ရင္ထဲမွာနင့္သြားတာပဲ တရားရစရာေကာင္းလုိက္တာ ဖတ္ၾကည့္ေနာ္ း)

ရင္ထဲမွာနင့္သြားတာပဲ တရားရစရာေကာင္းလုိက္တာ ဖတ္ၾကည့္ေနာ္ း)

အမ်ဳိးသမီးတစ္ေယာက္ဟာ မိသားစုဝမ္းေရးအတြက္ မနက္တိုင္း ဘိန္းမုန္႕ ဖုတ္ေရာင္းပါတယ္။ မိသားစုဝင္ေတြ လည္း နံနက္စာအျဖစ္ ဘိန္းမုန္႕ပဲ စားၾကပါတယ္။ ေနာက္ၿပီး မနက္တိုင္း မနက္တိုင္းမွာ န္းမုန္႕ တစ္ခ်ပ္ အပိုဖုတ္ထားေပးၿပီး ျပတင္းေပါက္မွာ တင္ထားေပးပါတယ္။ သူမ အလုပ္မအားလပ္တဲ့အခ်ိန္ေရာက္လာရင္ သူ႕ဘာသာယူသြားႏိုင္ေအာင္လို႕ေပါ့။

သူမ သတိထားမိတာက ထိုအဖိုးႀကီး မုန္႕လာယူတိုင္း ေက်းဇူးတင္ပါတယ္ဆိုတဲ့ စကားေလးတစ္ခြန္းေတာင္မေျပာဘဲ မုန္႕ယူၿပီးျပန္ထြက္သြားတိုင္းေအာက္ပါအတိုင္း
ေရရြတ္ေျပာေျပာသြားတယ္။

” အကုသိုလ္ျပဳရင္ ဒုကၡေရာက္ပါေစ၊ ကုသိုလ္ျပဳရင္ ေကာင္းက်ဳိးခံစားရပါေစ ”

ေန႕တိုင္း ေန႕တိုင္း အဖိုးၾကီးမုန္႕လာယူတဲ့အခါ အဲ့ဒီလို ပဲ ရြတ္ရြတ္သြားတဲ့ အတြက္ မုန္႕ေကၽြးရတဲ့ မိန္းမႀကီးလည္း ေဒါကန္လာတာေပါ့။

” ဟင္း . . ေက်းဇူးတင္ပါတယ္ဆိုတဲ့ စကားတစ္လံုးေတာင္မေျပာဘဲ ဒီစကားေတြပဲ ထပ္ခါထပ္ခါ ရြတ္ေနတယ္။ ဒါ ဘာအဓိပၸါယ္လဲ မသိဘူး။”
သူမတစ္ေယာက္ထဲ ေရရြတ္ေနမိသည္။

တစ္ေန႕မွာေတာ့ စိတ္အလိုမက်မႈေတြနဲ႕ေသာက ေပြေနရတဲ့အခ်ိန္မွာ အလိုက္မသိတဲ့ အဖိုးႀကီးကို ရွင္းပစ္ဖုိ႕ဆံုးျဖတ္လိုက္တယ္။

” ဒီအဖိုးႀကီးကို ရွင္းပစ္မွ နားေအးမယ္ ” သူမတစ္ေယာက္ထဲ ရြတ္လိုက္တယ္။

ေနာက္တစ္ေန႕မွာေတာ့ အဖိုးႀကီးအတြက္ သီးသန္႕ ျပင္ဆင္ထားတဲ့ ဘိန္းမုန္႕မွာအဆိပ္ခပ္လိုက္တယ္။ အဆိပ္ခပ္ၿပီး ျပတင္းေပါက္ေပၚတင္ဖို႕ ဟန္ျပင္ေနစဥ္မွာ သူမရဲ႕ လက္ေတြ တုန္ရီလာတယ္။

” ငါဘာေတြ လုပ္ေနပါလိမ့္ ”

သူမခ်က္ခ်င္းပဲ ဘိန္းမုန္႕ကို မီးဖိုထဲ ပစ္ထည့္လိုက္ၿပီး အဖိုးႀကီးအတြက္ အသစ္တစ္ခု ထပ္ဖုတ္ၿပီး ျပတင္းေပါက္မွာ တင္ထားေပးလိုက္တယ္။
အဲ့ဒီမနက္မွာလည္း အရင္လိုပဲ အဖိုးႀကီးေရာက္လာၿပီး ဘိန္းမုန္႕ ယူသြားတယ္။ ပါးစပ္ကလည္း အရင္လိုပဲ ရြတ္သြားျပန္တယ္။

” အကုသိုလ္ျပဳရင္ ဒုကၡေရာက္ပါေစ၊ ကုသိုလ္ျပဳရင္ ေကာင္းက်ဳိးခံစားရပါေစ ”

