လား႐ႈိး ေမာက္ေတာင္းရြာဦးဘုန္းႀကီးေက်ာင္း မီးေလာင္၊ ဆင္းတုေတာ္တဆူသာ က်န္ရွိ

ရွမ္းျပည္ေျမာက္ပိုင္း၊ လား႐ႈိးၿမိဳ႕နယ္၊ နားလြယ္အုပ္စု ေမာက္ေတာင္းေက်းရြာမွာ မေန႔ညက မီးေလာင္မႈျဖစ္ပြားၿပီး ရြာဦးဘုန္းေတာ္ႀကီး တေက်ာင္းလံုး ပ်က္စီးဆံုး႐ႈံးသြားၿပီး ဆင္းတုေတာ္တဆူသာ က်န္ရွိပါတယ္။

မတ္လ ၁၃ ရက္ေန႔ ည ၁၀ နာရီက ေလာင္ကၽြမ္းခဲ့တာျဖစ္ၿပီး မီးေလာင္ရတဲ့အေၾကာင္း အေသးစိတ္ကုိေတာ့ မသိရေသးဘူးလို႔ မီးေလာင္ရာကို သြားေရာက္ၾကည့္႐ႈေနတဲ့ ဆရာေတာ္ ဦးသု၀ရက ဒီဗြီဘီကို ေျပာပါတယ္။

“ေမာက္ေတာင္းေက်ာင္း မီးေလာင္သြားၿပီ ဆိုၿပီး နမ့္မဆရာေတာ္ ဖုန္းဆက္လာလို႔ အခု အဲဒီကို သြားေနပါတယ္။ မီးေလာင္ရတဲ့ အေၾကာင္းရင္းနဲ႔ ဆံုး႐ႈံးမႈေတြေတာ့ မသိရေသးပါဘူး။၊ ဆင္းတုေတာ္ တဆူပဲ က်န္ၿပီး က်န္တာ အကုန္လံုး ေလာင္သြားတယ္လို႔ ေျပာပါတယ္။”

အဆိုပါဘုန္းႀကီးေက်ာင္းမွာ ေအာက္ထပ္ကအုတ္ ၊ အေပၚထပ္က ပ်ဥ္ကာ ပ်ဥ္ခင္းသြြပ္မိုး ေက်ာင္းတိုက္ႀကီးျဖစ္ေၾကာင္း၊ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ ေက်ာ္က တၾကိမ္မီးေလာင္ခဲ့ဖူးၿပီး သံုးလို႔ ရေသးတဲ့ ပ်ဥ္ေတြ၊ တိုင္ေတြျပန္အသံုးျပဳကာ အသစ္တဖန္ ျပန္ေဆာက္လုပ္ထားတာလို႔ ဆိုပါ တယ္။

မီးေလာင္မႈကို နမ့္ေပါင္ေက်းရြာက မီးသတ္ကား ၂ စီး နဲ႔ ရြာသားတြပါ ၀ိုင္းၿငိႇမ္းေပမယ့္ ေလေတြလည္းတိုက္ၿပီး အရွိန္ျပင္းတာေၾကာင့္ ေက်ာင္းတိုက္ႀကီးအားလံုး ေလာင္သြားခဲ့တယ္လုိ႔ ေက်ာင္းထိုင္ဆရာေတာ္ ဦးေနမိႏၵက မိန္႔ပါတယ္။

မီးေလာင္မႈေၾကာင့္ ေက်ာင္းေအာက္မွာရပ္ထားတဲ့ ေမာ္ေဆာ္ဆိုင္ကယ္ ၆ စီး၊ လယ္ထြန္စက္ ၁ စီး ၊ စပါးက်ီေတြ မီးထဲပါ၀င္သြားၿပီး ေက်ာင္းတိုက္ထဲက ပရိေဘာဂေတြေရာ၊ အေဆာက္အဦနဲ႔ပါဆိုရင္ စုစုေပါင္းဆုံး႐ႈံးမႈတန္ဖုိ႔း က်ပ္သိန္း ၂၃၀၀ ခန္႔ရွိမယ္လို႔ ဆရာေတာ္နဲ႔ ေဂါပကအဖြဲ႔က တြက္ခ်က္ခန္႔မွန္းပါတယ္။

မီးေလာင္ေက်ာင္းတိုက္ႀကီး ျပန္လည္တည္ေဆာက္ထူေထာင္ႏိုင္ဖို႔ ေအာက္ပါ ဖုန္းနံပါတ္ေတြကို ဆက္သြယ္ကူညီႏိုင္တယ္လို႔ ဆရာေတာ္က မိန္႔ပါတယ္။ ေက်ာင္းတိုက္မွာ ပရိယတၱိစာသင္တိုက္ျဖစ္ၿပီး စာသင္သံဃာအပါး ၃၀ ေက်ာ္ ရွိတယ္လို႔ ဆုိပါတယ္။

