အမ်ိဳးသမီးေတြကို လုိက္စတဲ့ အမ်ိဳးသားေတြအား ျပစ္ဒဏ္ေပးေတာ့မယ့္ ဥပေဒသစ္

Zawgyi

ပင္သစ္ႏုိင္ငံမွာေတာ့ မိန္းကေလးေတြကို လမ္းေပၚမွာ စကားနဲ႔တင္ လုိက္စတဲ့ သူေတြကို ျပစ္ဒဏ္ေပးဖို႔ ဥပေဒသတ္မွတ္လိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။ တဏွာစိတ္္နဲ႔ ပါးစပ္ကေန မိန္းကေလးေတြကို လိုက္ေျပာတတ္တာေတြ၊ ေလခၽြန္ၿပီး လုိက္ေခၚတာမ်ိဳးေတြအတြက္ ယူ​​႐ုိေငြ ၉၀ မွ ၇၅၀ (ျမန္မာေငြ ၁၀ သိန္းေက်ာ္အထိ) ဒဏ္ေငြေပးေဆာင္ေစမွာ ျဖစ္ပါတယ္။

ျပင္သစ္ႏုိင္ငံေတာ္အဆင့္ အစည္းအေဝးက ဥပေဒအာဏာပိုင္ေတြက လိင္ပိုင္းဆိုင္ရာေစာ္ကားမႈေတြကို ေလွ်ာ့ခ်ဖို႔ အခုလို ဥပေဒသစ္ကို ေရးဆြဲခဲ့တာျဖစ္ၿပီး သမၼတ Emmanuel Macron ကလည္း အမ်ိဳးသမီးေတြ အျပင္ကို လံုၿခံဳစြာ ထြက္ႏုိင္ဖို႔ အေရးအတြက္ အဆိုပါဥပေဒကို ခြင့္ျပဳေပးခဲ့ေၾကာင္းဆိုပါတယ္။ ဒါေပမယ့္ ယခုဥပေဒကို လက္မခံေသးသူမ်ိဳးေတြလည္း ရိွေနပါတယ္။

ဥပေဒအာဏာပိုင္ Emmanuelle Menard ဆိုသူကေတာ့ အဆိုပါဥပေဒဟာ အမ်ိဳးသမီးေတြဘက္သာ မ်က္ႏွာလိုက္ၿပီး အမ်ိဳးသားေတြကို သက္သက္ဆန္႔က်င္တဲ့ ဥပေဒမ်ိဳးျဖစ္ကာ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈမေျမာက္တဲ့ သာမန္အျပဳအမူေတြကိုပါ အျပစ္ျဖစ္ေစႏုိင္ေခ် ရိွေနေၾကာင္း သံုးသပ္ျပခဲ့ပါတယ္။ ျပင္သစ္မွာ အဓမၼျပဳက်င့္မႈေတြကိုလည္း ထိန္းခ်ဳပ္ေလွ်ာ့ခ်ဖို႔ အျခားဥပေဒေတြလည္း ေဆြးေႏြးလ်က္ရိွပါတယ္။

ေနာက္ဥပေဒသစ္ကေတာ့ အသက္မျပည့္ေသးဘဲ လိင္မႈကိစၥက်ဴးလြန္ခံရတဲ့ နစ္နာသူမိန္းကေလးေတြက သူတုိ႔နစ္နာမႈကို အသက္အရြယ္ေၾကာင့္ နားမလည္ေသးႏိုင္တာမ်ိဳးေတြ ရိွႏုိင္တာေၾကာင့္ အဓမၼျပဳက်င့္ခံရမႈကို တုိင္ၾကားဖို႔ (၁၀)ႏွစ္အထိ အခ်ိန္တိုးျမွင့္ေစခဲ့တဲ့ဥပေဒျဖစ္ပါတယ္။ အဆိုပါဥပေဒနဲ႔ ပတ္သက္ၿပီးေတာ့ ဆီးနိတ္လႊတ္ေတာ္မွာ ဆက္လက္ေဆြးေႏြးသြားၾကမွာျဖစ္ပါတယ္။
Credit

Unicode

ပင်သစ်နိုင်ငံမှာတော့ မိန်းကလေးတွေကို လမ်းပေါ်မှာ စကားနဲ့တင် လိုက်စတဲ့ သူတွေကို ပြစ်ဒဏ်ပေးဖို့ ဥပဒေသတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ တဏှာစိတ်နဲ့ ပါးစပ်ကနေ မိန်းကလေးတွေကို လိုက်ပြောတတ်တာတွေ၊ လေချွန်ပြီး လိုက်ခေါ်တာမျိုးတွေအတွက် ယူရိုငွေ ၉၀ မှ ၇၅၀ (မြန်မာငွေ ၁၀ သိန်းကျော်အထိ) ဒဏ်ငွေပေးဆောင်စေမှာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံတော်အဆင့် အစည်းအဝေးက ဥပဒေအာဏာပိုင်တွေက လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို လျှော့ချဖို့ အခုလို ဥပဒေသစ်ကို ရေးဆွဲခဲ့တာဖြစ်ပြီး သမ္မတ Emmanuel Macron ကလည်း အမျိုးသမီးတွေ အပြင်ကို လုံခြုံစွာ ထွက်နိုင်ဖို့ အရေးအတွက် အဆိုပါဥပဒေကို ခွင့်ပြုပေးခဲ့ကြောင်းဆိုပါတယ်။ ဒါပေမယ့် ယခုဥပဒေကို လက်မခံသေးသူမျိုးတွေလည်း ရှိနေပါတယ်။

ဥပဒေအာဏာပိုင် Emmanuelle Menard ဆိုသူကတော့ အဆိုပါဥပဒေဟာ အမျိုးသမီးတွေဘက်သာ မျက်နှာလိုက်ပြီး အမျိုးသားတွေကို သက်သက်ဆန့်ကျင်တဲ့ ဥပဒေမျိုးဖြစ်ကာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုမမြောက်တဲ့ သာမန်အပြုအမူတွေကိုပါ အပြစ်ဖြစ်စေနိုင်ချေ ရှိနေကြောင်း သုံးသပ်ပြခဲ့ပါတယ်။ ပြင်သစ်မှာ အဓမ္မပြုကျင့်မှုတွေကိုလည်း ထိန်းချုပ်လျှော့ချဖို့ အခြားဥပဒေတွေလည်း ဆွေးနွေးလျက်ရှိပါတယ်။

နောက်ဥပဒေသစ်ကတော့ အသက်မပြည့်သေးဘဲ လိင်မှုကိစ္စကျူးလွန်ခံရတဲ့ နစ်နာသူမိန်းကလေးတွေက သူတို့နစ်နာမှုကို အသက်အရွယ်ကြောင့် နားမလည်သေးနိုင်တာမျိုးတွေ ရှိနိုင်တာကြောင့် အဓမ္မပြုကျင့်ခံရမှုကို တိုင်ကြားဖို့ (၁၀)နှစ်အထိ အချိန်တိုးမြှင့်စေခဲ့တဲ့ဥပဒေဖြစ်ပါတယ်။ အဆိုပါဥပဒေနဲ့ ပတ်သက်ပြီးတော့ ဆီးနိတ်လွှတ်တော်မှာ ဆက်လက်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
Credit