အသက္ကို (၈)နဲ႔စား ေအာက္ပါဂဏန္းၾကြင္းသူမ်ား အမွတ္မထင္ ထိုသို႔ နိမိတ္ေတြ႔ပါက ထီေလးေတာ႔ထိုးထား

အသက္ကို (၈)နဲ႔စား ေအာက္ပါဂဏန္းၾကြင္းသူမ်ား အမွတ္မထင္ ထိုသို႔ နိမိတ္ေတြ႔ပါက ထီေလးေတာ႔ထိုးထား

ေရႊျပည္သူေရႊျပည္သားတို႔ေရ ဦးသိန္းသန္း-ေဒၚကုေဋႂကြယ္မ်ားျဖစ္ၾကဖို႔ (၄)ရက္ပဲလိုပါေတာ့တယ္

က်ိန္းေသနီးပါး ထီေပါက္ေစေသာနိမိတ္

ဒီလိုပါခင္ဗ်ာ လမ္းသြားရင္းလာရင္း အမွတ္တမဲ့ ၾကက္ႏွစ္ေကာင္ခြပ္ေနတာေတြ႕ၿပီဆိုတာနဲ႔ ေနာက္လွည့္မၾကည့္နဲ႔ေတာ့ ထီဆိုင္ဘယ္မွာရွိလဲခ်က္ခ်င္းရွာၿပီးေတာ့သာ ထိုးေပေတာ့။

လူတိုင္းလူတိုင္း ဒီနိမိတ္ေတြ႕ရင္ ထီေပါက္ကိန္း ရာႏႈန္းျပည့္နီးပါးရွိေနပါတယ္ထီဆုႀကီး ဆုေသးကေတာ့ အတိတ္ဘဝကျပဳခဲ့တဲ့ကုသိုလ္ကံပါရမီအဟုန္ နည္းျခင္းမ်ားျခင္းနဲ႔ပဲဆိုင္ပါလိမ့္မယ္။

ဒီနည္းကို အဘမင္းသိခၤ ေရႊဗဟိုေဆး႐ုံမွာ ေဆးကုသမႈခံယူေနစဥ္အနီးအနားမွာရွိတဲ့ ကၽြန္ေတာ္တို႔သေႏၶတပည့္မ်ားကိုေျပာျပေပးခဲ့တာပါ။

အဲဒီအခ်ိန္မွာ အနားမွာရွိတဲ့ ေနလင္းဆန္းဆိုတဲ့ သေႏၶရဲေဘာ္ေလးတစ္ေယာက္ဟာ
အဘအတြက္ ဆန္ျပဳတ္ဆင္းဝယ္ရင္း ၾကက္ခြပ္တာကိုေတြ႕လို႔ ခ်က္ခ်င္းေျပးၿပီး
ထီဆိုင္တစ္ဆိုင္မွာ ထီထိုးခဲ့ရာ က်ပ္(၁၀)သိန္းဆုေပါက္ခဲ့ဖူးတာကိုမ်က္ျမင္ကိုယ္ေတြ႕ ေတြ႕ရွိခဲ့ရပါေၾကာင္း။

တစ္ခုေတာ့ရွိတယ္ အမွတ္တမဲ့ေတြ႕မွ ထီေပါက္ေစတဲ့နိမိတ္ ျဖစ္ေစတာပါ.

ဒါကို မိတ္ေဆြႀကီးက ထီေပါက္ခ်င္လို႔ ၾကက္ပြဲကို တကူးတကရွာေဖြသြားၾကည့္ၿပီး ထီထိုးတာမ်ိဳးေတာ့ မရဘူးေပါ့ဗ်ာ။

တစ္ခုေတာ့ရွိပါတယ္ မိမိေရာက္ဆဲအသက္ကိုတည္ၿပီး(၈)နဲ႔စားပါ။

တနဂၤေႏြသားသမီး (၂) ႂကြင္းရင္

တနလၤာသားသမီး (၁) ႂကြင္းရင္

အဂၤါသားသမီး (၀) ႂကြင္းရင္

ဗုဒၶဟူးသားသမီး (၇) ႂကြင္းရင္

ၾကာသပေတးသားသမီး (၅) ႂကြင္းရင္

ေသာၾကာသားသမီး (၃) ႂကြင္းရင္

စေနသားသမီး (၆) ႂကြင္းရင္

အဲဒီနိမိတ္နဲ႔တည့္တည့္ႀကီးတိုးလို႔ကေတာ့ ထီထိုးျဖစ္ေအာင္သာ ထိုးေပေတာ့လို႔
ဝမ္းသာအားရ တိုက္တြန္းလိုက္ရပါတယ္ခင္ဗ်ာ။

