ကယားပြည်နယ်၏ဂုဏ်ဆောင် ကြယ်ပွင့်ဖြစ်လာမည့်သူ

Zawgyi


Image may contain: 1 person




Image may contain: 1 person, sitting and indoor




၁၆-၅-၂၀၁၈

Unicode

ပညာဝေဖြာ မဟော်သဓာ ဝင်ခွင့်စာမေးပွဲကို ပြင်းပြသောစိတ်ဆန္ဒတွေကြောင့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ဘို့ရာ ပထမဆုံးခြေလှမ်းအဖြစ် လှမ်းခွင့်ရသွားသူ ကယားပြည်နယ်၏ ၁-ဦးတည်းသော ကြယ်ပွင့်လေး

စာရေးသူဟာ ပညာဝေဖြာ မဟော်သဓာ ၈-တန်းဝင်ခွင့် စာမေးပွဲဖြေဆိုခြင်းနှင့် လူတွေ့စစ်ဆေးခြင်းခံကြရသော တိုင်းနှင့် ပြည်နယ်၊ မြို့နယ်အသီးသီးမှ ၇-တန်းအောင်ကျောင်းသူ/ ကျောင်းသား ရင်သွေးငယ်များ ရေဖြေ ၊ နှုတ်ဖြေ ၂-ခုလုံးကြိုးစား၍ သန်းရှင်းစင်ကြယ်စွာ ကိုယ့်အားကိုယ်ကိုးလို့္တ ဖြေဆိုကြရသော ကျောင်းသား/ကျောင်သူအချို့ထဲတွင် ယခုတွေ့မြင်ရသော ကျောင်းသူလေးကတော့ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှ မဟန်နီမြင့်သူပဲဖြစ်ပါတယ် ၊

သူ့ကိုလူတွေ့စစ်ဆေးတဲ့အခါမှာ သမီးရေးဖြေ ဖြေခဲ့ရသော ပြည်သူ့နီတိ ၊ အင်္ဂလိပ်စာ နှင့် သင်္ချာ ၃-ဘာသာလုံးဖြေဆိုနိုင်ရဲ့လားမေးတော့ ဖြေဆိုနိုင်ပါတယ်လို့ မဆိုင်းမတွပဲပြန်ဖြေခဲ့ပါတယ် ဒါနဲ့သမီးက ပညာဝေဖြာ မဟော်သဓာကို ကြားဘူးလားဆိုတော့ ကြားဘူးပါတယ် မဟော်သဓာကိုတက်ခွင့်နေခွင့်ရရင်ပျော်မှာလားထပ်မေးတော့ အတိုင်းမသိပျော်မှာပါတဲ့ ဘာလို့မဟော်သဓာကို ကျောက်းတက်ချင်တာလဲ ထပ်မေးလိုက်တော့မှပဲ ဝမ်းနည်းပက်လက် မျက်ရည်စက်တွေနဲ့ ပြန်ဖြေလိုက်တာက မိဘတွေရဲ့ ဆင်းရဲဒုက္ခနဲ့ အခက်ခဲ့တွေကို မကြည့်ရက်လို့ဆိုပြီး ငိုချပါတော့တယ်၊၊

မိဘတွေကဘာလုပ်ကြလဲမေးတော့ လယ်သမားတွေပါ သမီးကြီးရင် ဘာလုပ်မလဲထပ်မေးတော့ ဆရာဝန်ဒေါက်တာဖြစ်ချင်တယ် ဘာလို့လဲ မိဘတွေကိုကျေးဇူးစပ်ချင်တာရယ် မိမိတို့လိုတိုင်းနဲ့ပြည်နယ်အစွန်အဖြား ဝေးလံခေါင်သီးတဲ့နေရာတွေမှာရှိကြတဲ့ သူတွေကိုကျန်းမာရေးကူညီ စောင့်ရှောက်ချင်လို့တဲ့ မွန်မြတ်လှတဲ့ ရည်ရွယ်ချက် ရည်မှန်းချက် ပြင်းပြသူလေးမို့
မိဘကျေးဇူးအထူးသိတတ်ပြီး တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာကို စွမ်းစွမ်းတမံ ကြိုးစားအားထုတ် မြှင်တင်နိုင်ပါစေလို့ ဆန္ဒပြုရင်း

ဓမ္မဒူတဆရာတော် အရှင်ညာဝရ တည်ထောင်ဖွင့်လစ်လျှက်ရှိသော ပညာဝေဖြာ မဟော်သဓာ (အခမဲ့) ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး၌ ကယားပြည်နယ်ဂုဏ်ဆောင်ကြယ်ပွင့် ကျောင်းသူလေး မဟန်နီမြင်သူနှင့် မဟော်သဓာဝင့်ခွင့်ရ ကျောင်းသူ/ကျောင်းသားအယောက်၂၀၀-လုံး ဓမ္မဒူတဆရာတော်အရှင်ပညာဝရနှင့် နာယကဦးဆောင်ဆရာတော်များ၊ ဆရာ/ဆရာမများ၏ အရိပ်အာဝါသအောက်မှာ ခိုလှုံ၍ ပညာရည်နို့သောက်ဆို့နိုင်ကြပါစေ။

ပညာရည်နို့ သောက်ဆို့ခွင့်ရကြသော မဟန်နီမြင့်သူနှင့် ကျောင်းသား/ကျောင်းသူအားလုံး ရည်မှန်းချက်ပန်းတိုင်ါ ကိုယ်စီ လှမ်းကိုင်နိုင်ကြပါစေ

အရှင်ပညိန္ဒ ပွင့်လင်းဆရာတော်

၁၆-၅-၂၀၁၈