Air Con သံုးေနသူမ်ား သံုးဖို႔ စိတ္ကူးရွိေနသူမ်ား အေရးႀကီးလို႔ပါ။

အဲယားကြန္း အသံုးျပဳေသာအခါ လိုက္နာသင့္သည့္ (အေျခခံ) အခ်က္လက္ထဲမွအခ်ိဳ ့ ျဖစ္ေသာ (၁၉ခ်က္) ကုိမ်ွေ၀ေပးလိုက္ပါတယ္ .

၁။ Air con အပိတ္အဖြင့္လုပ္သည့္အခါ ပလပ္ကိုဆဲြျဖဳတ္ျခင္း၊ ထိုးသြင္းျခင္းျဖင့္ အပိတ္အဖြင့္လုပ္ျခင္း (လံုး၀) မလုပ္ပါႏွင့္။ Shock ျဖစ္ၿပီး စက္ပ်က္တတ္ပါသည္။

၂။ Remote Control ကို အသံုးျပဳျပီး မိမိႏွင္ ့သင့္ေတာ္မည့္ အပူခ်ိန္မွာ ခ်ိန္ထားသင့္ပါသည္။ (အရမ္း)မေအးပါေစနွင့္။လူကို (တိုက္ရိုက္ )ေလမထိုးထားပါနွင့္။အထူးသျဖင့္ အိပ္သည့္အခါတြင္ျဖစ္ေစ ၊ ညဘက္လူအိပ္ေနခ်ိန္ျဖစ္ေစ လူဆီကို အေအးတည့္ တည့္မက်ေရာက္ေအာင္သတိထားသင့္ပါသည္။

၃။ ညအိပ္ခ်ိန္မ်ားတြင္အေအးဓာတ္ကိုထိန္းရန္အခ်ိန္ထိန္းခလုတ္(Timer) ကို အသံုးျပဳနိုင္ပါသည္။

၄။အခန္းတြင္းကို အေအးဓာတ္မေပးပဲ ေလခ်ည္းသက္သက္ေပးခ်င္ပါက Fan mode ပန္ကာကို အသံုးျပဳနိုင္ပါသည္။ ပန္ကာခ်ည္းသံုးျခင္းျဖင့္ လ်ွပ္စစ္ဓါတ္ေျခြတာရာေရာက္ပါသည္။

၅။အခန္းတြင္း အပူခ်ိန္အား သင့္သေလာက္သာခ်ိန္ထားသင့္ ပါသည္။ အပူခ်ိန္ ပူလြန္း / ေအးလြန္းလ်ွင္ လ်ွပ္စစ္ဓါတ္အားကုိ ပိုကုန္ေစနိုင္သည္။

၆။ Remote Control အေဝးထိန္းခလုတ္ကို Air con ေအာက္ တစ္ေပခန့္အကြာရွိ နံရံတြင္ အထိုင္ခြက္ျဖင့္ တပ္ဆင္ထားပါ။ လြတ္မက်ပါေစနွင့္ ။ ေရ ႏွင့္ အခ်ိဳရည္ ကဲ့သို့ေသာ အရည္မ်ားမထိပါေစနွင့္ ။ လြတ္က်လ်ွင္ ေရစင္လ်ွင္ Remote ပ်က္စီးျပီး အလုပ္ေကာင္းေကာင္း လုပ္နိုင္မည္မဟုတ္ပါ။

၇။ Remote Control အေဝးထိန္းခလုပ္အား Air con နွင့္ ၁၅ေပခန့္ အကြာအေဝးအတြင္း၌သာ သံုးပါ။သိပ္ေဝးလြန္းလ်ွင္ အလုပ္မလုပ္ပါ။

၈။ Air con နွင့္ Remote controlတို ့ၾကားတြင္ ခန္းစည္း / ကန္ ့လန့္ကာ တို့နွင္ ့ခံေနလ်ွင္ Remote ေကာင္းေကာင္းအလုပ္မလုပ္နိုင္ပါ။

