ကဲ့ရဲ့သူတွေကို ချီးဘရိန်းဦးနှောက် လို့ပြောလိုက်တဲ့ နေခြည်ဦး







 

 


KKK(momolay)

Source – Naychioo fb

Unicode

ပရိသတ်တွေရဲ့ အချစ်တော် beauty blogger မလေးနေခြည်ဦးဟာ မွေးရာပါ မျက်နှာမှာ ပါလာတဲ့ အမှတ်လေးအကြောင်းကို ပြောပြလာပါတယ်။ နောက်ပြီး ဝေဖန်သူ ကဲ့ရဲ့သူတွေကိုလဲ ပျင်းပျင်းထန်ထန် တုန့်ပြန်လိုက်ပါတယ်။ သူမရဲ့ တုန့်ပြန်မှုကိုတော့ သူမကိုချစ်တဲ့ပရိသတ်တွေက လက်ခံအားပေးကြပေမယ့် တချို့သောပရိသတ်တွေကတော့ သူမရဲ့ အသုံးအနှုန်းကို လက်မခံနိုင်ဘူး ဖြစ်နေကြပါတယ်။ နောက်ပြီး သူမကြုံခဲ့ရတဲ့ မွေးရာပါအမှတ်နဲ့ ပတ်သက်တဲ့ အရာတွေကိုလဲ ပြောဆိုရေးသားခဲ့ပါတယ်။

သူမပြောပြတဲ့ အသားအရည် ထိန်းသိမ်းနည်းလေးက ” အသားအရည် တွေကောင်းလာတော့ စိတ်ချမ်းသာလိုက်တာ ရေများများ သောက်တဲ့ အကျင့်လေးက စပြီးdetoxing လုပ်တာတွေ food supplement လေးတွေ စားလာတဲ့အထိ တဖြေးဖြေးချင်းတော့ ဂရုစိုက်ရတယ် ” တဲ့ ။

နောက်ပြီး သူမအမှတ်လေးကိုလဲ ” မိတ်ကပ်တွေ ဘယ်လိုလိမ်းလိမ်း နေခြည်ကတော့ မွေးရာပါ အမှတ်နီလေးနဲ့ ဘယ်သွားသွား ထင်းနေတဲ့ ဒီမျက်နှာလေးနဲ့နေရတာပိုသဘောကျတယ်”

” ငယ်ငယ်တုန်းကဆို ကိုယ့်အမှတ်လေးကြောင့် လူတွေ ကဲ့ရဲ့မှာ အရမ်းစိုးရိမ်ခဲ့ဖူးပေမယ့်အခုနေခြည်က တစ်ယောက်တည်း မဟုတ်တော့ဘူးလေ။ နေခြည့် မှာ chillies empire ကြီးရှိတယ် ” ဆိုပြီး ပြောထားပါသေးတယ်။

အဲ့ဒီနောက်မှာတော့ သူမကြုံတွေရသမျှ တွေကို Chillies နဲ့ အတူရင်ဆိုင်မယ် ဆိုတာနဲ့ ပတ်သက်ပြီး ” နေခြည့်ကို ချစ်တဲ့သူတွေအတွက် ကိုယ်က ရှေ့ဆောင်လမ်းပြ confident ပိုရှိပြရမယ်။ ကိုယ့်လို မျက်နှာက အမာရွတ် ဝက်ခြံတွေကြောင့် သိမ်ငယ်နေတဲ့ သူတွေကိုနေခြည်တို့ရဲ့ power က မျက်နှာကမဟုတ်ဘူး ဦးနှောက်နဲ့နှလုံးသားကလာတယ်ဆိုတာပြရမယ်” တဲ့ ။

သူမ ပေါက်ကွဲလိုက်ပုံကတော့ ” ဝက်ခြံရှိလို့ ကဲ့ရဲ့တဲ့ ချီးဘရိန်း ဦးနှောက်တွေထက် ကိုယ့်ရဲ့ ဉာဏ်ပညာနဲ့ နူးညံ့တဲ့ နှလုံးသားကို ထိုးထွင်းမြင်ရောက်ပြီး တန်ဖိုးထားတဲ့ ဦးနှောက်ရှိတဲ့ သူတွေနဲ့ဘဲ ပေါင်းသင်းပါ။ ချီးဘရိန်းတွေ နဲ့ ပေါင်းပြီး လုံးဝ မသိမ်ငယ်နဲ့ နေခြည်တစ်ယောက်လုံးရှိတယ် ” ဆိုကာ ပြောပြသွားခဲ့ပါတယ်။

အချိန်ယူဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

KKK(momolay)

Source – Naychioo fb

Be the first to comment

Leave a Reply

Your email address will not be published.


*