အေမရိကန္မွာ UFC ၿပိဳင္ပြဲေတြ ထိုးသတ္ေနတဲ့ ေစာၿငိမ္းေမာင္

ေအာင္လအန္ဆန္နည္းတူ UFC ၿပိဳင္ပြဲႀကီးကို ျမန္မာႏိုင္ငံသို႔ ထပ္မံ သယ္ေဆာင္လာႏိုင္မလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ျမန္မာ့လက္ေ၀ွ႕ေလာကကို ကမၻာက သိလာခ်ိန္မွာ ျမန္မာ့လက္ေ၀ွ႕ကို လာေရာက္ယွဥ္ၿပိဳင္မႈေတြ ရွိေနသလို ျမန္မာလက္ေ၀ွ႕သမားမ်ားစြာ လည္း ႏိုင္ငံတကာ ၿပိဳင္ပြဲအေတာ္မ်ားမ်ားကို ၀င္ေရာက္ယွဥ္ၿပိဳင္ထုိးသတ္လ်က္ရွိေနၾကပါတယ္။

ျမန္မာလက္ေ၀ွ႕သမားမ်ားျဖစ္ၾကတဲ့ ဖိုးေသာ္၊ေစာဘဦး အစရွိတဲ့ လက္ေ၀ွ႕သမားမ်ားစြာဟာ ယခု ေခတ္စားေနတဲ့ MMA ကိုယ္ခံပညာေပါင္းစုံ ၿပိဳင္ပြဲေတြမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ေနၿပီး ျမန္မာႏိုင္ငံက ေအာင္လအန္ဆန္ကေတာ့ ဒီၿပိဳင္ပြဲေတြမွာ မတူညီတဲ့၀ိတ္တန္းႏွစ္ခုရဲ႕ ေရႊခါးပတ္ ပိုင္ရွင္ အျဖစ္ ရပ္တည္ေနပါတယ္။

ယခုလည္း MMA နည္းတူ ကိုယ္ခံပညာေပါင္းစုံသုံးၿပီး တိုက္ခိုက္ရတဲ့ UFC ၿပိဳင္ပြဲတစ္ခုမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ ကရင္လူမ်ိဳး ေစာၿငိမ္း ေမာင္ဆိုတာ ေပၚထြက္လာခဲ့ၿပီး လက္ရွိ အေမရိကန္ ျပည္ေထာင္စု၊နယူးေယာက္ျပည္နယ္၊ယူတီကာၿမိဳ႕မွာ ေနထိုင္လ်က္ရွိတယ္လို႔ သိရပါ တယ္။

လက္ရွိမွာေတာ့ လာမယ့္ ဧၿပီလ ၇ ရက္ေန႔မွာ UFC ပြဲတစ္ပြဲကို ထိုးသတ္ဖို႔ ရွိတယ္လို႔ သိရၿပီး ျမန္မာ့လက္ေ၀ွ႕ ပရိသတ္ေတြကေတာ့ ျမန္မာ ျပည္ခ်န္ပီယံ ဘြဲ႕ကို ခံယူထားတဲ့ ေဒ့ဗ္ကို ျပန္လည္အႏိုင္ယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကတယ္လို႔လည္း သိရပါတယ္။

၎ ယွဥ္ၿပိဳင္ေနတဲ့ UFC ၿပိဳင္ပြဲမွာ ကမၻာေက်ာ္ တိုက္ခိုက္ေရး သမားတစ္ဦးျဖစ္တဲ့ မက္ဂရီေဂါ ပါ၀င္ထိုးသတ္ေနတဲ့ ၿပိဳင္ပြဲတစ္ခုလည္း ျဖစ္ပါ တယ္။

ယခုလို UFC ၿပိဳင္ပြဲတစ္ခုမွာ ၀င္ေရာက္ထုိးသတ္ေနတာေၾကာင့္ ေအာင္လအန္ဆန္ ထိုးသတ္ေနတဲ့ MMA One Championship ၿပိဳင္ပြဲနည္းတူ UFC ၿပိဳင္ပြဲကိုလည္း ျမန္မာႏိုင္ငံကို သယ္ေဆာင္လာႏုိင္မလားဆိုတာ စိတ္၀င္စားဖြယ္ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

Source- MFFG

======================

အောင်လအန်ဆန်နည်းတူ UFC ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံသို့ ထပ်မံ သယ်ဆောင်လာနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ဝှေ့လောကကို ကမ္ဘာက သိလာချိန်မှာ မြန်မာ့လက်ဝှေ့ကို လာရောက်ယှဉ်ပြိုင်မှုတွေ ရှိနေသလို မြန်မာလက်ဝှေ့သမားများစွာ လည်း နိုင်ငံတကာ ပြိုင်ပွဲအတော်များများကို ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်လျက်ရှိနေကြပါတယ်။

မြန်မာလက်ဝှေ့သမားများဖြစ်ကြတဲ့ ဖိုးသော်၊စောဘဦး အစရှိတဲ့ လက်ဝှေ့သမားများစွာဟာ ယခု ခေတ်စားနေတဲ့ MMA ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး မြန်မာနိုင်ငံက အောင်လအန်ဆန်ကတော့ ဒီပြိုင်ပွဲတွေမှာ မတူညီတဲ့ဝိတ်တန်းနှစ်ခုရဲ့ ရွှေခါးပတ် ပိုင်ရှင် အဖြစ် ရပ်တည်နေပါတယ်။

ယခုလည်း MMA နည်းတူ ကိုယ်ခံပညာပေါင်းစုံသုံးပြီး တိုက်ခိုက်ရတဲ့ UFC ပြိုင်ပွဲတစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကရင်လူမျိုး စောငြိမ်း မောင်ဆိုတာ ပေါ်ထွက်လာခဲ့ပြီး လက်ရှိ အမေရိကန် ပြည်ထောင်စု၊နယူးယောက်ပြည်နယ်၊ယူတီကာမြို့မှာ နေထိုင်လျက်ရှိတယ်လို့ သိရပါ တယ်။

လက်ရှိမှာတော့ လာမယ့် ဧပြီလ ၇ ရက်နေ့မှာ UFC ပွဲတစ်ပွဲကို ထိုးသတ်ဖို့ ရှိတယ်လို့ သိရပြီး မြန်မာ့လက်ဝှေ့ ပရိသတ်တွေကတော့ မြန်မာ ပြည်ချန်ပီယံ ဘွဲ့ကို ခံယူထားတဲ့ ဒေ့ဗ်ကို ပြန်လည်အနိုင်ယူနိုင်ဖို့ မျှော်လင့်နေကြတယ်လို့လည်း သိရပါတယ်။

၎င်း ယှဉ်ပြိုင်နေတဲ့ UFC ပြိုင်ပွဲမှာ ကမ္ဘာကျော် တိုက်ခိုက်ရေး သမားတစ်ဦးဖြစ်တဲ့ မက်ဂရီဂေါ ပါဝင်ထိုးသတ်နေတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါ တယ်။

ယခုလို UFC ပြိုင်ပွဲတစ်ခုမှာ ဝင်ရောက်ထိုးသတ်နေတာကြောင့် အောင်လအန်ဆန် ထိုးသတ်နေတဲ့ MMA One Championship ပြိုင်ပွဲနည်းတူ UFC ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံကို သယ်ဆောင်လာနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Source- MFFG