ေျမာက္ဥကၠလာပေဆးရံု တြင္ ေမြးကင္းစကေလး အခိုးခံရ

ေျမာက္ဥကၠလာပေဆးရံု တြင္ ေမြးကင္းစကေလး အခိုးခံရ

ရန္ကုန္၊မတ္ ၆

ယမန္ေန႔ မနက္အေစာပိုင္းက ေျမာက္ဥကၠလာပေဆးရံု အတြင္း ေမြးကင္းစကေလးတစ္ဦး အခိုးခံလိုက္ရ၍ ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္း မွ (ပ)၂၅၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၃ (လူခိုးမႈ)ျဖင့္ အမႈဖြင့္ စုံစမ္းလ်က္ရွိသည္ဟု ျပည္ထဲေရး၀န္ၾကီးဌာနက ေျပာသည္။

ေျမာက္ဥကၠလာပေဆးရံု သို႔ ကေလးလာေမြးသည့္
ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ည)ရပ္ကြက္ေန အသက္ (၃၅)ႏွစ္အရြယ္ရွိ အမ်ိဳးသမီးတစ္ဦး ၏ သား ခိုးခံလိုက္ရျခင္းျဖစ္ျပီး၊ေျမာက္ဥကၠလာပေဆး႐ုံႀကီး သားဖြားမီးယပ္ေဆာင္အတြင္း ခိုးခံလိုက္ရျခင္းျဖစ္သည္ဟု ျပည္ထဲေရး၀န္ၾကီးဌာန၏ ထုတ္ျပန္ထားခ်က္မ်ားအရ သိရသည္။

ျပည္ထဲေရး၀န္ၾကီးဌာန၏ ထုတ္ျပန္ခ်က္အျပည့္အစံုမွာ– ၂၀၁၈ ခုႏွစ္၊ မတ္လ ၅ ရက္ေန႔ ၀၂၁၅ အခ်ိန္
ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ည)ရပ္ကြက္ေန ကိုအံ့ေဇာ္၊ (၃၆)ႏွစ္ သည္ ဇနီးျဖစ္သူ မေခ်ာျဖဴ(ခ)ေခ်ာစုႏိုင္၊ (၃၅)ႏွစ္မွာ မီးဖြားရန္ ဗိုက္နာေနသျဖင့္ ေျမာက္ဥကၠလာပေဆး႐ုံႀကီးသို႔ သြားေရာက္ခဲ့ကာ သားဖြားမီးယပ္ ေဆာင္တြင္ သားတစ္ဦး ေမြးဖြားခဲ့ေၾကာင္း၊ကေလးကို ေမြးကင္းစကေလးေဆးကုသေဆာင္သို႔ သြားေရာက္ျပ သရမည္ျဖစ္သျဖင့္ ကိုအံ့ေဇာ္မွ ဇနီးျဖစ္သူ တက္ေရာက္ေနေသာ ခုတင္သို႔ သြားေရာက္ေခၚေဆာင္မည္ျပဳရာ အမ်ိဳးသားမ်ားဝင္လို႔မရဟု ဆိုသျဖင့္ သားဖြားမီးယပ္ေဆာင္ေရွ႕တြင္ ေတြ႕ရွိေသာ အမ်ိဳးသမီး ၁ ဦး(စိစစ္ဆဲ) အား အေဆာင္အတြင္းရွိ ကေလး အားေခၚေဆာင္ေပးရန္ အကူအညီေတာင္းခံခဲ့ၿပီး၎အမ်ိဳးသမီးႏွင့္အတူ သြားေရာက္ျပသခဲ့ေၾကာင္း၊ အေဆာင္ေရွ႕သို႔ေရာက္ေသာအခါေဆးမွတ္တမ္း မပါရွိ၍လည္းေကာင္း၊ ကေလး မွာ ႏို႔ဆာသျဖင့္ငိုေန၍ လည္းေကာင္း သားဖြားမီးယပ္ေဆာင္ရွိ ခုတင္သို႔ ျပန္လာခဲ့ေၾကာင္း၊ယင္းေနာက္ ကေလးကို ဇနီး ျဖစ္သူမွ ႏို႔တိုက္ေနခ်ိန္ ကိုအံ့ေဇာ္မွာ အေပါ့သြားၿပီး ျပန္လာရာ ကေလးအား မေတြ႕ရွိသျဖင့္ ေမးျမန္းရာ ကိုအံ့ေဇာ္ႏွင့္ ပါလာသူ အမ်ိဳးသမီးကို ကေလးအားျပသရန္ ေဆးစာအုပ္မ်ားႏွင့္အတူ ထည့္ေပးလိုက္ ၍ ေခၚေဆာင္သြားေၾကာင္း ေျပာျပသိရွိရသျဖင့္ လိုက္လံၾကည့္ရႈရာ အမ်ိဳးသမီးႏွင့္ ကေလးမွာ ေပ်ာက္ဆုံးသြားေၾကာင္း၊ထို႔အတြက္ေၾကာင့္ ရဲက ကေလးအား ခိုးယူသြားသည့္ အမ်ိဳးသမီး(စိစစ္ဆဲ)အား ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္း (ပ)၂၅၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၃ (လူခိုးမႈ)ျဖင့္ အမႈဖြင့္ စုံစမ္းလ်က္ရွိေနသည္။

