အင္းေတာ္ၿမိဳ႕နယ္ရွိ ဗံုလုပ္ငန္း မိသားစု တစ္စုမွ ေငြက်ပ္သိန္း ၅၀ ေက်ာ္တန္ဖိုးရွိ စည္ေတာ္ႀကီးတစ္လံုးကို ထုလုပ္ေန၊ ၿပီးစီးပါက ဘုရားသို႔လွဴမည္

စစ္ကိုင္းတိုင္းေဒသႀကီး ကသာခ႐ိုင္ အင္း ေတာ္ၿမိဳ႕နယ္ လက္ပံကုန္းေက်းရြာ ေန ဆရာပြဲ ျမန္မာ တူရိယာအမ်ိဳး မ်ိဳးလုပ္ငန္းမိသားစုမွ က်ပ္သိန္း ၅၀ ေက်ာ္ အကုန္အက်ခံ၍ စည္ ေတာ္ႀကီးတစ္လံုးကို ျပဳလုပ္ေနၿပီး အဆိုပါစည္ေတာ္ႀကီး ျပဳလုပ္ၿပီးစီး ပါက အဆင္ေျပရာ ဘုရားတစ္ဆူ သို႔ လွဴဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

”ကုကၠိဳပင္ႀကီးက ပင္စည္ကို ဝယ္လိုက္တယ္။ ကြ်န္ေတာ္တို႔က ျမန္မာမႈ တူရိယာ ပစၥည္းျဖစ္တဲ့ ဗံု အမ်ိဳးမ်ိဳး လုပ္ေနတာဆိုေတာ့ အ ပင္အရင္းပိုင္းကို စည္ေတာ္ႀကီး လုပ္မယ္ဆိုၿပီး စပံုေဖာ္ေနၿပီ။ ကုန္ က်စရိတ္ က်ပ္သိန္း ၅၀ ေက်ာ္မယ္ လို႔ ခန္႔မွန္းပါတယ္။ စည္ေတာ္ႀကီး လုပ္တာကလွဴဖို႔ပါ။ ဝယ္မယ့္သူရွိ ရင္လည္း ေရာင္းမွာ မဟုတ္ပါဘူး။ ဇလံုေတာင္ျဖစ္ျဖစ္၊ ေဗာဓိတစ္ ေထာင္ျဖစ္ျဖစ္ တစ္ေနရာရာမွာ လွဴမယ္” ဟု ဆရာပြဲ ျမန္မာမႈတူ ရိယာပစၥည္းအမ်ိဳးမ်ိဳး လုပ္ငန္းဦး စီးလုပ္ကိုင္ေနသူ ဦးေက်ာ္သန္းက ေျပာၾကားသည္။

ကုကၠိဳသားျဖင့္ျပဳလုပ္မည့္ စည္ေတာ္ႀကီးမွာ အလ်ား ၁၀ ေပ ၈ လက္မ၊ ထိပ္ဝတစ္ဖက္ (စည္ မ်က္ႏွာျပင္) အက်ယ္ ၅ ေပ ၄ လက္မရွိမည္ျဖစ္ၿပီး စည္ေတာ္ႀကီး အလယ္ေနရာမွာ ၆၃ လက္မရွိ မည္ျဖစ္ကာ စည္ေတာ္ႀကီးထိပ္ႏွစ္ ဖက္ (စည္မ်က္ႏွာ)အဝကို ႏြားသားေရျဖင့္ က်က္၍ ထိပ္ဝႏွစ္ဖက္စလံုး အား ထိပ္ဝေနရာမွ သံုးေပစီအကြာ အထိ စည္မ်က္ႏွာျပင္ႏွင့္ တစ္ဆက္တည္း သားေရ ဖံုးအုပ္မည္ျဖစ္ သည္။

ထို႔အျပင္ အလယ္က်န္သည့္ သစ္သားစည္ေနရာအပိုင္းကို ျမတ္ စြာဘုရား၏ ၁၀၈ ကြက္ေသာ ဗုဒၶ ေျခေတာ္ရာ စက္လကၡဏာအား နတ္သားေလးပါးပူေဇာ္ေနသည့္ပံု ထည့္သြင္း၍ ၾကည္ညိဳဖြယ္ရာျဖစ္ ေအာင္ ပူေဇာ္ျပဳလုပ္မည္ျဖစ္သည္။