အဖိုးႀကီးလည္း အမ်ဳိးသမီးရဲ႕ ႀကိဳတင္ၾကံစည္ခဲ့မႈကို မသိရွာပဲ ဘိန္းမုန္႕ေလးယူၿပီး ဝမ္းေျမာက္စြာျပန္ထြက္သြားတယ္။

အဲ့ဒီညေနမွာေတာ့ တံခါးေခါက္သံၾကားလို႕ သြားဖြင့္ၾကည့္လိုက္တယ္။ သူမအံၾသသြားတယ္။ ပိန္လွီၿပီး နံရံကိုမွီေနတဲ့ သားျဖစ္သူကို သူမေတြ႕လိုက္ရတယ္။ သူ႕ရဲ႕ အဝတ္အစားေတြကလည္း စုတ္ျပဲေနတယ္။ ၿပီးေတာ့ ဆာေလာင္မြတ္သိပ္မႈေတြနဲ႕ ခ်ည့္နဲ႕ေနတယ္။

တစ္ရြာမေျပာင္း သူေကာင္းမျဖစ္ဆိုၿပီး ရပ္ေဝးတစ္ေနရာကို ပိုက္ဆံသြားရွာတာ လေတြ သာၾကာလာခဲ့ေပမယ့္ သတင္းအစအနေလးေတာင္မရခဲ့တဲ့သားေလး ခုအိမ္ေရွ႕မွာ ျပန္ေရာက္ေနၿပီ။

မနက္တိုင္းမနက္တိုင္း မွာ အဖိုးႀကီးအတြက္ ျပတင္းေပါက္ေပၚ ဘိန္းမုန္႕တင္ၿပီးတိုင္း ဒီလွဴရတဲ့ ကုသိုလ္ေၾကာင့္ အေဝးတစ္ေနရာကို စီးပြားရွာသြားတဲ့ သားျဖစ္သူ အိမ္ကို ေခ်ာေခ်ာေမြ႕ေမြ႕ျပန္ေရာက္ပါေစလို႕ ဆုေတာင္းတာခဲ့တာေၾကာင့္ အခု သားေလးအိမ္ျပန္ေရာက္လာတာေနမွာေပါ့။

အိမ္ထဲကို ေရာက္တယ္ဆိုရင္ပဲ သားျဖစ္သူက အေမကိုၾကည့္ၿပီး ေျပာျပတယ္

” ေမေမ သားဒီေန႕ဒီကိုေရာက္လာတာ ဘုရားသိၾကားမတာပဲ။ ဒီေနရာကေန တစ္မိုင္ေလာက္အေဝးမွာ ဆာေလာင္မြတ္သိပ္လြန္းလို႕ သားလဲက်သြားေသးတယ္။ သား ေသသြားႏိုင္တဲ့ အေနအထားမွာ ခါးကုန္းကုန္း အဖိုးႀကီးတစ္ေယာက္ျဖတ္သြားတာေတြ႕လို႕ စားစရာေလးမ်ားရွိရင္ နဲနဲေကၽြးပါလို႕ ေတာင္းလိုက္ေတာ့ အဖိုးႀကီးက သူ႕လက္ထဲက ဘိန္းမုန္႕ တစ္ခုလံုးသားကိုေပးခဲ့တယ္ေလ။

ဘိန္းမုန္႕ေပးၿပီး သူကေျပာေသးတယ္
ဒီမုန္႕ဟာ ငါေန႕တိုင္းစားတဲ့ မုန္႕ေပါ့။ ဒီေန႔ေတာ့ မင္းက ငါ့ထက္ ပိုၿပီး အစားစားဖုိ႕လိုအပ္တာေၾကာင့္ မင္းကိုပဲ ေပးပါတယ္ တဲ့ ”

သားျဖစ္သူရဲ႕ စကားေတြၾကားလိုက္ရခ်ိန္မွာ အေမျဖစ္သူ မ်က္ႏွာ မွာ လဲက်မတတ္ ဝမ္းနည္းညိႈးေရာ္သြားတယ္။ အိမ္နံရံေလးကို အမွီျပဳရင္း မနက္က သူမ အဆိပ္ခပ္ဖို႕ ႀကိဳးစားတာကို ျပန္သတိရလာတယ္။ အဲ့ဒီအဆိပ္ခပ္ထားတဲ့ ဘိန္းမုန္႕သာ မီးဖိုထဲ မပစ္လိုက္မိရင္ သူမရဲ႕ သားကို သူမကိုတိုင္ သတ္မိမွာပါလားလို႕ ေနာင္တေတြရလာတယ္။

အဖိုးႀကီးေျပာသြားတဲ့ စကားလံုးေတြရဲ႕ အဓိပၸါယ္ကို ခုေတာ့ သူမ ေကာင္းေကာင္း နားလည္သေဘာေပါက္သြားပါၿပီ။

