အေဖ ေခၚခ …တစ္​ရက္​ ၆၀၀ က်ပ္ !!! (ဖတ္ျဖစ္ေအာင္ဖတ္ပါ)

အေဖ ေခၚခ …တစ္​ရက္​ ၆၀၀ က်ပ္ !!!
(ဖတ္ျဖစ္ေအာင္ဖတ္ပါ)

ရပ္ကြက္ တစ္ခုမွာ..
ကိုထြန္း နဲ႔ မၾကည္ျပာ ဆိုတဲ ႔လင္မယား သားသမီး သံုးေယာက္ေမြးဖြားထားတယ္ေပါ့ !
ကိုထြန္းဟာ အရက္ ကြ်န္ျဖစ္သြားျပီ !အရက္ ကလြဲလို ့..သူ႔ဘဝမွာ ဘာမွမရွိ !မျကည္ျပာ ကိုလည္း သူဂရုမစိုက္ေတာ့ !သားသမီးသံုးေယာက္ ကိုလည္း..စိတ္မဝင္စားေတာ့ !

သူသိတာက..

မၾကည္ျပာ ဆီကရမဲ႔ ..အရက္ ဖိုး မနက္ ၂၀၀၊
ေန႔လည္ ၂၀၀ နဲ႔ ညေန ၂၀၀
၊ဒါပဲ….သူ သိေတာ့တယ္ !မၾကည္ျပာ ကေတာ့..ေခါင္းရြက္ဗ်တ္ထိုးေစ်းသည္ဘဝနဲ႔မိသားစု ကိုဦးေဆာင္ျပီး ကေလး ေတြ စားစရိတ္ ေက်ာင္းစားရိတ္ အျပင္..ကိုထြန္း အတြက္​ အရက္ ဖိုးကိုပါေန႔စဥ္ ပင္ပန္​းႀကီးစြာရွာေဖြေနရတယ္ !

ဒါကို..မၾကည္ျပာ ရဲ႕ အစ္မ ေတြ အေဒၚေတြက မေက်နပ္ၾကေတာ့ဘူး !ဒါနဲ႕..မၾကည္ျပာ ကို ေခၚဆူၾကတယ္ !ညည္း ဒီေလာက္ ေယာက္်ား ရွားေနလား !ညည္း ဒီေလာက္ ေယာက္်ား အေပၚခ်စ္​ေနတာလား !ညည္း ဒီေလာက္ အရွက္မဲ႔ေနရလား !

ေဆြမ်ိဳး​ ေတြပါ..သိကၡာ က်ရတယ္ !သူရွိေနလည္း…ကိုယ့္ဟာကိုယ္ လုပ္စားေနရတယ္ !သူမရွိေတာ့ရင္လည္း..ကိုယ့္ဟာကိုယ္လုပ္စားရမွာပဲေလ !ဘာလို ့…ဒီေလာက္သံုးမရတဲ႔ အရက္သမား ကို အရက္ဖိုးေပး ရွာေကြ်းျပီး သူနိွပ္စက္​တာ ခံေနရတာလည္း ?ညည္း..သူနဲ႔ မကြာေသးဘူးလား ?ဘာလား​ေပါ့ ?….ညာလား​ေပါ့ ?

မၾကည္ျပာ က..အေဒၚေတြ ၊ အစ္မေတြေျပာသမ်ွကို ေအးေဆးစြာနားေထာင္​ေနလိုက္​တယ္​…..ၿပီးမွ…!အေဒၚတို ့အစ္မတို႔ေျပာတာ မွန္​ေပမယ္​့ ကိုထြန္း ကို…ကြ်န္မ မကြဲနိုင္ပါဘူး !ေယာက္်ား ရွားလို ..သူ႔ကို ခ်စ္လြန္းလို ႔ကြ်န္မ ဒုကၡေတြခံျပီး…သူနဲ႔ေပါင္းေနတာ..မဟုတ္ပါဘူး !ကြ်န္မေမြးထားတဲ႔ က​ေလး သံုးေယာက္မွာ…သူမ်ားေတြနဲ႕တန္းတူ အေဖ လို ့ေခၚခြင့္ရဖို ့!

သူမ်ားကေလးေတြနဲ႔တန္းတူ..အေဖလို႔ေခၚလိုက္ရင္”ေဟ”လို ့ ျပန္ထူးေပးဖို ့!သူ႔ကို ကြ်န္မသားသမီးေလးေတြအတြက္အေဖေခၚခ…ေပးေနတာပါ !က်ြန္​မ အ႐ြယ္​ ရွိ​ေသးတာ..​ေနာက္​ အိမ္​​ေထာင္​ ျပဳလို႔ရႏိုင္​တာက မွန္​​ေပမယ္​့က်ြန္​မက​ေလး​ေတြအတြက္​ ..ပ​ေထြး ကို “အ​ေဖ” လို႔ အ​ေခၚမခံႏိုင္​ပါဘူး !

ကုိထြန္​း ကိုေပးေနတာ..အရက္ဖိုးမဟုတ္ပါဘူး !ကြ်န္မ…သားေလးေတြ သမီးေလးေတြအတြက္…အေဖ ေခၚခ ေပးေနတာပါ !အေဒၚေတြအစ္မ ေတြမွာ..ေခါင္းငိုက္စိုက္ က်သြားပါေတာ့တယ္ !

မၾကည္​ျပာ..မွန္​လား / မွားလား !!