လႉဒါန္းလုိသူမ်ား ဆက္သြယ္ရန္

ေက်ာင္းထိုင္ဆရာေတာ္ ဦးေနမိႏၵ – ၀၉ ၄၇၂ ၁၄၂၄၀၊ ၀၉ ၂၆၀ ၁၁၈၃၂၁

နမ့္မဆရာေတာ္ – ၀၉ ၄၇၃၀၂၅၈၇

ဦးသု၀ရ – ၀၉ ၂၅၆၄ ၂၁၁၂၄

ဦးကုမာရ – ၀၉ ၂၅၀ ၄၈၃ ၄၅၂

===========================

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နားလွယ်အုပ်စု မောက်တောင်းကျေးရွာမှာ မနေ့ညက မီးလောင်မှုဖြစ်ပွားပြီး ရွာဦးဘုန်းတော်ကြီး တကျောင်းလုံး ပျက်စီးဆုံးရှုံးသွားပြီး ဆင်းတုတော်တဆူသာ ကျန်ရှိပါတယ်။

မတ်လ ၁၃ ရက်နေ့ ည ၁၀ နာရီက လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ရတဲ့အကြောင်း အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ မီးလောင်ရာကို သွားရောက်ကြည့်ရှုနေတဲ့ ဆရာတော် ဦးသုဝရက ဒီဗွီဘီကို ပြောပါတယ်။

“မောက်တောင်းကျောင်း မီးလောင်သွားပြီ ဆိုပြီး နမ့်မဆရာတော် ဖုန်းဆက်လာလို့ အခု အဲဒီကို သွားနေပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတွေတော့ မသိရသေးပါဘူး။၊ ဆင်းတုတော် တဆူပဲ ကျန်ပြီး ကျန်တာ အကုန်လုံး လောင်သွားတယ်လို့ ပြောပါတယ်။”

အဆိုပါဘုန်းကြီးကျောင်းမှာ အောက်ထပ်ကအုတ် ၊ အပေါ်ထပ်က ပျဉ်ကာ ပျဉ်ခင်းသွွပ်မိုး ကျောင်းတိုက်ကြီးဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က တကြိမ်မီးလောင်ခဲ့ဖူးပြီး သုံးလို့ ရသေးတဲ့ ပျဉ်တွေ၊ တိုင်တွေပြန်အသုံးပြုကာ အသစ်တဖန် ပြန်ဆောက်လုပ်ထားတာလို့ ဆိုပါ တယ်။

မီးလောင်မှုကို နမ့်ပေါင်ကျေးရွာက မီးသတ်ကား ၂ စီး နဲ့ ရွာသားတွပါ ၀ိုင်းငြိှမ်းပေမယ့် လေတွေလည်းတိုက်ပြီး အရှိန်ပြင်းတာကြောင့် ကျောင်းတိုက်ကြီးအားလုံး လောင်သွားခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော် ဦးနေမိန္ဒက မိန့်ပါတယ်။

မီးလောင်မှုကြောင့် ကျောင်းအောက်မှာရပ်ထားတဲ့ မော်ဆော်ဆိုင်ကယ် ၆ စီး၊ လယ်ထွန်စက် ၁ စီး ၊ စပါးကျီတွေ မီးထဲပါဝင်သွားပြီး ကျောင်းတိုက်ထဲက ပရိဘောဂတွေရော၊ အဆောက်အဦနဲ့ပါဆိုရင် စုစုပေါင်းဆုံးရှုံးမှုတန်ဖို့း ကျပ်သိန်း ၂၃၀၀ ခန့်ရှိမယ်လို့ ဆရာတော်နဲ့ ဂေါပကအဖွဲ့က တွက်ချက်ခန့်မှန်းပါတယ်။

မီးလောင်ကျောင်းတိုက်ကြီး ပြန်လည်တည်ဆောက်ထူထောင်နိုင်ဖို့ အောက်ပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်ကူညီနိုင်တယ်လို့ ဆရာတော်က မိန့်ပါတယ်။ ကျောင်းတိုက်မှာ ပရိယတ္တိစာသင်တိုက်ဖြစ်ပြီး စာသင်သံဃာအပါး ၃၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

လှူဒါန်းလိုသူများ ဆက်သွယ်ရန်

ကျောင်းထိုင်ဆရာတော် ဦးနေမိန္ဒ – ၀၉ ၄၇၂ ၁၄၂၄၀၊ ၀၉ ၂၆၀ ၁၁၈၃၂၁

နမ့်မဆရာတော် – ၀၉ ၄၇၃၀၂၅၈၇

ဦးသုဝရ – ၀၉ ၂၅၆၄ ၂၁၁၂၄

ဦးကုမာရ – ၀၉ ၂၅၀ ၄၈၃ ၄၅၂

credit DVB