ဗိုလ္ခ်ဳပ္ေအာင္ဆန္းေနရာက ပါ၀င္သရုပ္ေဆာင္ဖို႔ စိတ္အားထက္သန္ေနဆဲပဲဆိုတဲ့ ေက်ာ္ေက်ာ္မိ်ဳး

ဆက္လက္ရိုက္ကူးဖို႔ျပင္ဆင္ေနတဲ့ “ေအာင္ဆန္းရုပ္ရွင္” မွာ ဗိုလ္ခ်ဳပ္ေနရာက ပါ၀င္သရုပ္ေဆာင္မယ့္ ေက်ာ္ေက်ာ္မ်ိဳးက ဗိုလ္ခ်ဳပ္ရုပ္ရွင္အတြက္ စိတ္အားထက္သန္ေနဆဲပဲလို႔ ရုပ္ရွင္သရုပ္ေဆာင္ လူမင္းက ေျပာပါတယ္။

” ေက်ာ္ေက်ာ္မ်ိဳးကလည္း ဒီအတိုင္းပါပဲ၊ အျပင္မွာေျပာေနၾကသလို ၀တုတ္ျပီးရိုက္လို႔မရဘူးဆိုတာ မဟုတ္ပါ ဘူး၊ သူလည္းစိတ္အားထက္သန္ဆဲပါပဲ” လို႔ ဗိုလ္ခ်ဳပ္ရုပ္ရွင္ ျဖစ္ေျမာက္ေရးအဖြဲ႕ရဲ႕ အဖြဲ႕၀င္ သရုပ္ေဆာင္ လူမင္းက ေျပာပါတယ္။ေက်ာ္ေက်ာ္မ်ဳိးရဲ႕ မိသားစုစား၀တ္ေနေရးအတြက္ ရုပ္ရွင္အတြက္ စတင္ေရြးခ်ယ္စဥ္ကတည္းက ကေမၻာဇ ေဘာလံုးအသင္းက လစာအျပည့္ ေထာက္ပံ့ေပးခဲ့ျပီး ၂၀၁၈ ခုႏွစ္မွစတင္ျပီး ရုပ္ရွင္ျဖစ္ေျမာက္ေရး ကုမၼဏီက ဆက္လက္ေထာက္ပံ့ခဲ့တယ္လို႔ သိရပါတယ္။
ဒီေနရာမွာ ေက်ာ္ေက်ာ္မ်ိဳးနဲ႔ ပတ္သက္ျပီးရွင္းျပခ်င္တာက ေက်ာ္ေက်ာ္မ်ိဳးက သရုပ္ေဆာင္ေရြးခ်ယ္ျပီး ကတည္းက အဲ့ထဲကသူက ကေမၻာဇေဘာလံုးအသင္းက ကစားသမားတစ္ေယာက္ပါ၊ ကေမၻာဇေဘာလံုး အသင္းကလည္း အစ္ကိုတို႔ ရုပ္ရွင္ကိုကူညီေထာက္ပံ့တဲ့အေနနဲ႔ ရုပ္ရွင္ရိုက္ဖို႔ သူ႔ကို Camp သြင္းေခၚထားျပီး ကတည္းက လစာကို အျပည့္အ၀ ခံစားခြင့္ေပးေနပါတယ္။ျပီးခဲ့တဲ့ ၂၀၁၇ ဒီဇင္ဘာလ အထိ၊ အဲ့ေတာ့ ခု၂၀၁၈ ဇန္န၀ါရီက စျပီးသူရဲ႕ခံစားခြင့္ လစာကို အစ္ကိုတို႔ ရုပ္ရွင္ျဖစ္ေျမာက္ေရး ကုမၼဏီက ဆက္လက္ျပီးေတာ့ ေထာက္ပံ့ေပးေနပါတယ္၊ ဆိုလိုတာက ေက်ာ္ေက်ာ္မ်ိဳးသည္ ဒီရုပ္ရွင္ရိုက္မယ္ဆိုျပီး ႏွစ္ေတြၾကန္႔ၾကာခဲ့တဲ့ အတြက္ သူနဲ႔ သူမိသားစု၊ သူ႔ဘ၀ ရပ္တည္မႈအတြက္ နစ္နာမႈေတြ ရွိတယ္ဆိုျပီး ေ၀ဖန္မႈေတြရွိခဲ့တယ္ ” လို႔ အကယ္ဒမီလူမင္းက ေျပာပါတယ္။

