ကိုယ္ေသာက္ေနက် ေဆးေတြရဲ႕ နာမည္အဆံုးမွာ MR, SR, OD, CR, RETARD, XL စသျဖင့္ ရွိတာကို သတိထားမိပါသလား

ကိုယ္ေသာက္ေနက် ေဆးေတြရဲ႕ နာမည္ကို ဂ႐ုစိုက္ ဖတ္ဖူးပါသလား? တခ်ိဳ႕ေဆးေတြရဲ႕ နာမည္အဆံုးမွာ MR, SR, OD, CR, Retard, XL စသျဖင့္ ရွိတာကို သတိထားမိပါသလား?

လူအမ်ားစု ေဆးေတြကို ျခမ္းၿပီး ခ်ိဳးၿပီး ေသာက္တာမ်ိဳး ရွိဖူးမွာပါ။ ေနာက္ၿပီးေတာ့ ေဆးဆိုင္မွာ ဝယ္တဲ့အခါမွာလဲ ကိုယ္ေသာက္ေနက် ပမာဏ mg ပစၥည္း ကုန္ေနတာမ်ိဳးၾကံဳရင္ ဥပမာ ကိုယ္က ၁၀၀မီလီဂရမ္ ေသာက္ေနက် ေပမယ့္ ေဆးက မရွိတဲ့အတြက္ ၅၀ မီလီဂရမ္ ၂ လံုး ေသာက္လိုက္တာမ်ိဳး ၂၀၀ မီလီဂရမ္ကို တဝက္ျခမ္း ေသာက္လိုက္တာမ်ိဳး ေဆးဆိုင္ေတြကလဲ ၁၀၀ မီလီဂရမ္ ပစၥည္းျပတ္လို႔ ၅၀ မီလီဂရမ္ ၂ လံုး ေသာက္လိုက္ပါ ဆိုတာမ်ိဳး လုပ္ဖူးၾကမွာပါ။

အဲ့ဒီအခါမွာ ေယဘုယ်အားျဖင့္ေတာ့ မွန္ေကာင္းမွန္ႏိုင္ေပမယ့္ အေပၚမွာ ဆိုခဲ့တဲ့ MR, SR, OD, CR, Retard, XL စသည္တို႔နဲ႔ အဆံုးသတ္ထားတဲ့ ေဆးနာမည္ေတြမွာ ျပႆနာရွိႏိုင္ပါတယ္။ ဒီလိုအတိုေကာက္ MR, SR ေတြကိုေဆးနာမည္မွာ ဘာလို႔ ထည့္ထားရတာလဲဆိုေတာ့ တစ္ခ်ိဳ႕ ေဆးေတြမွာ ေသာက္ေသာက္ၿပီးခ်င္း အာနိသင္ျပၿပီး ခ်က္ခ်င္း အာနိသင္ ကုန္မသြားေအာင္ ေဆးရဲ႕ အာနိသင္ တစ္ေနကုန္ရေနေအာင္ ေဖၚစပ္ ဖန္တီးထားပါတယ္။ ေသြးက်ေဆး ဆီးခ်ိဳေဆး စတာေတြမွာေပါ့။

MR SR စတာေတြရဲ႕ အရွည္ေကာက္ကေတာ့ Modified release, Slow release, substained release ပါတဲ့ ။ ဆိုလိုတာကေတာ့ ေဆးကို ခ်က္ခ်င္း အာနိသင္ အကုန္မျပပဲ တေနကုန္ ျဖည္းျဖည္းခ်င္း ထြက္ေနေအာင္ လုပ္ထားတာပါ။ တစ္ေနကုန္ အာနိသင္ ျပေနေအာင္ ဒါမွမဟုတ္ တရက္ ၂ ႀကိမ္ ၃ ႀကိမ္ ေသာက္ေနစရာမလိုပဲ တစ္ႀကိမ္ထဲနဲ႔ အဆင္ေျပေအာင္ ေဆးကို စတင္ ထုတ္လုပ္ကတည္းက တစ္ခ်ိဳ႕ေဆးေတြကို ဓာတုေဗဒပစၥည္း ေပါင္းထည့္ထားတာမ်ိဳး coat လုပ္ထားၿပီး အလႊာအုပ္ထားတာမ်ိဳး ဖန္တီးထားေလ့ ႐ွိပါတယ္တဲ့။

ေဆးကိုခ်ိဳးၿပီး ေသာက္လိုက္တာမ်ိဳး ၁၀၀ အား မရွိလို႔ ၅၀ အား ၂ လံုး ေသာက္လိုက္တာမ်ိဳးမွာ ေျဖးေျဖး စိမ့္ထြက္လာရမယ့္ အာနိသင္ေတြဟာ အခ်ိဳးအစား မွန္မွန္ကန္ကန္ မရပဲ ကေမာက္ကမ ျဖစ္သြားႏိုင္ပါတယ္။

ဒါေၾကာင့္မို႔ မိမိေသာက္ေနက် ေဆးေတြရဲ႕ အေနာက္မွာ MR, SR, OD, Retard, XL စသျဖင့္ပါ မပါ ၾကည့္ပီး ပါေနခဲ့ရင္ ခါတိုင္း ေသာက္ေနက် ပံုစံ အတိုင္းသာ ေသာက္ၿပီး တစ္ဝက္ျခမ္းေသာက္တာမ်ိဳး ၂ လံုးေသာက္တာမ်ိဳး မလုပ္ပဲနဲ႔ ကိုယ္ေသာက္တဲ့အား ပမာဏ အတိက်ကိုသာ ရွာဝယ္ေသာက္သင့္ေၾကာင္း အၾကံျပဳလိုပါတယ္။

