ရေချိုးလျှင် ခေါင်းကို ရေဦးစွာမလောင်းသင့်




ဒေါက်တာခင်မိုးမိုး

==================

ရေချိုးနေစဉ် ဦးခေါင်းကို စတင်ပြီး ရေလောင်းမချိုးသင့်ပါ။ ကျွန်မတို့ဟာ သွေးနွေးသတ္တဝါတွေ ဖြစ်ကြတဲ့အတွက် ခန္ဓာကိုယ်က အပူချိန်ကို အလျင်အမြန် ထိန်းညှိနေရတာကြောင့်ပါ။

ခေါင်းကို ရေလောင်းစဉ် ခေါင်းအေးသွားတဲ့အတွက် အပူချိန်ထိန်းညှိနိုင်အောင် ခန္ဓာကိုယ်က သွေးတွေက ခေါင်းကို အလျင်အမြန် လာကြတာကြောင့် ဦးနှောက်သွေးကြောပေါက်လွယ်သွားပြီး လေဖြတ်ကာ လိမ့်ကျသွားနိုင်ပါတယ်။ ရေချိုးတဲ့အခါမှာ ခြေထောက်ကနေ စတင်ရေလောင်းပြီးမှ တဖြည်းဖြည်း အပေါ်ပိုင်းကို ဆက်လောင်းချိုးပါ။

အထူးသဖြင့် သွေးတိုးရောဂါရှိသူ၊ သွေးတွင်းကိုလက်စထရောမြင့်တက်သူနဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားရသူတွေ ဒီရေချိုးနည်းကို လိုက်နာသင့်ပါတယ်။

ဒေါက်တာခင်မိုးမိုး