” အကုသိုလ္ျပဳရင္ ဒုကၡေရာက္ပါေစ၊ ကုသိုလ္ျပဳရင္ ေကာင္းက်ဳိးခံစားရပါေစ ”

ဒါေၾကာင့္ ေကာင္းမႈကုသိုလ္ လုပ္ၿပီဆိုရင္ ဦးတည္ခ်က္ခိုင္ခိုင္မာမာနဲ႕ မကြက္မေစာင္းဘဲ ဆက္လုပ္သြားပါ။

ဒီေန႔ အက်ဳိးမေပးရင္ ေနာက္ေန႕ အက်ဳိးေပးပါလိမ့္မယ္။

ေနာက္ေန႕ အက်ဳိးမေပးရင္ ေနာင္ဘဝတြင္ အက်ဳိးေပးပါလိမ့္မယ္။

======================

ရင်ထဲမှာနင့်သွားတာပဲ တရားရစရာကောင်းလိုက်တာ ဖတ်ကြည့်နော် း)

အမျိုးသမီးတစ်ယောက်ဟာ မိသားစုဝမ်းရေးအတွက် မနက်တိုင်း ဘိန်းမုန့် ဖုတ်ရောင်းပါတယ်။ မိသားစုဝင်တွေ လည်း နံနက်စာအဖြစ် ဘိန်းမုန့်ပဲ စားကြပါတယ်။ နောက်ပြီး မနက်တိုင်း မနက်တိုင်းမှာ န်းမုန့် တစ်ချပ် အပိုဖုတ်ထားပေးပြီး ပြတင်းပေါက်မှာ တင်ထားပေးပါတယ်။ သူမ အလုပ်မအားလပ်တဲ့အချိန်ရောက်လာရင် သူ့ဘာသာယူသွားနိုင်အောင်လို့ပေါ့။

သူမ သတိထားမိတာက ထိုအဖိုးကြီး မုန့်လာယူတိုင်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းတောင်မပြောဘဲ မုန့်ယူပြီးပြန်ထွက်သွားတိုင်းအောက်ပါအတိုင်း
ရေရွတ်ပြောပြောသွားတယ်။

” အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ ”

နေ့တိုင်း နေ့တိုင်း အဖိုးကြီးမုန့်လာယူတဲ့အခါ အဲ့ဒီလို ပဲ ရွတ်ရွတ်သွားတဲ့ အတွက် မုန့်ကျွေးရတဲ့ မိန်းမကြီးလည်း ဒေါကန်လာတာပေါ့။

” ဟင်း . . ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်လုံးတောင်မပြောဘဲ ဒီစကားတွေပဲ ထပ်ခါထပ်ခါ ရွတ်နေတယ်။ ဒါ ဘာအဓိပ္ပါယ်လဲ မသိဘူး။”
သူမတစ်ယောက်ထဲ ရေရွတ်နေမိသည်။

တစ်နေ့မှာတော့ စိတ်အလိုမကျမှုတွေနဲ့သောက ပွေနေရတဲ့အချိန်မှာ အလိုက်မသိတဲ့ အဖိုးကြီးကို ရှင်းပစ်ဖို့ဆုံးဖြတ်လိုက်တယ်။

” ဒီအဖိုးကြီးကို ရှင်းပစ်မှ နားအေးမယ် ” သူမတစ်ယောက်ထဲ ရွတ်လိုက်တယ်။

နောက်တစ်နေ့မှာတော့ အဖိုးကြီးအတွက် သီးသန့် ပြင်ဆင်ထားတဲ့ ဘိန်းမုန့်မှာအဆိပ်ခပ်လိုက်တယ်။ အဆိပ်ခပ်ပြီး ပြတင်းပေါက်ပေါ်တင်ဖို့ ဟန်ပြင်နေစဉ်မှာ သူမရဲ့ လက်တွေ တုန်ရီလာတယ်။

” ငါဘာတွေ လုပ်နေပါလိမ့် ”

သူမချက်ချင်းပဲ ဘိန်းမုန့်ကို မီးဖိုထဲ ပစ်ထည့်လိုက်ပြီး အဖိုးကြီးအတွက် အသစ်တစ်ခု ထပ်ဖုတ်ပြီး ပြတင်းပေါက်မှာ တင်ထားပေးလိုက်တယ်။
အဲ့ဒီမနက်မှာလည်း အရင်လိုပဲ အဖိုးကြီးရောက်လာပြီး ဘိန်းမုန့် ယူသွားတယ်။ ပါးစပ်ကလည်း အရင်လိုပဲ ရွတ်သွားပြန်တယ်။

” အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ ”

