ရုတ္တရက္ကားထဲမွာအသက္ရွဴရပ္သြားခဲ့တဲ့ကေလးကိုအခ်ိန္မီကယ္တင္ေပးခဲ့တဲ့ရဲသားၾကီး

Zawgyi

ဖေလာ္ရီဒါက လက္ေထာက္ရဲအရာရွိတစ္ဦးဟာ တာ၀န္ခ်ိန္ျပင္ပမွာ အသက္ရွဴရပ္ေနတဲ့ ကေလးငယ္ေလးတစ္ေယာက္ကိုကယ္တင္ႏိုင္ခဲ့ပါတယ္။ ကေလးငယ္ဟာ မိခင္ျဖစ္သူရဲ႕ကားထဲမွာမလႈပ္မယွက္နဲ႔ အေရးေပၚအေျခအေနျဖစ္ေနခဲ့တာပါ။ K9 လက္ေထာက္အရာရွိျဖစ္တဲ့ ဂ်ရယ္မီနစ္စ္ရဲ႕ ကားဗီဒီယိုထဲမွာေတြ႔ရတာကေတာ့ အျဖဴေရာင္ဆီဒင္ကားေလးတစ္စီးဟာ ညေနခင္းအခ်ိန္ အိုကလာၿမိဳ႕က လမ္းဆံုေလးတစ္ခုမွာရပ္နားလိုက္ပါတယ္။

ကားမီးေတြကို မွိတ္တုတ္မွိတ္တုတ္ျဖစ္ေအာင္ဖြင့္ထားခဲ့ၿပီး ဂ်ယ္ရမီကို အကူအညီေတာင္းခဲ့တာျဖစ္ပါတယ္။ ၿပီးေနာက္ ကားထဲကေန ကေလးကိုခ်ီကာ ကေလးအေမထြက္လာခဲ့ပါတယ္။ ရဲအရာရွိဂ်ယ္ရမီဟာ ေျမျပင္မွာဒူးေထာက္ခ်လိုက္ၿပီး အေရးေပၚအသက္ကယ္နည္းနဲ႔ကယ္တင္ခဲ့ပါတယ္။

ၿပီးေနာက္ဂ်ယ္ရမီဟာ ခ်က္ျခင္းပဲ(၃)လသားအရြယ္ကေလးငယ္ေလးကို အနီးနားမွာရွိတဲ့ အုိကလာၿမိဳ႕ေဆးရံုဆီေခၚသြားခဲ့ပါတယ္။ လက္ရွိမွာကေလးဟာ အေျခအေနေကာင္းမြန္ေနၿပီျဖစ္ပါတယ္။ ေဆးရံုကေတာ့ ဂ်ယ္ရမီရဲ႕ကူညီမႈေၾကာင့္ကေလးက အခုလိုအသက္ရွင္ခဲ့တာျဖစ္ေၾကာင္းဆိုခဲ့ပါတယ္။ ဓာတ္ပံုေတြမွာေတာ့ ရဲအရာရွိၾကီးဂ်ယ္ရမီဟာ ကေလးငယ္ေလးရဲ႕ေဆးရံုကုတင္ေဘးမွာ ျပံဳးၿပီးရပ္ေနခဲ့တဲ့ပံုေတြကိုေတြ႔ရမွာျဖစ္္ပါတယ္။

ဒါ့အျပင္ ကေလးဟာ ဂ်ယ္ရမီရဲ႕လက္ေမာင္းေပၚမွာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတဲ့ဓာတ္ပံုေတြကိုလည္း ေတြ႔ရမွာပါ။ ကေလးငယ္ေလးရဲ႕မိခင္ျဖစ္သူခရိုး၀ဲလ္ကလည္း သူမရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာေပၚမွာ ဂ်ယ္ရမီကိုေက်းဇူးတင္ေၾကာင္းနဲ႔  ကေလးကိုအ့ံအားသင့္ဖြယ္ကယ္တင္ေပးခဲ့ပံုအေၾကာင္းကို မွ်ေ၀ေပးခဲ့ပါေသးတယ္။

Credit

Unicode

ဖလော်ရီဒါက လက်ထောက်ရဲအရာရှိတစ်ဦးဟာ တာဝန်ချိန်ပြင်ပမှာ အသက်ရှူရပ်နေတဲ့ ကလေးငယ်လေးတစ်ယောက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ ကလေးငယ်ဟာ မိခင်ဖြစ်သူရဲ့ကားထဲမှာမလှုပ်မယှက်နဲ့ အရေးပေါ်အခြေအနေဖြစ်နေခဲ့တာပါ။ K9 လက်ထောက်အရာရှိဖြစ်တဲ့ ဂျရယ်မီနစ်စ်ရဲ့ ကားဗီဒီယိုထဲမှာတွေ့ရတာကတော့ အဖြူရောင်ဆီဒင်ကားလေးတစ်စီးဟာ ညနေခင်းအချိန် အိုကလာမြို့က လမ်းဆုံလေးတစ်ခုမှာရပ်နားလိုက်ပါတယ်။

ကားမီးတွေကို မှိတ်တုတ်မှိတ်တုတ်ဖြစ်အောင်ဖွင့်ထားခဲ့ပြီး ဂျယ်ရမီကို အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ ပြီးနောက် ကားထဲကနေ ကလေးကိုချီကာ ကလေးအမေထွက်လာခဲ့ပါတယ်။ ရဲအရာရှိဂျယ်ရမီဟာ မြေပြင်မှာဒူးထောက်ချလိုက်ပြီး အရေးပေါ်အသက်ကယ်နည်းနဲ့ကယ်တင်ခဲ့ပါတယ်။

ပြီးနောက်ဂျယ်ရမီဟာ ချက်ခြင်းပဲ(၃)လသားအရွယ်ကလေးငယ်လေးကို အနီးနားမှာရှိတဲ့ အိုကလာမြို့ဆေးရုံဆီခေါ်သွားခဲ့ပါတယ်။ လက်ရှိမှာကလေးဟာ အခြေအနေကောင်းမွန်နေပြီဖြစ်ပါတယ်။ ဆေးရုံကတော့ ဂျယ်ရမီရဲ့ကူညီမှုကြောင့်ကလေးက အခုလိုအသက်ရှင်ခဲ့တာဖြစ်ကြောင်းဆိုခဲ့ပါတယ်။ ဓာတ်ပုံတွေမှာတော့ ရဲအရာရှိကြီးဂျယ်ရမီဟာ ကလေးငယ်လေးရဲ့ဆေးရုံကုတင်ဘေးမှာ ပြုံးပြီးရပ်နေခဲ့တဲ့ပုံတွေကိုတွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ကလေးဟာ ဂျယ်ရမီရဲ့လက်မောင်းပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ဓာတ်ပုံတွေကိုလည်း တွေ့ရမှာပါ။ ကလေးငယ်လေးရဲ့မိခင်ဖြစ်သူခရိုးဝဲလ်ကလည်း သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ဂျယ်ရမီကိုကျေးဇူးတင်ကြောင်းနဲ့ ကလေးကိုအံ့အားသင့်ဖွယ်ကယ်တင်ပေးခဲ့ပုံအကြောင်းကို မျှဝေပေးခဲ့ပါသေးတယ်။

Credit