သံေသတၱာအပ်က္ထဲကေန စိန္၊ ေရႊနဲ႔ေငြအခ်ိဳ႕ ရွာေဖြေတြ႕ရွိခဲ့တဲ့ ဇနီးေမာင္ႏွံ

Zawgyi

ဇနီးေမာင္ႏွံ(၂)ဦးဟာ သံေသတၱာအစုတ္ကေလးထဲကေန စိန္၊ ေရႊနဲ႔ ေငြပုိက္ဆံအခ်ိဳ႕ကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရပါတယ္။ အဆုိပါ ဇနီးေမာင္ႏွံဟာ ထင္မွတ္မထားတဲ့ ရတနာေတြအတြက္ အလြန္ေပ်ာ္ရႊင္ခဲ့ၾကတယ္ဆုိေပမယ့္ သူတုိ႔အေနနဲ႔ ဒီပစၥည္းေတြဟာ မူလပုိင္ရွင္လည္း ရွိေကာင္းရွိႏုိင္လုိ႔ စုံစမ္းၿပီးျပန္ေပးဖုိ႔ ႀကိဳးစားခဲ့ပါတယ္။

ဇနီးေမာင္ႏွံႏွစ္ဦးရဲ႕အမည္မွာ Matthew နဲ႔ Maria Emanuel တုိ႔ ျဖစ္ၾကၿပီး နယူးေယာက္ၿမိဳက Staten Island မွာ ေနထုိင္ၾကသူေတြပါ။ သူတုိ႔တစ္ေတြဟာ ၿခံေနာက္ေဖးမွာ သစ္ပင္စုိက္ဖုိ႔အတြက္ အမႈိက္သ႐ုိက္ေတြကို ရွင္းလင္းတဲ့အခါမွာ ရြံ႕နဲ႔ဖုန္ေတြ ပရဗြတက္ေနတဲ့ စုတ္ျပတ္ေနတဲ့ ေသတၱာအေဆြးေလးကို ေတြ႕ခဲ့ၾကတာပါ။

ပါဝင္ပစၥည္းေတြျဖစ္တဲ့ စိန္ထည္ေရႊထည္ ရတနာပစၥည္းေတြနဲ႔ ေဒၚလာ (၁၀၀)တန္ ေငြစကၠဴေတြကို ကာလေပါက္ေစ်းနဲ႔ တြက္ခ်က္ၾကည့္တဲ့အခါမွာေတာ့ စုစုေပါင္းတန္ဖိုး ေပါင္ ၃၈,၇၉၉ (ေဒၚလာ ၅၂,၀၀၀) နဲ႔ တန္ဖုိးညီမွ်တယ္လုိ႔ သိရပါတယ္။

Matthew က ” က်ေနာ္တုိ႔ တစ္ေယာက္ေယာက္က ဝွက္ထားတဲ့ ရတနာေတြ ရွာေတြ႕တာလုိ႔ ေတြးမိပါတယ္ … က်ေနာ္တုိ႔ တုန္လႈပ္ေနမိတယ္ … ဒီလုိမ်ိဳး ခင္ဗ်ားတုိ႔ ခံစားဖူးခ်င္မွ ခံစားဖူးမယ္ … “လုိ႔ေျပာပါတယ္။ သံဘူးထဲမွာ ဘရြတ္ကလင္းၿမိဳ႕က လိပ္စာတစ္ခုကို မွတ္သားထားတာကိုလည္း ေတြ႕ရၿပီး အျခားလိပ္စာကေတာ့ Matthew တုိ႔ရဲ႕အိမ္နီးနားခ်င္းနဲ႔ ဆက္စပ္ေနတယ္လုိ႔ ဆုိပါတယ္။

ဒါေၾကာင့္ အဲဒီအိမ္နီးနားခ်င္းကို သြားေရာက္ေမးျမန္းၿပီး အရင္က ေဖာက္ထြင္းခံရတာ၊ ပစၥည္းေပ်ာက္တာေတြ ဘာေတြရွိသလား ေမးျမန္းတဲ့အခါမွာ ၿပီးခဲ့တဲ့(၇)ႏွစ္နီးပါးက ေဖာက္ထြင္းခံရဖူးေၾကာင္း ဆုိပါတယ္။ ရဲတပ္ဖြဲ႕မွတ္တမ္းအရလည္း အိမ္ရွင္ေတြရဲ႕ထြက္ဆုိခ်က္ဟာ မွန္ကန္ေနၿပီး (၂၀၁၁)ခုႏွစ္တုန္းက ေဖာက္ထြင္းခံခဲ့ရဖူးတယ္လုိ႔ မွတ္တမ္းအရ သိရပါတယ္။

