


Credit – RFA

အရှေ့တောင်အာရှရဲ့ IS ခေါင်းဆောင် မလေးရှားနိုင်ငံသား ဖြစ်လာဖွယ်ရှိ

ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက မာရာဝီမြို့ကို သိမ်းယူခဲ့တဲ့ အစ္စလာမ္မစ် အစွန်းရောက်တပ်တွေကို ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ မလေးရှားနိုင်ငံသား အာမင်- ဘာကူးဟာ ဒေသတွင်း အိုင်အက်စ်အဖွဲ့ ခေါင်းဆောင် ဖြစ်လာတော့မယ်လို့ မလေးရှား အမျိုးသားလုံခြုံရေးအဖွဲ့ အရာရှိကြီးတဦးကပြောပါတယ်။

အဲဒီ မာရာဝီမြို့ကို အစိုးရတပ်တွေက ငါးလကြာ စစ်ဆင်ရေး ပြန်လုပ်ခဲ့ချိန်မှာ အရှေ့တောင်အာရှဒေသ အိုင်အက်စ်အဖွဲ့ ခေါင်းဆောင် ဟာပလွန် သေဆုံးသွားခဲ့လို့ သူ့နေရာကို အစားထိုး နေရာယူလာဖွယ်ရှိတယ်လို့ ဆိုပါတယ်။
သူနဲ့အတူ ဒေသတွင်းခေါင်းဆောင် နေရာရလာနိုင်သူတဦးကတော့ ဖိလစ်ပိုင်နိုင်ငံသား Humam Abdul Najid ဖြစ်တယ်လို့လည်း ပြောပါတယ်။

Credit – RFA