” သူဒီေန႔ ဒီအခ်ိန္အထိ စိတ္အားထက္သန္ေနတုန္းပဲဆိုတာေတြ႕ရပါတယ္၊ အေကာင္းဆံုးျဖစ္ေအာင္ သရုပ္ေဆာင္ႏိုင္လိမ့္မယ္လို႔ အစ္ကိုတို႔ယံုၾကည္ပါတယ္ “လို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေနရာမွာ သရုပ္ေဆာင္မယ့္ ေက်ာ္ေက်ာ္မ်ိဳးနဲ႔ ပတ္သက္ျပီး လူမင္းက ေျပာဆိုခဲ့ပါတယ္။ေက်ာ္ေက်ာ္မ်ိဳးကို လိုအပ္တဲ့ ျပင္ဆင္မႈေတြ ထပ္ျပီး လုပ္ေပးသြားမွာျဖစ္ျပီး အနီးကပ္မွာလည္း လိုအပ္တာေတြ အကုန္လံုး ဆက္ျပီး ေလ့က်င့္ေပးသြားမယ္လို႔ သိရပါတယ္။

လူမင္းက “ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို အရမ္းေလးစားတာေၾကာင့္ အခုထိ ” ေအာင္ဆန္းရုပ္ရွင္ ” ျဖစ္ေျမာက္ ေရးမွာ ပါ၀င္ေနရတာျဖစ္ျပီး ယင္းရုပ္ရွင္ကားကို ျဖစ္ေျမာက္လိုတဲ့ ဆႏၵရွိေနလို႔ပါ ၊ ေနာက္ျပီးေတာ့ ဒါက အေမစုရဲ႕ ဆႏၵလည္းျဖစ္တာေၾကာင့္ အစ္ကိုကေတာ့ ဘယ္ေနရာကပဲ ပါရပါရ အဆံုးခန္းတဲ့အထိ ရုပ္ရွင္ျဖစ္ ေျမာက္ေရးအတြက္ ပါ၀င္သြားမွာပါ “လို႔ ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းအတၳဳပၸတၱိ႐ုပ္ရွင္ ရိုက္ကူး ထုတ္လုပ္ေရးလုပ္ငန္း ေကာ္မတီဥကၠ႒ အျဖစ္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက ေဆာင္ရြက္ေနေသာ ေအာင္ဆန္းရုပ္ရွင္ကို ၂၀၁၉ ႏွစ္စပိုင္းမွာ စတင္ရိုက္ကူးသြားမွာျဖစ္ျပီး လာမည့္ ၂၀၂၀တြင္ ျပသႏိုင္ရန္ လ်ာထားေၾကာင္း သိရပါတယ္။
Credit:Mizzima

Unicode

ဗိုလ်ချုပ်အောင်ဆန်းနေရာက ပါဝင်သရုပ်ဆောင်ဖို့ စိတ်အားထက်သန်နေဆဲပဲဆိုတဲ့ ကျော်ကျော်မျိုး
====================================
ဆက်လက်ရိုက်ကူးဖို့ပြင်ဆင်နေတဲ့ “အောင်ဆန်းရုပ်ရှင်” မှာ ဗိုလ်ချုပ်နေရာက ပါဝင်သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးက ဗိုလ်ချုပ်ရုပ်ရှင်အတွက် စိတ်အားထက်သန်နေဆဲပဲလို့ ရုပ်ရှင်သရုပ်ဆောင် လူမင်းက ပြောပါတယ်။