၉။ Air con Indoor Filter ( ေလစစ္ဆန္ကာ) ကို ျဖစ္နိင္လွ်င္ တစ္လလွ်င္ တစ္ႀကိမ္ခန္႕ သန္႔ရွင္းေရးလုပ္ေပးပါ ။ ခရီးရက္ရွည္ထြက္စရာရွိ လ်ွင္

Air con ကို ေသေသခ်ာခ်ာ ပိတ္ခဲ့ပါ ။

၁၀။ Air conရဲ့ Indoor unit အတြင္း( သို့မဟုတ္) အျပင္ဘက္ရွိ အစိတ္အပိုင္းမ်ားကို ေရျဖင့္ ေဆးျပီး သန္ ့ရွင္းေရးမလုပ္သင့္ပါ ။ Shock ျဖစ္ျပီး ဓာတ္လိုက္တတ္ေသာေၾကာင့္ ကြ်မ္းက်င္သူမ်ားကို သာ ေခၚလုပ္သင့္ပါသည္။

၁၁။ Air con ေရွ့တည့္တည့္တြင္ မည္သည့္ပစၥည္းမွ ခံမေနပါေစနွင့္ ေလလမ္းေၾကာင္းေရွ ့တြင္ အရာ၀တၳဳ ပစၥည္းမ်ား ပိတ္ဆို့ေနလ်ွင္ လိုအပ္တဲ့ အေအးဓာတ္ မ႐ွိနိုင္ပါ။

၁၂။ Air con တြင္ ခရမ္းလြန္ေရာင္ျခည္ အခ်က္ေပး ကိရိယာပါရွိပါသည္။ Aircon ေပၚသို ့ေနေရာင္ျခည္တိုက္ရိုက္က်ေရာက္ေနပါကေကာင္းေကာင္းအလုပ္မလုပ္နိုင္ပါ။ထို့ေၾကာင့္ ေနေရာင္ျခည္တိုက္ရိုက္ က်ေရာက္မေနေစရန္ ခန္းစီး ကန္ ့လန့္ကာတို ့ျဖင့္ ျပတင္းေပါက္မ်ားအား ကာထားသင့္ပါသည္။

၁၃။ အခန္းထဲ၌အန့ံအသက္မေကာင္းေတာ့ဘူးဆိုလ်ွင္ ျပတင္းေပါက္မ်ားအားဖြင့္ထားျပီး ေလေကာင္းေလသန့္ရေအာင္ လုပ္ပါ။

၁၄။ မီးေလာင္ေစတတ္ေသာမွဳတ္ေဆး ႏွင့္သုတ္ေဆးမ်ားအား Air con နားမွာ အသံုးမျပဳသင့္ပါ ။ တင္နာ ပိုးသတ္ေဆး ေရနံဆီ ဓာတ္ဆီကဲ့သို့ေသာ အရည္မ်ားဟာ Air con ကို ထိခိုက္ပ်က္စီးနိုင္ပါသည္။

၁၅။ မီးပူ မီးဖိုတို ့လို အပူထုတ္သည့္ပစၥည္းမ်ားအား Air con နွင့္ေဝးေဝးမွာထားပါ ။ အပူခ်ိန္ျမင့္လ်ွင္ Air con ပ်က္တတ္ပါသည္။

၁၆။ Air con မွ ေညွာ္နံ႔ရလွ်င္ ခလုတ္ကို ခ်က္ျခင္းပိတ္ကာ ျပင္ဆိုင္သို႔အေၾကာင္းၾကားပါ

၁၇။ Outdoor unit Condenser ထဲသို ့တုတ္ (သို့မဟုတ္) လက္ျဖင့္ မထည့္ပါနွင့္ ။ အထဲမွာ အရွိန္ျပင္းျပင္း လည္ေနတဲ့ ပန္ကာ ရွိေသာေၾကာင့္ လူကို အႏၲာရာယ္ ျဖစ္ေစတတ္ပါသည္။

၁၈။ Outdoor unit Condenser ေပၚတြင္ အ၀တ္မ်ားလွန္းျခင္း၊ ပစၥည္းမ်ားတင္ျခင္း မျပဳလုပ္ပါႏွင့္။စက္အပူလြန္ျပီး ပ်က္စီးတတ္ပါသည္။

