သမ္မတအပြောင်းအလဲဖြစ်မယ်လို့ မနှစ်ထဲက ကွက်တိဟောခဲ့တဲ့ နက္ခတ်ပညာရှင် ဦးဇေယျာကို

ရိုးရာ ဗေဒင်နက္ခတ်ပညာဟာ အတုအယောင် ဟောကြားသူတွေ များပြားပေမယ့် အစစ်အမှန် ပညာရှင်တွေကတော့ အရေးအကြောင်းဆို အားကိုးရလောက်အောင် မှန်ကန်တတ်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ သမ္မတ အပြောင်းအလဲကို မနှစ်ကတည်းက ကွက်တိဟောခဲ့တဲ့သူ ဦးဇေယျာကိုအကြောင်းကိုပရိသတ်တွေအတွက် ပြောပြပေးသွားမှာပါ။

Image may contain: 2 people, people standing, sky and outdoor

နာမည်ကျော် နက္ခတ်သိပ္ပံပညာရှင် ဦးဇေယျာကို ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ သူ့ရဲ့တွက်ချက်မှုအရ နိုင်ငံတော်သမ္မတကြီးရဲ့ ကျန်းမာရေးဟာ ဆိုးရွားပြင်းထန်စွာ အညံ့ကြုံပြီး ဒီဇင်ဘာလတွင် ကင်ဆာရောဂါကုထုံးအတွက် ဆေးကုသခြင်း ခံယူရ၍လည်းကောင်း၊ ၂၀၁၈ ခုနှစ် မတ်-ဧပြီလတွေမှာ ကောဇာအင်္ဂါမှ အာယုစန်းပေါ် လာရောက်စီးနင်းသည့်အတွက် အထူးသတိထားရမည့် ကာလဖြစ်သည်ဟု လည်းကောင်း ဟောကိန်းထုတ်ခဲ့ပြီး ထိုကဲ့သို့ ကျန်းမာရေး ဖိစီးသည့်အခါ မိမိကိုယ်ကိုပင် စောင့်ရှောက်နိုင်မည် မဟုတ်၍ တိုင်းပြည်အားလည်း အလုပ်အကျွေး ဆက်ပြုနိုင်မှာ မဟုတ်ပါလို့ သူ့ရဲ့ facebook အကောင့်ပေါ်မှာ ရဲရဲဝံ့ဝံ့ ဟောကြားခဲ့ပါတယ်။

No automatic alt text available.

No automatic alt text available.

ယနေ့ မတ်လ ၂၁ ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်ဟာ ရာထူးမှ တရားဝင် နှုတ်ထွက်ကြောင်း ကြေငြာခဲ့ပြီး ဒုတိယသမ္မတ အသစ်တစ်ဦး ပြန်လည်ရွေးကောက်ကာ ဒုသမ္မတ သုံးဦးအနက်မှ တစ်ဦးကို သမ္မတအသစ် တင်မြှောက်ရမှာဖြစ်ပါတယ်။

Image may contain: text

ဒီလိုရွေးချယ်ရမယ့် နေရာမှာလည်း “နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ ခက်ခက်ခဲခဲ ရွေးချယ်ပြီး နာမည်မှာ ကြာသပတေးနံဖြင့် စတင်သူ၊ သို့မဟုတ်က ကြာသပတေးသား တစ်ဦးကို တင်မြှောက်လိမ့်မယ်” လို့ ဆရာဦးဇေယျာကိုက ဟောကြားထားပါတယ်။

ပြီးခဲ့တဲ့ ဇန္နဝါရီလတုန်းကလည်း လကြတ်ခြင်း ဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့အခါမှာ ဆရာဦးဇေယျာကိုက ထပ်ပြီး တိုင်းပြည်ခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲ ရှိနိုင်ကြောင်း ဟောချက်ထုတ်ခဲ့ပါသေးတယ်။

Source -cantwait2say