” ကျော်ကျော်မျိုးကလည်း ဒီအတိုင်းပါပဲ၊ အပြင်မှာပြောနေကြသလို ဝတုတ်ပြီးရိုက်လို့မရဘူးဆိုတာ မဟုတ်ပါ ဘူး၊ သူလည်းစိတ်အားထက်သန်ဆဲပါပဲ” လို့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင် သရုပ်ဆောင် လူမင်းက ပြောပါတယ်။ကျော်ကျော်မျိုးရဲ့ မိသားစုစားဝတ်နေရေးအတွက် ရုပ်ရှင်အတွက် စတင်ရွေးချယ်စဉ်ကတည်းက ကမ္ဘောဇ ဘောလုံးအသင်းက လစာအပြည့် ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၈ ခုနှစ်မှစတင်ပြီး ရုပ်ရှင်ဖြစ်မြောက်ရေး ကုမ္မဏီက ဆက်လက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
ဒီနေရာမှာ ကျော်ကျော်မျိုးနဲ့ ပတ်သက်ပြီးရှင်းပြချင်တာက ကျော်ကျော်မျိုးက သရုပ်ဆောင်ရွေးချယ်ပြီး ကတည်းက အဲ့ထဲကသူက ကမ္ဘောဇဘောလုံးအသင်းက ကစားသမားတစ်ယောက်ပါ၊ ကမ္ဘောဇဘောလုံး အသင်းကလည်း အစ်ကိုတို့ ရုပ်ရှင်ကိုကူညီထောက်ပံ့တဲ့အနေနဲ့ ရုပ်ရှင်ရိုက်ဖို့ သူ့ကို Camp သွင်းခေါ်ထားပြီး ကတည်းက လစာကို အပြည့်အ၀ ခံစားခွင့်ပေးနေပါတယ်။ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာလ အထိ၊ အဲ့တော့ ခု၂၀၁၈ ဇန်နဝါရီက စပြီးသူရဲ့ခံစားခွင့် လစာကို အစ်ကိုတို့ ရုပ်ရှင်ဖြစ်မြောက်ရေး ကုမ္မဏီက ဆက်လက်ပြီးတော့ ထောက်ပံ့ပေးနေပါတယ်၊ ဆိုလိုတာက ကျော်ကျော်မျိုးသည် ဒီရုပ်ရှင်ရိုက်မယ်ဆိုပြီး နှစ်တွေကြန့်ကြာခဲ့တဲ့ အတွက် သူနဲ့ သူမိသားစု၊ သူ့ဘ၀ ရပ်တည်မှုအတွက် နစ်နာမှုတွေ ရှိတယ်ဆိုပြီး ဝေဖန်မှုတွေရှိခဲ့တယ် ” လို့ အကယ်ဒမီလူမင်းက ပြောပါတယ်။

” သူဒီနေ့ ဒီအချိန်အထိ စိတ်အားထက်သန်နေတုန်းပဲဆိုတာတွေ့ရပါတယ်၊ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်လိမ့်မယ်လို့ အစ်ကိုတို့ယုံကြည်ပါတယ် “လို့ ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးနဲ့ ပတ်သက်ပြီး လူမင်းက ပြောဆိုခဲ့ပါတယ်။ကျော်ကျော်မျိုးကို လိုအပ်တဲ့ ပြင်ဆင်မှုတွေ ထပ်ပြီး လုပ်ပေးသွားမှာဖြစ်ပြီး အနီးကပ်မှာလည်း လိုအပ်တာတွေ အကုန်လုံး ဆက်ပြီး လေ့ကျင့်ပေးသွားမယ်လို့ သိရပါတယ်။

လူမင်းက “ ဗိုလ်ချုပ်အောင်ဆန်းကို အရမ်းလေးစားတာကြောင့် အခုထိ ” အောင်ဆန်းရုပ်ရှင် ” ဖြစ်မြောက် ရေးမှာ ပါဝင်နေရတာဖြစ်ပြီး ယင်းရုပ်ရှင်ကားကို ဖြစ်မြောက်လိုတဲ့ ဆန္ဒရှိနေလို့ပါ ၊ နောက်ပြီးတော့ ဒါက အမေစုရဲ့ ဆန္ဒလည်းဖြစ်တာကြောင့် အစ်ကိုကတော့ ဘယ်နေရာကပဲ ပါရပါရ အဆုံးခန်းတဲ့အထိ ရုပ်ရှင်ဖြစ် မြောက်ရေးအတွက် ပါဝင်သွားမှာပါ “လို့ ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆောင်ရွက်နေသော အောင်ဆန်းရုပ်ရှင်ကို ၂၀၁၉ နှစ်စပိုင်းမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး လာမည့် ၂၀၂၀တွင် ပြသနိုင်ရန် လျာထားကြောင်း သိရပါတယ်။
Credit:Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*