အိပ္ယာနားမွာ သံပုရာသီးတစ္ျခမ္း ထားအိပ္ျခင္းရဲ႕ အ့ံၾသစရာရလာဒ္ (၆)ခု

သံပုရာသီးဟာ ၄င္းမွာပါ၀င္တဲ့ ဗီတာမင္စီေၾကာင့္ အစြမ္းထက္ၿပီး ေကာင္းက်ိဳးအာနိသင္ေတြ ျဖစ္ေစတာကို လူတိုင္း သိၾကပါလိမ့္မယ္။ စြမ္းအားျမင့္ သံပုရာသီးကို ေဖ်ာ္ရည္ေတြ၊ ဟင္းပြဲေတြမွာ ထည့္သြင္းစားသုံးေလ့ ရိွၾကသလို အေအးမိ ေ၀ဒနာကို ကုသဖို႔အတြက္လည္း အသုံးျပဳၾကပါတယ္။

ဒါကေတာ့ လူအမ်ားစု သိထားၾကတဲ့ အသုံး၀င္ပုံေတြျဖစ္ၿပီး သူ႔ရဲ႕ လူသိပ္မသိေသးတဲ့ ေကာင္းက်ိဳးေတြ ရိွေနပါေသးတယ္။သံပုရာသီးတစ္ျခမ္းကို အိပ္ယာေဘးနားမွာ ထားအိပ္တဲ့အခါ အ့ံၾသစရာ ေကာင္းက်ိဳးေတြ ရရိွႏိုင္ပါတယ္။

စိတ္ကိုလန္းဆန္းေစျခင္း။
သံပုရာသီးတစ္ျခမ္းကို အိပ္ယာေဘးမွာ ထားအိပ္တဲ့အခါ သင္းပ်ံ႕လန္းဆန္းေစတဲ့ သံပုရာရနံ႔ေၾကာင့္ အာရုံေၾကာစနစ္ကို တည္ၿငိမ္ေစၿပီး စိုးရိမ္ေသာကေတြကို ဖယ္ရွားေပးကာ တစ္ေန႔တာလုံး လႈပ္ရွားရုန္းကန္ခဲ့ရသမွ်ကို လန္းဆန္းသက္သာ ေစပါတယ္။ သံပုရာသီးအစစ္ကို ျခမ္းၿပီး ထားႏိုင္သလို သံပုရာသီးကေန ထုတ္ထားတဲ့ lemon essential oil ကိုလည္း ရနံ႔ရေအာင္ အသုံးျပဳႏိုင္ပါတယ္။

အာရုံစိုက္ႏိုင္စြမ္း ပိုေကာင္းလာျခင္း။
သံပုရာသီးရဲ႕ အ့ံအားသင့္စရာ အက်ိဳးေက်းဇူးတစ္ခုကေတာ့ သူ႔ရဲ႕ရနံ႔ပဲ ျဖစ္ပါတယ္။ သံပုရာရနံ႔ကို ေန႔စဥ္ ရႈရိႈက္တဲ့အခါ အာရုံစူးစိုက္မႈ ပိုမိုေကာင္းမြန္လာၿပီး မွတ္ဥာဏ္နဲ႔ ဦးေႏွာက္စြမ္းအင္ေတြကိုလည္း တိုးတက္လာေစပါတယ္။ သံပုရာရနံ႔ ေလး ရေနတဲ့အခါ လုပ္ငန္းခြင္မွာေတာင္ ပိုၿပီးအမွားလုပ္တာ နည္းလာၾကတယ္လို႔ ဆိုပါတယ္။ ဒီသုံးသပ္ခ်က္ကေတာ့ ဂ်ပန္က ပညာရွင္ေတြရဲ႕ ေလ့လာစမ္းသပ္မႈအရ ျဖစ္ပါတယ္။

စိတ္ခံစားမႈေကာင္းေစျခင္း။
Lemon essential oil (သို႔မဟုတ္) သံပုရာရနံ႕ဟာ စိတ္က်ေရာဂါအတြက္ အေကာင္းဆုံးေသာ ကုသနည္းတစ္ခု ျဖစ္တယ္လို႔ ပညာရွင္မ်ားက ဆိုၾကပါတယ္။ ဒါေၾကာင့္ အၿမဲတမ္း စိတ္မၾကည္မလင္ ျဖစ္ေနၿပီး စိတ္ဓာတ္က်၊ အားငယ္တဲ့ ေ၀ဒနာကို ခံစားေနရသူမ်ားအတြက္ အျခားကုသနည္းမ်ားက အစြမ္းမထက္ဘူးလို႔ ခံစားရၿပီး ႀကိဳးစားဖို႔ ၿငီးေငြ႕လာတဲ့အခါ အဖိုးႏႈန္းသက္သာၿပီး အစြမ္းထက္လွတဲ့ ဒီအသီးေလးကို အသုံးျပဳၾကည့္ပါလို႔ အႀကံျပဳခ်င္ပါတယ္။