(ေက်းဇူးျပဳ ၿပီး..စာဖတ္​သူရဲ႕ သ​ေဘာ
ထားအျမင္​​ေလး ​ေရး​ေပးခဲ့ပါ။ လြတ္​လပ္​စြာ အျမင္ကြဲျပားခြင္​့ရွိပါတယ္​ !!)

Credit “အတိတ္ေခတ္”

Unicode
အဖေ ခေါ်ခ …တစ်ရက် ၆၀၀ ကျပ် !!!
(ဖတ်ဖြစ်အောင်ဖတ်ပါ)

ရပ်ကွက် တစ်ခုမှာ..
ကိုထွန်း နဲ့ မကြည်ပြာ ဆိုတဲ့လင်မယား သားသမီး သုံးယောက်မွေးဖွားထားတယ်ပေါ့ !
ကိုထွန်းဟာ အရက် ကျွန်ဖြစ်သွားပြီ !အရက် ကလွဲလို့..သူ့ဘဝမှာ ဘာမှမရှိ !မကြည်ပြာ ကိုလည်း သူဂရုမစိုက်တော့ !သားသမီးသုံးယောက် ကိုလည်း..စိတ်မဝင်စားတော့ !

သူသိတာက..

မကြည်ပြာ ဆီကရမဲ့ ..အရက် ဖိုး မနက် ၂၀၀၊
နေ့လည် ၂၀၀ နဲ့ ညနေ ၂၀၀
၊ဒါပဲ….သူ သိတော့တယ် !မကြည်ပြာ ကတော့..ခေါင်းရွက်ဗျတ်ထိုးဈေးသည်ဘဝနဲ့မိသားစု ကိုဦးဆောင်ပြီး ကလေး တွေ စားစရိတ် ကျောင်းစားရိတ် အပြင်..ကိုထွန်း အတွက် အရက် ဖိုးကိုပါနေ့စဉ် ပင်ပန်းကြီးစွာရှာဖွေနေရတယ် !

ဒါကို..မကြည်ပြာ ရဲ့ အစ်မ တွေ အဒေါ်တွေက မကျေနပ်ကြတော့ဘူး !ဒါနဲ့..မကြည်ပြာ ကို ခေါ်ဆူကြတယ် !ညည်း ဒီလောက် ယောက်ျား ရှားနေလား !ညည်း ဒီလောက် ယောက်ျား အပေါ်ချစ်နေတာလား !ညည်း ဒီလောက် အရှက်မဲ့နေရလား !

ဆွေမျိုး တွေပါ..သိက္ခာ ကျရတယ် !သူရှိနေလည်း…ကိုယ့်ဟာကိုယ် လုပ်စားနေရတယ် !သူမရှိတော့ရင်လည်း..ကိုယ့်ဟာကိုယ်လုပ်စားရမှာပဲလေ !ဘာလို့…ဒီလောက်သုံးမရတဲ့ အရက်သမား ကို အရက်ဖိုးပေး ရှာကျွေးပြီး သူနှိပ်စက်တာ ခံနေရတာလည်း ?ညည်း..သူနဲ့ မကွာသေးဘူးလား ?ဘာလားပေါ့ ?….ညာလားပေါ့ ?

မကြည်ပြာ က..အဒေါ်တွေ ၊ အစ်မတွေပြောသမျှကို အေးဆေးစွာနားထောင်နေလိုက်တယ်…..ပြီးမှ…!အဒေါ်တို့အစ်မတို့ပြောတာ မှန်ပေမယ့် ကိုထွန်း ကို…ကျွန်မ မကွဲနိုင်ပါဘူး !ယောက်ျား ရှားလို ..သူ့ကို ချစ်လွန်းလို့ကျွန်မ ဒုက္ခတွေခံပြီး…သူနဲ့ပေါင်းနေတာ..မဟုတ်ပါဘူး !ကျွန်မမွေးထားတဲ့ ကလေး သုံးယောက်မှာ…သူများတွေနဲ့တန်းတူ အဖေ လို့ခေါ်ခွင့်ရဖို့!

သူများကလေးတွေနဲ့တန်းတူ..အဖေလို့ခေါ်လိုက်ရင်”ဟေ”လို့ ပြန်ထူးပေးဖို့!သူ့ကို ကျွန်မသားသမီးလေးတွေအတွက်အဖေခေါ်ခ…ပေးနေတာပါ !ကျွန်မ အရွယ် ရှိသေးတာ..နောက် အိမ်ထောင် ပြုလို့ရနိုင်တာက မှန်ပေမယ့်ကျွန်မကလေးတွေအတွက် ..ပထွေး ကို “အဖေ” လို့ အခေါ်မခံနိုင်ပါဘူး !

ကိုထွန်း ကိုပေးနေတာ..အရက်ဖိုးမဟုတ်ပါဘူး !ကျွန်မ…သားလေးတွေ သမီးလေးတွေအတွက်…အဖေ ခေါ်ခ ပေးနေတာပါ !အဒေါ်တွေအစ်မ တွေမှာ..ခေါင်းငိုက်စိုက် ကျသွားပါတော့တယ် !

မကြည်ပြာ..မှန်လား / မှားလား !!

(ကျေးဇူးပြု ပြီး..စာဖတ်သူရဲ့ သဘော
ထားအမြင်လေး ရေးပေးခဲ့ပါ။ လွတ်လပ်စွာ အမြင်ကွဲပြားခွင့်ရှိပါတယ် !!)

Credit “အတိတ်ခေတ်”