၁၉။အိမ္အျပင္ရိွ Outdoor unit Condenser တြင္ အမိႈက္သရိုက္မ်ား ကပ္ေနမေန ပံုမွန္ စစ္ေဆးပါ။ အမိႈက္မ်ားကပ္ေနလွ်င္ ရွင္းေပးပါ။

Credit: TCMpartner

အဲယားကွန်း အသုံးပြုသောအခါ လိုက်နာသင့်သည့် (အခြေခံ) အချက်လက်ထဲမှအချို ့ ဖြစ်သော (၁၉ချက်) ကိုမျှဝေပေးလိုက်ပါတယ် .

၁။ Air con အပိတ်အဖွင့်လုပ်သည့်အခါ ပလပ်ကိုဆွဲဖြုတ်ခြင်း၊ ထိုးသွင်းခြင်းဖြင့် အပိတ်အဖွင့်လုပ်ခြင်း (လုံးဝ) မလုပ်ပါနှင့်။ Shock ဖြစ်ပြီး စက်ပျက်တတ်ပါသည်။

၂။ Remote Control ကို အသုံးပြုပြီး မိမိနှင် ့သင့်တော်မည့် အပူချိန်မှာ ချိန်ထားသင့်ပါသည်။ (အရမ်း)မအေးပါစေနှင့်။လူကို (တိုက်ရိုက် )လေမထိုးထားပါနှင့်။အထူးသဖြင့် အိပ်သည့်အခါတွင်ဖြစ်စေ ၊ ညဘက်လူအိပ်နေချိန်ဖြစ်စေ လူဆီကို အအေးတည့် တည့်မကျရောက်အောင်သတိထားသင့်ပါသည်။

၃။ ညအိပ်ချိန်များတွင်အအေးဓာတ်ကိုထိန်းရန်အချိန်ထိန်းခလုတ်(Timer) ကို အသုံးပြုနိုင်ပါသည်။

၄။အခန်းတွင်းကို အအေးဓာတ်မပေးပဲ လေချည်းသက်သက်ပေးချင်ပါက Fan mode ပန်ကာကို အသုံးပြုနိုင်ပါသည်။ ပန်ကာချည်းသုံးခြင်းဖြင့် လျှပ်စစ်ဓါတ်ခြွေတာရာရောက်ပါသည်။

၅။အခန်းတွင်း အပူချိန်အား သင့်သလောက်သာချိန်ထားသင့် ပါသည်။ အပူချိန် ပူလွန်း / အေးလွန်းလျှင် လျှပ်စစ်ဓါတ်အားကို ပိုကုန်စေနိုင်သည်။

၆။ Remote Control အဝေးထိန်းခလုတ်ကို Air con အောက် တစ်ပေခန့်အကွာရှိ နံရံတွင် အထိုင်ခွက်ဖြင့် တပ်ဆင်ထားပါ။ လွတ်မကျပါစေနှင့် ။ ရေ နှင့် အချိုရည် ကဲ့သို့သော အရည်များမထိပါစေနှင့် ။ လွတ်ကျလျှင် ရေစင်လျှင် Remote ပျက်စီးပြီး အလုပ်ကောင်းကောင်း လုပ်နိုင်မည်မဟုတ်ပါ။

၇။ Remote Control အဝေးထိန်းခလုပ်အား Air con နှင့် ၁၅ပေခန့် အကွာအဝေးအတွင်း၌သာ သုံးပါ။သိပ်ဝေးလွန်းလျှင် အလုပ်မလုပ်ပါ။

၈။ Air con နှင့် Remote controlတို ့ကြားတွင် ခန်းစည်း / ကန် ့လန့်ကာ တို့နှင် ့ခံနေလျှင် Remote ကောင်းကောင်းအလုပ်မလုပ်နိုင်ပါ။