အခန္းတြင္းေလထုကို သန္႔စင္ေစျခင္း။
သံပုရာရနံ႔ဟာ စိတ္ၾကည္လင္လန္းဆန္းေစရုံမွ်သာ မဟုတ္ဘဲ ေလထုအတြင္းက ဘက္တီးရီးယားနဲ႔ ပိုးမႊားေတြကိုပါ ဖယ္ရွားရွင္းလင္းေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ညအိပ္ခ်ိန္ အခန္းထဲမွာ သံပုရာအျခမ္းေလးကို ထည့္ထားတဲ့အခါ သန္႔ရွင္းတဲ့ ေလကို ရႈရိႈက္ရင္း ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစပါလိမ့္မယ္။

ေသြးတိုးေရာဂါကို သက္သာေစျခင္း။
ေသြးတိုးေရာဂါဟာ လူအမ်ားစု ခံစားေနၾကရတဲ့ ေရာဂါတစ္မ်ိဳး ျဖစ္ၿပီး အသံတိတ္ လူသတ္သမားလို႔ေတာင္ ဆိုႏိုင္ပါတယ္။ သံပုရာရနံ႔ကို ေန႔စဥ္ ရႈရိႈက္ျခင္းအားျဖင့္ ေသြးတိုးက်ေစႏိုင္ပါတယ္။

အင္းဆက္ပိုးမႊားေတြရန္က ကာကြယ္ေပးျခင္း။
ျခင္၊ ယင္၊ ပုရြက္ဆိတ္အစရိွတဲ့ အင္းဆက္ပိုးမႊားေတြဟာ သံပုရာရနံ႔ ရေနတဲ့ ေနရာမွာ ခိုေအာင္းေလ့ မရိွၾကပါဘူး။ အင္းဆက္သတ္ေဆးေတြနဲ႔ ႏွိမ္နင္းျခင္းေၾကာင့္ ေဘးထြက္ဆိုးက်ိဳး ရျခင္းကေနလည္း ကင္းေ၀းေစပါလိမ့္မယ္။ ပိုေကာင္းမြန္တဲ့ အက်ိဳးသက္ေရာက္မႈ ရရိွဖို႔ ေလးညွင္းပြင့္ကိုပါ အသုံးျပဳႏိုင္ပါတယ္။

Credit

Unicode Read

အိပ်ယာနားမှာ သံပုရာသီးတစ်ခြမ်း ထားအိပ်ခြင်းရဲ့ အ့ံသြစရာရလာဒ် (၆)ခု

သံပုရာသီးဟာ ၄င်းမှာပါ၀င်တဲ့ ဗီတာမင်စီကြောင့် အစွမ်းထက်ပြီး ကောင်းကျိုးအာနိသင်တွေ ဖြစ်စေတာကို လူတိုင်း သိကြပါလိမ့်မယ်။ စွမ်းအားမြင့် သံပုရာသီးကို ဖျော်ရည်တွေ၊ ဟင်းပွဲတွေမှာ ထည့်သွင်းစားသုံးလေ့ ရှိကြသလို အအေးမိ ေ၀ဒနာကို ကုသဖို့အတွက်လည်း အသုံးပြုကြပါတယ်။

ဒါကတော့ လူအများစု သိထားကြတဲ့ အသုံး၀င်ပုံတွေဖြစ်ပြီး သူ့ရဲ့ လူသိပ်မသိသေးတဲ့ ကောင်းကျိုးတွေ ရှိနေပါသေးတယ်။သံပုရာသီးတစ်ခြမ်းကို အိပ်ယာဘေးနားမှာ ထားအိပ်တဲ့အခါ အ့ံသြစရာ ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။

စိတ်ကိုလန်းဆန်းစေခြင်း။
သံပုရာသီးတစ်ခြမ်းကို အိပ်ယာဘေးမှာ ထားအိပ်တဲ့အခါ သင်းပျံ့လန်းဆန်းစေတဲ့ သံပုရာရနံ့ကြောင့် အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး စိုးရိမ်သောကတွေကို ဖယ်ရှားပေးကာ တစ်နေ့တာလုံး လှုပ်ရှားရုန်းကန်ခဲ့ရသမျှကို လန်းဆန်းသက်သာ စေပါတယ်။ သံပုရာသီးအစစ်ကို ခြမ်းပြီး ထားနိုင်သလို သံပုရာသီးကနေ ထုတ်ထားတဲ့ lemon essential oil ကိုလည်း ရနံ့ရအောင် အသုံးပြုနိုင်ပါတယ်။

