

မတ်(၁၂)၊ ၂၀၁၈၊ မန္တလေး

The Nyang News






ဝေမောင်

ဓာတ်ပုံ – ငြမ်း

=====================

လူ့အဖွဲ့အစည်းပြင်ပသို့ အပြီးအပိုင် ထုတ်ပစ်ရမည့် ”လူ”မဟုတ်သော ”တိရိစ္ဆာန်”

(၂) နှစ်ခွဲအရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူအား ပထမဆုံးအကြိမ် ရုံးထုတ်

မတ်(၁၂)၊ ၂၀၁၈၊ မန္တလေး

The Nyang News

အသက် (၂) နှစ်ခွဲအရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသားအား ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း အဆိုပါ ကလေးငယ်၏ မိသားစုဝင်များထံက သိရသည်။

မတ်လ (၁၂) ရက်နေ့၊ နေ့လည် (၁) နာရီကျော်ချိန်တွင် ပြင်ဦးလွင် ခရိုင်တရားရုံး၌ အဆိုပါ ပြစ်မှု ကျူးလွန်ခဲ့သူအား ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်ခဲ့ကြောင်း ရုံးချိန်းသို့ သွားရောက်ခဲ့သည့် မတ္တရာမြို့နယ် ဒေသခံ တောင်သူ ဦးသန်းလွင်က ပြောသည်။

“ဒီနေ့ကလေးမလေးရဲ့ အဖေနဲ့အမေအပါအဝင် အားလုံးလာ ရောက်ကြတယ်။ စုစုပေါင်း (၇၀) လောက် ရှိမယ်ထင်တယ်” ဟု ဦးသန်းလွင်က ဆက်ပြောသည်။

မတ္တရာမြို့နယ်၊ မြွေကတို့ဆိပ်ကျေးရွာနေ ကလေးငယ်သည် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် အဓမ္မပြုကျင့်ခံခဲ့ရသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသနေစဉ် သေဆုံးသွားရာ အဆိုပါ အဓမ္မပြုကျင့်ခဲ့သည့် တရားခံအား အမြန်ဆုံး သေဒဏ်ချမှတ်ပေးရေး တောင်းဆိုမှုကို ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ဒေသခံအင်အား (၂၀၀၀) ကျော်ဖြင့် မတ္တရာမြို့တွင် ပြုလုပ်ခဲ့ကြသည်။

ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူ အမျိုးသားအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၀၂ တို့ဖြင့် အမှုဖွင့်ထား ကာ ပြင်ဦးလွင်ခရိုင်တရားရုံး၌ လာမည့် မတ်လ (၁၆) ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ရုံးထုတ် စစ်ဆေးမှု ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝေမောင်

ဓာတ်ပုံ – ငြမ်း