ျဖစ္စဥ္ ႏွင့္ ပတ္သတ္၍ ေျမာက္ဥကၠလာပေဆးရံု ေဆးရံုအုပ္ၾကီးသို႔ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းရာ ေဆးရံုသို႔ လာေရာက္ေမးျမန္းမႈကိုသာ ေျဖၾကားေပးမည္ျဖစ္ျပီး၊ဖုန္းႏွင့္ ေျဖၾကားေပးျခင္း မရွိေၾကာင္း ျပန္လည္ေျဖၾကားသည္။

PNews Unicode ၿဖင္႔ဖတ္ရန္ – မြောက်ဥက္ကလာပဆေးရုံ တွင် မွေးကင်းစကလေး အခိုးခံရ

ရန်ကုန်၊မတ် ၆

ယမန်နေ့ မနက်အစောပိုင်းက မြောက်ဥက္ကလာပဆေးရုံ အတွင်း မွေးကင်းစကလေးတစ်ဦး အခိုးခံလိုက်ရ၍ မြောက်ဥက္ကလာပမြို့မရဲစခန်း မှ (ပ)၂၅၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ (လူခိုးမှု)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။

မြောက်ဥက္ကလာပဆေးရုံ သို့ ကလေးလာမွေးသည့်
မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်နေ အသက် (၃၅)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ၏ သား ခိုးခံလိုက်ရခြင်းဖြစ်ပြီး၊မြောက်ဥက္ကလာပဆေးရုံကြီး သားဖွားမီးယပ်ဆောင်အတွင်း ခိုးခံလိုက်ရခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်များအရ သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အပြည့်အစုံမှာ– ၂၀၁၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ၀၂၁၅ အချိန်
မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်နေ ကိုအံ့ဇော်၊ (၃၆)နှစ် သည် ဇနီးဖြစ်သူ မချောဖြူ(ခ)ချောစုနိုင်၊ (၃၅)နှစ်မှာ မီးဖွားရန် ဗိုက်နာနေသဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ သွားရောက်ခဲ့ကာ သားဖွားမီးယပ် ဆောင်တွင် သားတစ်ဦး မွေးဖွားခဲ့ကြောင်း၊ကလေးကို မွေးကင်းစကလေးဆေးကုသဆောင်သို့ သွားရောက်ပြ သရမည်ဖြစ်သဖြင့် ကိုအံ့ဇော်မှ ဇနီးဖြစ်သူ တက်ရောက်နေသော ခုတင်သို့ သွားရောက်ခေါ်ဆောင်မည်ပြုရာ အမျိုးသားများဝင်လို့မရဟု ဆိုသဖြင့် သားဖွားမီးယပ်ဆောင်ရှေ့တွင် တွေ့ရှိသော အမျိုးသမီး ၁ ဦး(စိစစ်ဆဲ) အား အဆောင်အတွင်းရှိ ကလေး အားခေါ်ဆောင်ပေးရန် အကူအညီတောင်းခံခဲ့ပြီး ၎င်းအမျိုးသမီးနှင့်အတူ သွားရောက်ပြသခဲ့ကြောင်း၊ အဆောင်ရှေ့သို့ရောက်သောအခါဆေးမှတ်တမ်း မပါရှိ၍လည်းကောင်း၊ ကလေး မှာ နို့ဆာသဖြင့်ငိုနေ၍ လည်းကောင်း သားဖွားမီးယပ်ဆောင်ရှိ ခုတင်သို့ ပြန်လာခဲ့ကြောင်း၊ယင်းနောက် ကလေးကို ဇနီး ဖြစ်သူမှ နို့တိုက်နေချိန် ကိုအံ့ဇော်မှာ အပေါ့သွားပြီး ပြန်လာရာ ကလေးအား မတွေ့ရှိသဖြင့် မေးမြန်းရာ ကိုအံ့ဇော်နှင့် ပါလာသူ အမျိုးသမီးကို ကလေးအားပြသရန် ဆေးစာအုပ်များနှင့်အတူ ထည့်ပေးလိုက် ၍ ခေါ်ဆောင်သွားကြောင်း ပြောပြသိရှိရသဖြင့် လိုက်လံကြည့်ရှုရာ အမျိုးသမီးနှင့် ကလေးမှာ ပျောက်ဆုံးသွားကြောင်း၊ထို့အတွက်ကြောင့် ရဲက ကလေးအား ခိုးယူသွားသည့် အမျိုးသမီး(စိစစ်ဆဲ)အား မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၂၅၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ (လူခိုးမှု)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိနေသည်။

ဖြစ်စဉ် နှင့် ပတ်သတ်၍ မြောက်ဥက္ကလာပဆေးရုံ ဆေးရုံအုပ်ကြီးသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဆေးရုံသို့ လာရောက်မေးမြန်းမှုကိုသာ ဖြေကြားပေးမည်ဖြစ်ပြီး၊ဖုန်းနှင့် ဖြေကြားပေးခြင်း မရှိကြောင်း ပြန်လည်ဖြေကြားသည်။

PNews