အာရုံစိုက်နိုင်စွမ်း ပိုကောင်းလာခြင်း။
သံပုရာသီးရဲ့ အ့ံအားသင့်စရာ အကျိုးကျေးဇူးတစ်ခုကတော့ သူ့ရဲ့ရနံ့ပဲ ဖြစ်ပါတယ်။ သံပုရာရနံ့ကို နေ့စဉ် ရှုရှိုက်တဲ့အခါ အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာပြီး မှတ်ဉာဏ်နဲ့ ဦးနှောက်စွမ်းအင်တွေကိုလည်း တိုးတက်လာစေပါတယ်။ သံပုရာရနံ့ လေး ရနေတဲ့အခါ လုပ်ငန်းခွင်မှာတောင် ပိုပြီးအမှားလုပ်တာ နည်းလာကြတယ်လို့ ဆိုပါတယ်။ ဒီသုံးသပ်ချက်ကတော့ ဂျပန်က ပညာရှင်တွေရဲ့ လေ့လာစမ်းသပ်မှုအရ ဖြစ်ပါတယ်။

စိတ်ခံစားမှုကောင်းစေခြင်း။
Lemon essential oil (သို့မဟုတ်) သံပုရာရနံ့ဟာ စိတ်ကျရောဂါအတွက် အကောင်းဆုံးသော ကုသနည်းတစ်ခု ဖြစ်တယ်လို့ ပညာရှင်များက ဆိုကြပါတယ်။ ဒါကြောင့် အမြဲတမ်း စိတ်မကြည်မလင် ဖြစ်နေပြီး စိတ်ဓာတ်ကျ၊ အားငယ်တဲ့ ေ၀ဒနာကို ခံစားနေရသူများအတွက် အခြားကုသနည်းများက အစွမ်းမထက်ဘူးလို့ ခံစားရပြီး ကြိုးစားဖို့ ငြီးငွေ့လာတဲ့အခါ အဖိုးနှုန်းသက်သာပြီး အစွမ်းထက်လှတဲ့ ဒီအသီးလေးကို အသုံးပြုကြည့်ပါလို့ အကြံပြုချင်ပါတယ်။

အခန်းတွင်းလေထုကို သန့်စင်စေခြင်း။
သံပုရာရနံ့ဟာ စိတ်ကြည်လင်လန်းဆန်းစေရုံမျှသာ မဟုတ်ဘဲ လေထုအတွင်းက ဘက်တီးရီးယားနဲ့ ပိုးမွှားတွေကိုပါ ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ချိန် အခန်းထဲမှာ သံပုရာအခြမ်းလေးကို ထည့်ထားတဲ့အခါ သန့်ရှင်းတဲ့ လေကို ရှုရှိုက်ရင်း နှစ်ခြိုက်စွာ အိပ်ပျော်စေပါလိမ့်မယ်။

သွေးတိုးရောဂါကို သက်သာစေခြင်း။
သွေးတိုးရောဂါဟာ လူအများစု ခံစားနေကြရတဲ့ ရောဂါတစ်မျိုး ဖြစ်ပြီး အသံတိတ် လူသတ်သမားလို့တောင် ဆိုနိုင်ပါတယ်။ သံပုရာရနံ့ကို နေ့စဉ် ရှုရှိုက်ခြင်းအားဖြင့် သွေးတိုးကျစေနိုင်ပါတယ်။

အင်းဆက်ပိုးမွှားတွေရန်က ကာကွယ်ပေးခြင်း။
ခြင်၊ ယင်၊ ပုရွက်ဆိတ်အစရှိတဲ့ အင်းဆက်ပိုးမွှားတွေဟာ သံပုရာရနံ့ ရနေတဲ့ နေရာမှာ ခိုအောင်းလေ့ မရှိကြပါဘူး။ အင်းဆက်သတ်ဆေးတွေနဲ့ နှိမ်နင်းခြင်းကြောင့် ဘေးထွက်ဆိုးကျိုး ရခြင်းကနေလည်း ကင်းေ၀းစေပါလိမ့်မယ်။ ပိုကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရရှိဖို့ လေးညှင်းပွင့်ကိုပါ အသုံးပြုနိုင်ပါတယ်။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*