လူတိုင္းထီေပါက္ၾကပါေစ
အဂၢေမာင္(ေလာကီပညာ)

Unicode Version

အသက်ကို (၈)နဲ့စား အောက်ပါဂဏန်းကြွင်းသူများ အမှတ်မထင် ထိုသို့ နိမိတ်တွေ့ပါက ထီလေးတော့ထိုးထား

ရွှေပြည်သူရွှေပြည်သားတို့ရေ ဦးသိန်းသန်း-ဒေါ်ကုဋေကြွယ်များဖြစ်ကြဖို့ (၄)ရက်ပဲလိုပါတော့တယ်

ကျိန်းသေနီးပါး ထီပေါက်စေသောနိမိတ်

ဒီလိုပါခင်ဗျာ လမ်းသွားရင်းလာရင်း အမှတ်တမဲ့ ကြက်နှစ်ကောင်ခွပ်နေတာတွေ့ပြီဆိုတာနဲ့ နောက်လှည့်မကြည့်နဲ့တော့ ထီဆိုင်ဘယ်မှာရှိလဲချက်ချင်းရှာပြီးတော့သာ ထိုးပေတော့။

လူတိုင်းလူတိုင်း ဒီနိမိတ်တွေ့ရင် ထီပေါက်ကိန်း ရာနှုန်းပြည့်နီးပါးရှိနေပါတယ်ထီဆုကြီး ဆုသေးကတော့ အတိတ်ဘဝကပြုခဲ့တဲ့ကုသိုလ်ကံပါရမီအဟုန် နည်းခြင်းများခြင်းနဲ့ပဲဆိုင်ပါလိမ့်မယ်။

ဒီနည်းကို အဘမင်းသိင်္ခ ရွှေဗဟိုဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ်အနီးအနားမှာရှိတဲ့ ကျွန်တော်တို့သန္ဓေတပည့်များကိုပြောပြပေးခဲ့တာပါ။

အဲဒီအချိန်မှာ အနားမှာရှိတဲ့ နေလင်းဆန်းဆိုတဲ့ သန္ဓေရဲဘော်လေးတစ်ယောက်ဟာ
အဘအတွက် ဆန်ပြုတ်ဆင်းဝယ်ရင်း ကြက်ခွပ်တာကိုတွေ့လို့ ချက်ချင်းပြေးပြီး
ထီဆိုင်တစ်ဆိုင်မှာ ထီထိုးခဲ့ရာ ကျပ်(၁၀)သိန်းဆုပေါက်ခဲ့ဖူးတာကိုမျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ရပါကြောင်း။

တစ်ခုတော့ရှိတယ် အမှတ်တမဲ့တွေ့မှ ထီပေါက်စေတဲ့နိမိတ် ဖြစ်စေတာပါ.

ဒါကို မိတ်ဆွေကြီးက ထီပေါက်ချင်လို့ ကြက်ပွဲကို တကူးတကရှာဖွေသွားကြည့်ပြီး ထီထိုးတာမျိုးတော့ မရဘူးပေါ့ဗျာ။

တစ်ခုတော့ရှိပါတယ် မိမိရောက်ဆဲအသက်ကိုတည်ပြီး(၈)နဲ့စားပါ။

တနင်္ဂနွေသားသမီး (၂) ကြွင်းရင်

တနင်္လာသားသမီး (၁) ကြွင်းရင်

အင်္ဂါသားသမီး (ဝ) ကြွင်းရင်

ဗုဒ္ဓဟူးသားသမီး (၇) ကြွင်းရင်

ကြာသပတေးသားသမီး (၅) ကြွင်းရင်

သောကြာသားသမီး (၃) ကြွင်းရင်

စနေသားသမီး (၆) ကြွင်းရင်

အဲဒီနိမိတ်နဲ့တည့်တည့်ကြီးတိုးလို့ကတော့ ထီထိုးဖြစ်အောင်သာ ထိုးပေတော့လို့
ဝမ်းသာအားရ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

လူတိုင်းထီပေါက်ကြပါစေ
အဂ္ဂမောင်(လောကီပညာ)