

ပဲခူး မတ် ၁၃


မတ် ၁၂ရက် ၁၀နာရီခွဲ အချိန်ခန့်က ဒေါ်မေသက်နွယ် ဒုတိယညွှန်ကြားရေးမှူး (စီမံ) ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးသည် တိုင်းပညာရေးတာဝန် ထမ်းဆောင်နေစဉ် တစ်ရုံးတည်းနေ ဦးသီဟထွန်း ၃၇နှစ် ဒုတိယဦးစီးမှူး ပဲခူးမြို့နေသူမှ ၎င်းကိုင်ဆောင်သည့် (၀၉- ၇၉၆၉၅၄၇၉၈) ဖုန်းနံပါတ်ပါ Samsung J7 အမျိုးအစား မီးခိုးရောင်ဖုန်းတွင် လူမှုကွန်ယက်ဖြစ်သော FACEBOOK ၌ ယနေ့ကျင်းပသော ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ စတုတ္ထနေ့၊ ဓါတုဗေဒဘာသာရပ်မေးခွန်းများ Online ပေါ်တွင် Sayar Bone အကောင့်ဖြင့် တင်ထားသည်ကို တွေ့ရှိကြောင်း တင်ပြခဲ့သဖြင့် အဆိုပါအကောင့်အား ဆက်လက်ဖွင့်ကြည့်ရာ ပဲခူးမြို့၊ ရွှေဘုံသာပရဟိတပညာဒါနကျောင်း၊ ကလျာဏီ ၇လမ်း၊ ပဲခူး၏ Page အား Share ထားသည်ကို တွေ့ရှိရကြောင်း၊ Phyo Wai Aung အကောင့်တွင် ၂၀၁၈ မတ် ၉ရက် ၁၀နာရီ ၃၅မိနစ်အချိန်တွင် သချာင်္မေးခွန်းများကို Online တင်ပေးခဲ့သူ၏ အကောင့်ဖြင့် တင်ထားသည်ကို Screen Shot ရိုက်၍ Sayar Bone အကောင့်မှ “အန္တရာယ်ကြားက မေတ္တာ”ဟု ပြန်​လည်​တင်​ထား​ကြောင်း ယခင်​​နေ့များကလည်း ​မေးခွန်းများကို သတ်​မှတ်​ချိန်​ မွန်းတည့်​ ၁၂နာရီမတိုင်​မီ Online ​ပေါ်တွင်​ တင်​ထားသည်​ကို ​တွေ့ရှိရ​ကြောင်း၊ အဆိုပါ​မေးခွန်းများသည်​ စာ​မေးပွဲကျင်းပပြီးစီးသည့်​ မွန်းတည့်​ ၁၂နာရီအထိ မည်​သူမှ ပြင်​ပသို့ယူ​ဆောင်ခြင်း၊ ပြသခြင်း ပြုလုပ်​ခွင့်​မရှိဘဲ Online​ ပေါ်တွင်​ ​တွေ့ရှိရ၍ တရားစွဲဆိုရခြင်းဖြစ်​​ကြောင်း သိရသည်​။



Ly Mo News

credit – သူရအောင်

Unicode
စာမေးပွဲဖြေဆိုနေချိန် မေးခွန်းပေါက်ကြားခဲ့၍ ၆၆(ဃ) ဖြင့်အမှုဖွင့်

ပဲခူး မတ် ၁၃

ပဲခူးတိုင်းဒေသကြီး၌ မေးခွန်းပေါက်ကြားမှု ဖြစ်ပေါ်ခဲ့ပြီး စာမေးပွဲဖြေဆိုချိန် မေးခွန်းအား လူမှုကွန်ယက်ပေါ် တင်ခဲ့သည့် အကောင့်ပိုင်ရှင်အား တိုင်းပညာရေး ညွှန်ကြားရေးမှူးမှ ၆၆(ဃ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မတ် ၁၂ရက် ၁၀နာရီခွဲ အချိန်ခန့်က ဒေါ်မေသက်နွယ် ဒုတိယညွှန်ကြားရေးမှူး (စီမံ) ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးသည် တိုင်းပညာရေးတာဝန် ထမ်းဆောင်နေစဉ် တစ်ရုံးတည်းနေ ဦးသီဟထွန်း ၃၇နှစ် ဒုတိယဦးစီးမှူး ပဲခူးမြို့နေသူမှ ၎င်းကိုင်ဆောင်သည့် (၀၉- ၇၉၆၉၅၄၇၉၈) ဖုန်းနံပါတ်ပါ Samsung J7 အမျိုးအစား မီးခိုးရောင်ဖုန်းတွင် လူမှုကွန်ယက်ဖြစ်သော FACEBOOK ၌ ယနေ့ကျင်းပသော ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ စတုတ္ထနေ့၊ ဓါတုဗေဒဘာသာရပ်မေးခွန်းများ Online ပေါ်တွင် Sayar Bone အကောင့်ဖြင့် တင်ထားသည်ကို တွေ့ရှိကြောင်း တင်ပြခဲ့သဖြင့် အဆိုပါအကောင့်အား ဆက်လက်ဖွင့်ကြည့်ရာ ပဲခူးမြို့၊ ရွှေဘုံသာပရဟိတပညာဒါနကျောင်း၊ ကလျာဏီ ၇လမ်း၊ ပဲခူး၏ Page အား Share ထားသည်ကို တွေ့ရှိရကြောင်း၊ Phyo Wai Aung အကောင့်တွင် ၂၀၁၈ မတ် ၉ရက် ၁၀နာရီ ၃၅မိနစ်အချိန်တွင် သချာၤမေးခွန်းများကို Online တင်ပေးခဲ့သူ၏ အကောင့်ဖြင့် တင်ထားသည်ကို Screen Shot ရိုက်၍ Sayar Bone အကောင့်မှ “အန္တရာယ်ကြားက မေတ္တာ”ဟု ပြန်လည်တင်ထားကြောင်း ယခင်နေ့များကလည်း မေးခွန်းများကို သတ်မှတ်ချိန် မွန်းတည့် ၁၂နာရီမတိုင်မီ Online ပေါ်တွင် တင်ထားသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါမေးခွန်းများသည် စာမေးပွဲကျင်းပပြီးစီးသည့် မွန်းတည့် ၁၂နာရီအထိ မည်သူမှ ပြင်ပသို့ယူဆောင်ခြင်း၊ ပြသခြင်း ပြုလုပ်ခွင့်မရှိဘဲ Online ပေါ်တွင် တွေ့ရှိရ၍ တရားစွဲဆိုရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်ဆင့်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေသက်နွယ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇင်၊ ဒုတိယဦးစီးမှူး ဦးသီဟထွန်းတို့မှ တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ဆက်သွယ်ရေးကွန်ယက် တစ်ခုခုကို အသုံးပြု၍ ပညာရေးဌာန၏ ဂုဏ်သိက္ခာကျဆင်းစေရန် အသေရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း ပြုလုပ်သူ Sayar Bone အကောင့်ပိုင်ရှင်အား ဥပဒေအရ အရေးယူပေးပါရန် ဒေါ်မေသက်နွယ်မှ တရးလိုပြုလုပ်တိုင်တန်းသဖြင့် အမှတ် ၂ နယ်မြေရဲစခန်း ပ ၂၂၃/၂၀၁၈ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Ly Mo News

credit – သူရအောင်