အဆိုပါစည္ေတာ္ႀကီးၿပီးစီး ပါက ဖခင္ျဖစ္သူ ဆရာပြဲအားရည္ စူး၍ လွဴဒါန္းမည့္ေနရာကို မိသား စုမ်ားမွ ေရြးခ်ယ္ လွဴဒါန္းၾကမည္ ျဖစ္ေၾကာင္း သိရသည္။

Source : Democracy Today

(Unicode Version)

အင်းတော်မြို့နယ်ရှိ ဗုံလုပ်ငန်း မိသားစု တစ်စုမှ ငွေကျပ်သိန်း ၅၀ ကျော်တန်ဖိုးရှိ စည်တော်ကြီးတစ်လုံးကို ထုလုပ်နေ၊ ပြီးစီးပါက ဘုရားသို့လှူမည်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်း တော်မြို့နယ် လက်ပံကုန်းကျေးရွာ နေ ဆရာပွဲ မြန်မာ တူရိယာအမျိုး မျိုးလုပ်ငန်းမိသားစုမှ ကျပ်သိန်း ၅၀ ကျော် အကုန်အကျခံ၍ စည် တော်ကြီးတစ်လုံးကို ပြုလုပ်နေပြီး အဆိုပါစည်တော်ကြီး ပြုလုပ်ပြီးစီး ပါက အဆင်ပြေရာ ဘုရားတစ်ဆူ သို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

”ကုက္ကိုပင်ကြီးက ပင်စည်ကို ဝယ်လိုက်တယ်။ ကျွန်တော်တို့က မြန်မာမှု တူရိယာ ပစ္စည်းဖြစ်တဲ့ ဗုံ အမျိုးမျိုး လုပ်နေတာဆိုတော့ အ ပင်အရင်းပိုင်းကို စည်တော်ကြီး လုပ်မယ်ဆိုပြီး စပုံဖော်နေပြီ။ ကုန် ကျစရိတ် ကျပ်သိန်း ၅၀ ကျော်မယ် လို့ ခန့်မှန်းပါတယ်။ စည်တော်ကြီး လုပ်တာကလှူဖို့ပါ။ ဝယ်မယ့်သူရှိ ရင်လည်း ရောင်းမှာ မဟုတ်ပါဘူး။ ဇလုံတောင်ဖြစ်ဖြစ်၊ ဗောဓိတစ် ထောင်ဖြစ်ဖြစ် တစ်နေရာရာမှာ လှူမယ်” ဟု ဆရာပွဲ မြန်မာမှုတူ ရိယာပစ္စည်းအမျိုးမျိုး လုပ်ငန်းဦး စီးလုပ်ကိုင်နေသူ ဦးကျော်သန်းက ပြောကြားသည်။

ကုက္ကိုသားဖြင့်ပြုလုပ်မည့် စည်တော်ကြီးမှာ အလျား ၁၀ ပေ ၈ လက်မ၊ ထိပ်ဝတစ်ဖက် (စည် မျက်နှာပြင်) အကျယ် ၅ ပေ ၄ လက်မရှိမည်ဖြစ်ပြီး စည်တော်ကြီး အလယ်နေရာမှာ ၆၃ လက်မရှိ မည်ဖြစ်ကာ စည်တော်ကြီးထိပ်နှစ် ဖက် (စည်မျက်နှာ)အဝကို နွားသားရေဖြင့် ကျက်၍ ထိပ်ဝနှစ်ဖက်စလုံး အား ထိပ်ဝနေရာမှ သုံးပေစီအကွာ အထိ စည်မျက်နှာပြင်နှင့် တစ်ဆက်တည်း သားရေ ဖုံးအုပ်မည်ဖြစ် သည်။

ထို့အပြင် အလယ်ကျန်သည့် သစ်သားစည်နေရာအပိုင်းကို မြတ် စွာဘုရား၏ ၁၀၈ ကွက်သော ဗုဒ္ဓ ခြေတော်ရာ စက်လက္ခဏာအား နတ်သားလေးပါးပူဇော်နေသည့်ပုံ ထည့်သွင်း၍ ကြည်ညိုဖွယ်ရာဖြစ် အောင် ပူဇော်ပြုလုပ်မည်ဖြစ်သည်။

အဆိုပါစည်တော်ကြီးပြီးစီး ပါက ဖခင်ဖြစ်သူ ဆရာပွဲအားရည် စူး၍ လှူဒါန်းမည့်နေရာကို မိသား စုများမှ ရွေးချယ် လှူဒါန်းကြမည် ဖြစ်ကြောင်း သိရသည်။

Source : Democracy Today