 

Source : Great Heart Myanmar

(Unicode Version)

ကိုယ်သောက်နေကျ ဆေးတွေရဲ့ နာမည်အဆုံးမှာ MR, SR, OD, CR, Retard, XL စသဖြင့် ရှိတာကို သတိထားမိပါသလား

ကိုယ်သောက်နေကျ ဆေးတွေရဲ့ နာမည်ကို ဂရုစိုက် ဖတ်ဖူးပါသလား? တချို့ဆေးတွေရဲ့ နာမည်အဆုံးမှာ MR, SR, OD, CR, Retard, XL စသဖြင့် ရှိတာကို သတိထားမိပါသလား?

လူအများစု ဆေးတွေကို ခြမ်းပြီး ချိုးပြီး သောက်တာမျိုး ရှိဖူးမှာပါ။ နောက်ပြီးတော့ ဆေးဆိုင်မှာ ဝယ်တဲ့အခါမှာလဲ ကိုယ်သောက်နေကျ ပမာဏ mg ပစ္စည်း ကုန်နေတာမျိုးကြုံရင် ဥပမာ ကိုယ်က ၁ဝဝမီလီဂရမ် သောက်နေကျ ပေမယ့် ဆေးက မရှိတဲ့အတွက် ၅၀ မီလီဂရမ် ၂ လုံး သောက်လိုက်တာမျိုး ၂၀၀ မီလီဂရမ်ကို တဝက်ခြမ်း သောက်လိုက်တာမျိုး ဆေးဆိုင်တွေကလဲ ၁၀၀ မီလီဂရမ် ပစ္စည်းပြတ်လို့ ၅၀ မီလီဂရမ် ၂ လုံး သောက်လိုက်ပါ ဆိုတာမျိုး လုပ်ဖူးကြမှာပါ။

အဲ့ဒီအခါမှာ ယေဘုယျအားဖြင့်တော့ မှန်ကောင်းမှန်နိုင်ပေမယ့် အပေါ်မှာ ဆိုခဲ့တဲ့ MR, SR, OD, CR, Retard, XL စသည်တို့နဲ့ အဆုံးသတ်ထားတဲ့ ဆေးနာမည်တွေမှာ ပြဿနာရှိနိုင်ပါတယ်။ ဒီလိုအတိုကောက် MR, SR တွေကိုဆေးနာမည်မှာ ဘာလို့ ထည့်ထားရတာလဲဆိုတော့ တစ်ချို့ ဆေးတွေမှာ သောက်သောက်ပြီးချင်း အာနိသင်ပြပြီး ချက်ချင်း အာနိသင် ကုန်မသွားအောင် ဆေးရဲ့ အာနိသင် တစ်နေကုန်ရနေအောင် ဖေါ်စပ် ဖန်တီးထားပါတယ်။ သွေးကျဆေး ဆီးချိုဆေး စတာတွေမှာပေါ့။

MR SR စတာတွေရဲ့ အရှည်ကောက်ကတော့ Modified release, Slow release, substained release ပါတဲ့ ။ ဆိုလိုတာကတော့ ဆေးကို ချက်ချင်း အာနိသင် အကုန်မပြပဲ တနေကုန် ဖြည်းဖြည်းချင်း ထွက်နေအောင် လုပ်ထားတာပါ။ တစ်နေကုန် အာနိသင် ပြနေအောင် ဒါမှမဟုတ် တရက် ၂ ကြိမ် ၃ ကြိမ် သောက်နေစရာမလိုပဲ တစ်ကြိမ်ထဲနဲ့ အဆင်ပြေအောင် ဆေးကို စတင် ထုတ်လုပ်ကတည်းက တစ်ချို့ဆေးတွေကို ဓာတုဗေဒပစ္စည်း ပေါင်းထည့်ထားတာမျိုး coat လုပ်ထားပြီး အလွှာအုပ်ထားတာမျိုး ဖန်တီးထားလေ့ ရှိပါတယ်တဲ့။

ဆေးကိုချိုးပြီး သောက်လိုက်တာမျိုး ၁၀၀ အား မရှိလို့ ၅၀ အား ၂ လုံး သောက်လိုက်တာမျိုးမှာ ဖြေးဖြေး စိမ့်ထွက်လာရမယ့် အာနိသင်တွေဟာ အချိုးအစား မှန်မှန်ကန်ကန် မရပဲ ကမောက်ကမ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့်မို့ မိမိသောက်နေကျ ဆေးတွေရဲ့ အနောက်မှာ MR, SR, OD, Retard, XL စသဖြင့်ပါ မပါ ကြည့်ပီး ပါနေခဲ့ရင် ခါတိုင်း သောက်နေကျ ပုံစံ အတိုင်းသာ သောက်ပြီး တစ်ဝက်ခြမ်းသောက်တာမျိုး ၂ လုံးသောက်တာမျိုး မလုပ်ပဲနဲ့ ကိုယ်သောက်တဲ့အား ပမာဏ အတိကျကိုသာ ရှာဝယ်သောက်သင့်ကြောင်း အကြံပြုလိုပါတယ်။

Source : Great Heart Myanmar