တေက်ာ႔ၿပန္ ဗုိလ္ခ်ဳပ္႐ုပ္ရွင္ကို ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလတြင္ စတင္႐ုိက္ ကူးကာ ၂၀၂၀ ႏွစ္ဦးပိုင္းတြင္ ႐ံုတင္ျပသႏုိင္ေရး စီစဥ္ေဆာင္ရြက္လ်က္ရွိ

Zawgyi ၿဖင္႔ဖတ္ရန္

-ဗုိလ္ခ်ဳပ္ေအာင္ဆန္း အတၳဳပၸတၱိ႐ုပ္ရွင္ကို ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလတြင္ စတင္ ဇာတ္ၫႊန္း ေရးသားၿပီး ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလတြင္ စတင္႐ုိက္ ကူးကာ ၂၀၂၀ ႏွစ္ဦးပိုင္းတြင္ ႐ံုတင္ျပသႏုိင္ေရး စီစဥ္ေဆာင္ရြက္လ်က္ရွိ

ရန္ကုန္ – မတ္ ၇

ဗုိလ္ခ်ဳပ္ေအာင္ဆန္း အတၳဳပၸတၱိ႐ုပ္ရွင္ကို ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလတြင္ စတင္ ဇာတ္ၫႊန္း ေရးသားၿပီး ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလတြင္ စတင္ ႐ုိက္ကူးကာ ၂၀၂၀ ႏွစ္ဦးပိုင္းတြင္ ႐ံုတင္ျပသႏုိင္ေရးအတြက္ စီစဥ္ေဆာင္ရြက္ လ်က္ရွိေၾကာင္း ဗုိလ္ခ်ဳပ္ ေအာင္ဆန္း အတၳဳပၸတၱိ႐ုပ္ရွင္ ႐ုိက္ကူးထုတ္လုပ္ေရး လုပ္ငန္းေကာ္မတီ အတြင္း ေရးမွဴး သာသနာေရးႏွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးထြန္းအံု က ေျပာၾကား လိုက္သည္။

ယေန႔ မြန္းလြဲ ၃ နာရီက ရန္ကုန္ၿမိဳ႕ ၿမိဳ႕မေက်ာင္းလမ္းရွိ အမ်ဳိးသား ဇာတ္႐ံု၌ က်င္းပသည့္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း အတၳဳပၸတၱိ႐ုပ္ရွင္ ႐ုိက္ကူး ထုတ္လုပ္ေရး လုပ္ငန္း ေကာ္မတီ လုပ္ငန္းညိႇႏိႈင္း အစည္းအေ၀း၌ အဖြင့္အမွာစကား ေျပာၾကားရာတြင္ ၎က ထိုသို႔ထည့္ သြင္းေျပာၾကားျခင္းျဖစ္သည္။

လုပ္ငန္းညိႇႏိႈင္းအစည္းအေ၀းတြင္ လုပ္ငန္းေကာ္မတီ တြဲဖက္ အတြင္းေရးမွဴး(၂) ဦးလူမင္းက ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ရွင္ ႐ုိက္ကူး ထုတ္လုပ္ေရးႏွင့္စပ္လ်ဥ္း၍ ေဆာင္ရြက္ထားမႈ အေျခအေနႏွင့္ ဒါ႐ုိက္တာ ဦးမင္းထင္ကိုကိုႀကီးက ဗိုလ္ခ်ဳပ္ ေအာင္ဆန္း႐ုပ္ရွင္႐ုိက္ကူး ထုတ္လုပ္ေရးႏွင့္ စပ္လ်ဥ္း၍ Film Production Organization Chart ေဆာင္ရြက္ ထားမႈအေျခအေနတို႔ကို ရွင္းလင္းတင္ျပၾက သည္။

ဆက္လက္၍ လုပ္ငန္းေကာ္မတီႏွင့္ဆပ္ေကာ္မတီအသီးသီးမွ တာ၀န္ ရွိသူမ်ား ကလည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ရွင္ ႐ုိက္ကူး ထုတ္လုပ္ ရာတြင္ သမုိင္းအေထာက္ အထား လြဲမွားမႈမရွိေစေရးအတြက္ ဗုိလ္ခ်ဳပ္ အသံုးျပဳခဲ့ေသာ အသံုးအေဆာင္ ပစၥည္း မ်ားႏွင့္ ထုိေခတ္ အခါက မွတ္တမ္း အေထာက္အထား ကိစၥရပ္မ်ား အပါအ၀င္ အေထြေထြ ကိစၥရပ္မ်ားကိုေဆြးေႏြးၾကသည္။

သတင္း – ရီရီျမင့္ MOI

ဓာတ္ပံု – လွမုိး

Unicode ၿဖင္႔ဖတ္ရန္

-ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင် ဇာတ်ညွှန်း ရေးသားပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင်ရိုက် ကူးကာ ၂၀၂၀ နှစ်ဦးပိုင်းတွင် ရုံတင်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

ရန်ကုန် – မတ် ၇

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင် ဇာတ်ညွှန်း ရေးသားပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင် ရိုက်ကူးကာ ၂၀၂၀ နှစ်ဦးပိုင်းတွင် ရုံတင်ပြသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ အတွင်း ရေးမှူး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ က ပြောကြား လိုက်သည်။

ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်း ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ အဖွင့်အမှာစကား ပြောကြားရာတွင် ၎င်းက ထိုသို့ထည့် သွင်းပြောကြားခြင်းဖြစ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီ တွဲဖက် အတွင်းရေးမှူး(၂) ဦးလူမင်းက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားမှု အခြေအနေနှင့် ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးက ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးနှင့် စပ်လျဉ်း၍ Film Production Organization Chart ဆောင်ရွက် ထားမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြ သည်။

ဆက်လက်၍ လုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီအသီးသီးမှ တာဝန် ရှိသူများ ကလည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူး ထုတ်လုပ် ရာတွင် သမိုင်းအထောက် အထား လွဲမှားမှုမရှိစေရေးအတွက် ဗိုလ်ချုပ် အသုံးပြုခဲ့သော အသုံးအဆောင် ပစ္စည်း များနှင့် ထိုခေတ် အခါက မှတ်တမ်း အထောက်အထား ကိစ္စရပ်များ အပါအဝင် အထွေထွေ ကိစ္စရပ်များကိုဆွေးနွေးကြသည်။

သတင်း – ရီရီမြင့် MOI

ဓာတ်ပုံ – လှမိုး

Unicode ဖြင့်ဖတ်ရန်