ဒါေၾကာင့္ ျပန္ရွာေတြ႕တဲ့ပစၥည္းေတြကို မူလပိုင္ရွင္ထံ Matthew နဲ႔ Maria တုိ႔ဇနီးေမာင္ႏွံက ႐ုိး႐ုိးသားသား ျပန္လည္အပ္ႏွံခဲ့ပါတယ္။ သံေသတၱာပုိင္ရွင္ေတြကေတာ့ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္တစ္စုံတရာေပးဖုိ႔ ျငင္းဆန္ခဲ့ေပမယ့္၊ ဆုံးၿပီလုိ႔ ႏွစ္ကာလမ်ားစြာ ေတြးထင္ထားတဲ့ခဲ့ ပစၥည္းေတြ ျပန္ရလုိ႔ အတုိင္းမသိ ဝမ္းသာေနတယ္လုိ႔ ေျပာပါတယ္။

Matthew က “ပုိင္ရွင္က ေပ်ာ္လြန္းလုိ႔ က်ေနာ့္ကို ဖက္လုိက္ေသးတယ္ … သူတုိ႔ ေတာ္ေတာ္တုန္လႈပ္ေနတယ္ … က်ေနာ္တုိ႔ကို ေမးတယ္ … ဘာလုိ႔ ျပန္လာေပးတာလဲတဲ့ … က်ေနာ္က ျပန္ေျပာတယ္ … ကိုယ့္ဟာမွမဟုတ္တာပဲဗ်ာ .. ေမးေတာင္ မေမးသင့္ပါဘူးလုိ႔ “ဆုိၿပီး ဖြင့္ဟခဲ့ပါတယ္။ ပစၥည္းေပ်ာက္ဆုံးခဲ့မႈမွာ တရားခံဟာ Robert Costanz ဆုိတဲ့ ေဖာက္ထြင္းဝိဇၨာ ျဖစ္ဖုိ႔ရွိေၾကာင္း၊ သူဟာ ထုိအခ်ိန္က ေဖာက္ထြင္းမႈေပါင္း (၁၆၀)ေက်ာ္ကုိ Staten Island မွာ က်ဴးလြန္ခဲ့တဲ့ မွတ္တမ္းရွိေၾကာင္း ဆုိပါတယ္။
Credit

Unicode

ဇနီးမောင်နှံ(၂)ဦးဟာ သံသေတ္တာအစုတ်ကလေးထဲကနေ စိန်၊ ရွှေနဲ့ ငွေပိုက်ဆံအချို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဇနီးမောင်နှံဟာ ထင်မှတ်မထားတဲ့ ရတနာတွေအတွက် အလွန်ပျော်ရွှင်ခဲ့ကြတယ်ဆိုပေမယ့် သူတို့အနေနဲ့ ဒီပစ္စည်းတွေဟာ မူလပိုင်ရှင်လည်း ရှိကောင်းရှိနိုင်လို့ စုံစမ်းပြီးပြန်ပေးဖို့ ကြိုးစားခဲ့ပါတယ်။

ဇနီးမောင်နှံနှစ်ဦးရဲ့အမည်မှာ Matthew နဲ့ Maria Emanuel တို့ ဖြစ်ကြပြီး နယူးယောက်မြိုက Staten Island မှာ နေထိုင်ကြသူတွေပါ။ သူတို့တစ်တွေဟာ ခြံနောက်ဖေးမှာ သစ်ပင်စိုက်ဖို့အတွက် အမှိုက်သရိုက်တွေကို ရှင်းလင်းတဲ့အခါမှာ ရွံ့နဲ့ဖုန်တွေ ပရဗွတက်နေတဲ့ စုတ်ပြတ်နေတဲ့ သေတ္တာအဆွေးလေးကို တွေ့ခဲ့ကြတာပါ။