၉။ Air con Indoor Filter ( လေစစ်ဆန်ကာ) ကို ဖြစ်နိင်လျှင် တစ်လလျှင် တစ်ကြိမ်ခန့် သန့်ရှင်းရေးလုပ်ပေးပါ ။ ခရီးရက်ရှည်ထွက်စရာရှိ လျှင်

Air con ကို သေသေချာချာ ပိတ်ခဲ့ပါ ။

၁၀။ Air conရဲ့ Indoor unit အတွင်း( သို့မဟုတ်) အပြင်ဘက်ရှိ အစိတ်အပိုင်းများကို ရေဖြင့် ဆေးပြီး သန် ့ရှင်းရေးမလုပ်သင့်ပါ ။ Shock ဖြစ်ပြီး ဓာတ်လိုက်တတ်သောကြောင့် ကျွမ်းကျင်သူများကို သာ ခေါ်လုပ်သင့်ပါသည်။

၁၁။ Air con ရှေ့တည့်တည့်တွင် မည်သည့်ပစ္စည်းမှ ခံမနေပါစေနှင့် လေလမ်းကြောင်းရှေ ့တွင် အရာဝတ္ထု ပစ္စည်းများ ပိတ်ဆို့နေလျှင် လိုအပ်တဲ့ အအေးဓာတ် မရှိနိုင်ပါ။

၁၂။ Air con တွင် ခရမ်းလွန်ရောင်ခြည် အချက်ပေး ကိရိယာပါရှိပါသည်။ Aircon ပေါ်သို ့နေရောင်ခြည်တိုက်ရိုက်ကျရောက်နေပါကကောင်းကောင်းအလုပ်မလုပ်နိုင်ပါ။ထို့ကြောင့် နေရောင်ခြည်တိုက်ရိုက် ကျရောက်မနေစေရန် ခန်းစီး ကန် ့လန့်ကာတို ့ဖြင့် ပြတင်းပေါက်များအား ကာထားသင့်ပါသည်။

၁၃။ အခန်းထဲ၌အန့ံအသက်မကောင်းတော့ဘူးဆိုလျှင် ပြတင်းပေါက်များအားဖွင့်ထားပြီး လေကောင်းလေသန့်ရအောင် လုပ်ပါ။

၁၄။ မီးလောင်စေတတ်သောမှုတ်ဆေး နှင့်သုတ်ဆေးများအား Air con နားမှာ အသုံးမပြုသင့်ပါ ။ တင်နာ ပိုးသတ်ဆေး ရေနံဆီ ဓာတ်ဆီကဲ့သို့သော အရည်များဟာ Air con ကို ထိခိုက်ပျက်စီးနိုင်ပါသည်။

၁၅။ မီးပူ မီးဖိုတို ့လို အပူထုတ်သည့်ပစ္စည်းများအား Air con နှင့်ဝေးဝေးမှာထားပါ ။ အပူချိန်မြင့်လျှင် Air con ပျက်တတ်ပါသည်။

၁၆။ Air con မှ ညှော်နံ့ရလျှင် ခလုတ်ကို ချက်ခြင်းပိတ်ကာ ပြင်ဆိုင်သို့အကြောင်းကြားပါ

၁၇။ Outdoor unit Condenser ထဲသို ့တုတ် (သို့မဟုတ်) လက်ဖြင့် မထည့်ပါနှင့် ။ အထဲမှာ အရှိန်ပြင်းပြင်း လည်နေတဲ့ ပန်ကာ ရှိသောကြောင့် လူကို အန္တာရာယ် ဖြစ်စေတတ်ပါသည်။

၁၈။ Outdoor unit Condenser ပေါ်တွင် အဝတ်များလှန်းခြင်း၊ ပစ္စည်းများတင်ခြင်း မပြုလုပ်ပါနှင့်။စက်အပူလွန်ပြီး ပျက်စီးတတ်ပါသည်။

၁၉။အိမ်အပြင်ရှိ Outdoor unit Condenser တွင် အမှိုက်သရိုက်များ ကပ်နေမနေ ပုံမှန် စစ်ဆေးပါ။ အမှိုက်များကပ်နေလျှင် ရှင်းပေးပါ။

Credit: TCMpartner