾကားၿပီး အမႈဖြင့္တိုင္တန္းခဲ့သည္။

မိုးေကာင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႔မႉး ရဲမႉးဝင္းျမင့္ေအာင္ဦးစီး ၿမိဳ႕ မရဲစခန္းမႉးႏွင့္နယ္ထိန္းတပ္ဖြဲ႔ဝင္မ်ားမွ အမႈႏွင့္ပတ္သက္၍ စံုစမ္းေဖာ္ထုတ္ခဲ့ရာ အဆိုပါ ၁၀ ႏွစ္အရြယ္ကေလးငယ္အား အဓမၼျပဳက်င့္သတ္ျဖတ္ခဲ့သူ မိုးေကာင္းၿမိဳ႕ နယ္ ေလးမိုင္ေက်းရြာေန ခင္ေမာင္ေဌး(ခ)ေမာင္ေဌး (၃၇)ႏွစ္ ေအာင္မဂၤလာေက်းရြာေန ဦးေမာင္ရီ(ခ)ဦးငင္းဆိုင္(၅၈)ႏွစ္ တို႔ႏွစ္ဦးျဖစ္ေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။

ဝင္းႏိုင္ ကခ်င္ေျမ, Zin Moe

 

========================

လူသတ်မုဒိန်းကောင် သတ်သေတာကို မယုံသူများအတွက် သတင်းအပြည့်အစုံနဲ့ ဓါတ်ပုံ

မိုးကောင်းက သက်ငယ်မုဒိန်းလူသတ် တရားခံ တစ်ဦးကတော့ သူ့ကိုယ်သူ ထောင်ထဲမှာ သတ်သေ

၆.၃.၂၀၁၈

၁၀ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်မှုဖြင့် မိုးညှင်းခရိုင် မိုးညှင်းထောင်တွင် အချုပ်ကျခံနေသည့် မိုးကောင်းမြို့နယ် လေးမိုင်ကျေးရွာနေ ခင်မောင်ဌေး (ခ) မောင်ဌေး(၃၇)နှစ် သည် မိုးညှင်းထောင်အတွင်း မိမိကိုယ်ကိုယ် အဆုံးစီ ရင်သွားကြောင်း ကနဦးသတင်း ရရှိထားသည်။နောက်ဆက်တွဲသတင်းအား ထပ်မံဖော်ပြပါမည်။

ဝင်းနိုင် ကချင်မြေ

>>>>ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းအကျဉ်းထောင်တွင် မတ်၆ရက် နံနက်၅နာရီခန့်က အချုပ်ကျခံ အကျဉ်းသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းအကျဉ်းထောင်တွင် ပြစ်မှုပုဒ်မ ၃၀၂/၃၇၆ ဖြင့် အချုပ်ကျခံနေသည့် မိုးကောင်းမြို့နယ် လေးမိုင်ကျေးရွာနေ ခင်မောင်ဌေး(ခ)မောင်ဌေး(၃၇)နှစ်သည် မိုးညှင်းအကျဉ်းထောင်ဆေးရုံ အခန်းအမှတ် ၃ အချုပ်ခန်းတွင် သီးခြားချုပ်နှောင်ထားရာမှ မတ်၅ရက် နံနက်ပိုင်းက အမြင့် ၇ ပေခန့်ရှိ သံပန်းတံခါးတွင် ပုဆိုးစအားကြိုးအဖြစ်အသုံးပြုကာ စွတ်ကျယ်စအား ကြိုးကွင်းပြုလုပ်၍ လည်ပင်း၌ရစ်ပတ်ကာ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးညှင်းမြို့မရဲစခန်းမှ ဒုတိယရဲမှူးထွန်းမြင့်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ဒုတိယမြို့နယ်တရားသူကြီး ဦးအောင်ကျော်မြင့်၊ဘီလစ်စာရေးဦးအောင်လွင်မြင့်နှင့် သက်သေများလိုက်ပါလျက် သွားရောက်ကြည့်ရှုစစ်ဆေးပြီး သေဆုံးသူမောင်ဌေး(ခ)ခင်မောင်ဌေးအား ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် မိုးညှင်းမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် မိုးညှင်းမြို့မရဲတပ်ဖွဲ့စခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁၆/၂၀၁၈)ဖြင့် ရဲဆေးစာမှတ်တမ်းများ ရယူထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ

ပထမ အခင်းဖြစ်စဉ်သတင်း>>>> –

ယုတ်မာရက်စက်သူ နှစ်ဦး(သက်ငယ်မုဒိန်းမှု ၃၇၆/၃၇၇/၃၀၂)

၃ရက်အတွင်း အမှုမှန်ဖေါ်ထုတ်နိုင်ခဲ့သောမြို့မရဲတပ်ဖွဲ့အားဂုဏ်ပြုအပ်ပါသည်

၁၀ နှစ်အရွယ်စတုတ္ထတန်းကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်မှု ၃ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီး

မိုးကောင်း ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စု ညောင်ထောက်ကလေးကျေးရွာ ပရဟိတကွင်း(ဒေသအခေါ် နောင်တာလ ကွင်းအမှတ် ၇၃)တွင် ဖေဖော်ဝါရီ၂၅ရက် နံနက်ပိုင်းက အသက် ၁၀ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦးအား အဓ္ဓမပြုကျင့် သတ်ဖြတ်ခဲ့သူနှစ်ဦးအား ၃ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ၂၅ရက် နံနက်ပိုင်းက မိုးကောင်း မြို့နယ် ရေရှင်ကျေးရွာအုပ်စု ညောင်ထောက်ကလေးကျေးရွာ ပရဟိတကွင်း(ဒေသအခေါ် နောင်တာလ ကွင်းအမှတ် ၇၃)တွင် ညောင်ထောက်ကလေးကျေးရွာနေ အောင်မင်္ဂလာအခြေခံပညာမူလတန်းကျောင်းမှ စတုတ္ထတန်းကျောင်းသူ မမွှေးမွှေး(၁၀)နှစ်(ဘ)ဦးမောင်အိုက်သည် ထင်းခွေသွားရာမှ ပြန်ရောက်မလာသဖြင့် ရေရှင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှလိုက်လံ ရှာဖွေရာ ဓားဒါဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ မိုးကောင်းမြို့မရဲစခန်းသို့ အကြောင်းကြားပြီး အမှုဖွင့်တိုင်တန်းခဲ့သည်။

မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင်ဦးစီး မြို့ မရဲစခန်းမှူးနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များမှ အမှုနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါ ၁၀ နှစ်အရွယ်ကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ မိုးကောင်းမြို့ နယ် လေးမိုင်ကျေးရွာနေ ခင်မောင်ဌေး(ခ)မောင်ဌေး (၃၇)နှစ် အောင်မင်္ဂလာကျေးရွာနေ ဦးမောင်ရီ(ခ)ဦးငင်းဆိုင်(၅၈)နှစ် တို့နှစ်ဦးဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဝင်းနိုင် ကချင်မြေ, Zin Moe