ပါဝင်ပစ္စည်းတွေဖြစ်တဲ့ စိန်ထည်ရွှေထည် ရတနာပစ္စည်းတွေနဲ့ ဒေါ်လာ (၁၀၀)တန် ငွေစက္ကူတွေကို ကာလပေါက်ဈေးနဲ့ တွက်ချက်ကြည့်တဲ့အခါမှာတော့ စုစုပေါင်းတန်ဖိုး ပေါင် ၃၈,၇၉၉ (ဒေါ်လာ ၅၂,၀၀၀) နဲ့ တန်ဖိုးညီမျှတယ်လို့ သိရပါတယ်။

Matthew က ” ကျနော်တို့ တစ်ယောက်ယောက်က ဝှက်ထားတဲ့ ရတနာတွေ ရှာတွေ့တာလို့ တွေးမိပါတယ် … ကျနော်တို့ တုန်လှုပ်နေမိတယ် … ဒီလိုမျိုး ခင်ဗျားတို့ ခံစားဖူးချင်မှ ခံစားဖူးမယ် … “လို့ပြောပါတယ်။ သံဘူးထဲမှာ ဘရွတ်ကလင်းမြို့က လိပ်စာတစ်ခုကို မှတ်သားထားတာကိုလည်း တွေ့ရပြီး အခြားလိပ်စာကတော့ Matthew တို့ရဲ့အိမ်နီးနားချင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဲဒီအိမ်နီးနားချင်းကို သွားရောက်မေးမြန်းပြီး အရင်က ဖောက်ထွင်းခံရတာ၊ ပစ္စည်းပျောက်တာတွေ ဘာတွေရှိသလား မေးမြန်းတဲ့အခါမှာ ပြီးခဲ့တဲ့(၇)နှစ်နီးပါးက ဖောက်ထွင်းခံရဖူးကြောင်း ဆိုပါတယ်။ ရဲတပ်ဖွဲ့မှတ်တမ်းအရလည်း အိမ်ရှင်တွေရဲ့ထွက်ဆိုချက်ဟာ မှန်ကန်နေပြီး (၂၀၁၁)ခုနှစ်တုန်းက ဖောက်ထွင်းခံခဲ့ရဖူးတယ်လို့ မှတ်တမ်းအရ သိရပါတယ်။

ဒါကြောင့် ပြန်ရှာတွေ့တဲ့ပစ္စည်းတွေကို မူလပိုင်ရှင်ထံ Matthew နဲ့ Maria တို့ဇနီးမောင်နှံက ရိုးရိုးသားသား ပြန်လည်အပ်နှံခဲ့ပါတယ်။ သံသေတ္တာပိုင်ရှင်တွေကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်တစ်စုံတရာပေးဖို့ ငြင်းဆန်ခဲ့ပေမယ့်၊ ဆုံးပြီလို့ နှစ်ကာလများစွာ တွေးထင်ထားတဲ့ခဲ့ ပစ္စည်းတွေ ပြန်ရလို့ အတိုင်းမသိ ဝမ်းသာနေတယ်လို့ ပြောပါတယ်။

Matthew က “ပိုင်ရှင်က ပျော်လွန်းလို့ ကျနော့်ကို ဖက်လိုက်သေးတယ် … သူတို့ တော်တော်တုန်လှုပ်နေတယ် … ကျနော်တို့ကို မေးတယ် … ဘာလို့ ပြန်လာပေးတာလဲတဲ့ … ကျနော်က ပြန်ပြောတယ် … ကိုယ့်ဟာမှမဟုတ်တာပဲဗျာ .. မေးတောင် မမေးသင့်ပါဘူးလို့ “ဆိုပြီး ဖွင့်ဟခဲ့ပါတယ်။ ပစ္စည်းပျောက်ဆုံးခဲ့မှုမှာ တရားခံဟာ Robert Costanz ဆိုတဲ့ ဖောက်ထွင်းဝိဇ္ဇာ ဖြစ်ဖို့ရှိကြောင်း၊ သူဟာ ထိုအချိန်က ဖောက်ထွင်းမှုပေါင်း (၁၆၀)ကျော်ကို Staten Island မှာ ကျူးလွန်ခဲ့တဲ့ မှတ်တမ်းရှိကြောင်း ဆိုပါတယ်။
Credit