Unicode Version
“အာလူး”တစ်လုံးတည်းနဲ့ အခန်းတစ်ခုစာကို ၁ လကြာ မီးအလင်းရောင် ပေးနိုင်
၈ မိနစ်ကြာပြုတ်ပြီးတဲ့ အာလူးတစ်လုံးက ပကတိအာလူးအစိမ်းထက် ၁၀ ဆ ထက်မက အားပိုကောင်းတဲ့ ဘက်ထရီတစ်လုံး ဖန်တီးနိုင်ပါတယ်။
ဒီလက်တွေ့စမ်းသပ်မှုကို science and agriculture ပညာရပ်ဆိုင်ရာ ပါမောက္ခ Haim Rabinovitch မှ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
သူ အာလူးတစ်လုံးကနေ ၄ပုံ ၁ပုံ ယူပြီး ဝိုင်ယာကြိုးနဲ့ ချိတ်ဆက်ထားတဲ့ copper cathode နဲ့ zinc anode နှစ်ခုကြား ထည့်ထားလိုက် ပါတယ်။
နောက် ဒီလိုတွဲဖက်ဖွဲ့စည်းပေးမှုက LED မီးလုံးနဲ့အတူ အခန်းတစ်ခန်းကို ရက်ပေါင်း ၄၀ မက မီးအလင်းရောင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒီအချက်အလက်က အထူးသဖြင့် နည်းပညာမထွန်းကားသေးတဲ့ ကမ္ဘာ့နေရာအစိတ်အပိုင်းတွေအတွက် အရမ်းအသုံးဝင်ပါတယ်။
ဒီရှာဖွေတွေ့ရှိ ချက်က အခွင့်အလမ်းနဲ့ အလားအလာများစွာ ရရှိစေပါတယ်။
ဒါပေမယ့် ဘာကြောင့် အာလူးနဲ့မှရပြီး တခြားဟင်းသီးဟင်းရွက်တွေနဲ့ရော မရဘူးလား သိချင်စိတ်လေး ဖြစ်တယ်မို့လား။
အချက် (၂) ချက်ရှိပါတယ်။ ပထမအချက်က အာလူးဟာ ကမ္ဘာတစ်ဝှမ်း ဘယ်နေရာမှာမဆို ရာသီဥတုမရွေး စိုက်ပျိုးနိုင်ပါတယ်။
ဒုတိယအချက်က အာလူးကို နေရာတိုင်းမှာ ရနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။
Ref & Photo Credit : Trend Myanmar