အဖိုးကြီးလည်း အမျိုးသမီးရဲ့ ကြိုတင်ကြံစည်ခဲ့မှုကို မသိရှာပဲ ဘိန်းမုန့်လေးယူပြီး ဝမ်းမြောက်စွာပြန်ထွက်သွားတယ်။

အဲ့ဒီညနေမှာတော့ တံခါးခေါက်သံကြားလို့ သွားဖွင့်ကြည့်လိုက်တယ်။ သူမအံသြသွားတယ်။ ပိန်လှီပြီး နံရံကိုမှီနေတဲ့ သားဖြစ်သူကို သူမတွေ့လိုက်ရတယ်။ သူ့ရဲ့ အဝတ်အစားတွေကလည်း စုတ်ပြဲနေတယ်။ ပြီးတော့ ဆာလောင်မွတ်သိပ်မှုတွေနဲ့ ချည့်နဲ့နေတယ်။

တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုပြီး ရပ်ဝေးတစ်နေရာကို ပိုက်ဆံသွားရှာတာ လတွေ သာကြာလာခဲ့ပေမယ့် သတင်းအစအနလေးတောင်မရခဲ့တဲ့သားလေး ခုအိမ်ရှေ့မှာ ပြန်ရောက်နေပြီ။

မနက်တိုင်းမနက်တိုင်း မှာ အဖိုးကြီးအတွက် ပြတင်းပေါက်ပေါ် ဘိန်းမုန့်တင်ပြီးတိုင်း ဒီလှူရတဲ့ ကုသိုလ်ကြောင့် အဝေးတစ်နေရာကို စီးပွားရှာသွားတဲ့ သားဖြစ်သူ အိမ်ကို ချောချောမွေ့မွေ့ပြန်ရောက်ပါစေလို့ ဆုတောင်းတာခဲ့တာကြောင့် အခု သားလေးအိမ်ပြန်ရောက်လာတာနေမှာပေါ့။

အိမ်ထဲကို ရောက်တယ်ဆိုရင်ပဲ သားဖြစ်သူက အမေကိုကြည့်ပြီး ပြောပြတယ်

” မေမေ သားဒီနေ့ဒီကိုရောက်လာတာ ဘုရားသိကြားမတာပဲ။ ဒီနေရာကနေ တစ်မိုင်လောက်အဝေးမှာ ဆာလောင်မွတ်သိပ်လွန်းလို့ သားလဲကျသွားသေးတယ်။ သား သေသွားနိုင်တဲ့ အနေအထားမှာ ခါးကုန်းကုန်း အဖိုးကြီးတစ်ယောက်ဖြတ်သွားတာတွေ့လို့ စားစရာလေးများရှိရင် နဲနဲကျွေးပါလို့ တောင်းလိုက်တော့ အဖိုးကြီးက သူ့လက်ထဲက ဘိန်းမုန့် တစ်ခုလုံးသားကိုပေးခဲ့တယ်လေ။

ဘိန်းမုန့်ပေးပြီး သူကပြောသေးတယ်ဒီမုန့်ဟာ ငါနေ့တိုင်းစားတဲ့ မုန့်ပေါ့။ ဒီနေ့တော့ မင်းက ငါ့ထက် ပိုပြီး အစားစားဖို့လိုအပ်တာကြောင့် မင်းကိုပဲ ပေးပါတယ် တဲ့ ”

သားဖြစ်သူရဲ့ စကားတွေကြားလိုက်ရချိန်မှာ အမေဖြစ်သူ မျက်နှာ မှာ လဲကျမတတ် ဝမ်းနည်းညှိုးရော်သွားတယ်။ အိမ်နံရံလေးကို အမှီပြုရင်း မနက်က သူမ အဆိပ်ခပ်ဖို့ ကြိုးစားတာကို ပြန်သတိရလာတယ်။ အဲ့ဒီအဆိပ်ခပ်ထားတဲ့ ဘိန်းမုန့်သာ မီးဖိုထဲ မပစ်လိုက်မိရင် သူမရဲ့ သားကို သူမကိုတိုင် သတ်မိမှာပါလားလို့ နောင်တတွေရလာတယ်။အဖိုးကြီးပြောသွားတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို ခုတော့ သူမ ကောင်းကောင်း နားလည်သဘောပေါက်သွားပါပြီ။

” အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ ”

ဒါကြောင့် ကောင်းမှုကုသိုလ် လုပ်ပြီဆိုရင် ဦးတည်ချက်ခိုင်ခိုင်မာမာနဲ့ မကွက်မစောင်းဘဲ ဆက်လုပ်သွားပါ။

ဒီနေ့ အကျိုးမပေးရင် နောက်နေ့ အကျိုးပေးပါလိမ့်မယ်။

နောက်နေ့ အကျိုးမပေးရင် နောင်ဘဝတွင် အကျိုးပေးပါလိမ့်မယ်။