ေတာင္းရမ္းစားရေပမယ့္ လူမသိသူမသိ မီလ်ံနာျဖစ္ေနတဲ့ မသန္စြမ္းအမ်ိဳးသမီးၾကီး

Zawgyi

လက္ဘႏြန္ႏိုင္ငံမွာ သူမ်ားေပးစာကမ္းစာေပၚ မွီခိုရပ္တည္ေနရတဲ့ ကိုယ္လက္အဂၤါမသန္စြမ္းသူ အမ်ိဳးသမီးတစ္ေယာက္ဟာ မီလ်ံနာတစ္ဦးအျဖစ္နဲ႔ ေသဆံုးခဲ့ေၾကာင္း သိရပါတယ္။ အမ်ိဳးသမီးၾကီးဟာ အသက္(၅၂)ႏွစ္အရြယ္ျဖစ္ၿပီး ဖတီမာအိုသ္မန္ အမည္ရပါတယ္။ သူမေသဆံုးၿပီးေနာက္မွ ရဲေတြက ဖတီမာဟာ ၿမိဳ႕ေတာ္ေဘရုကလမ္းေတြေပၚမွာ လိုက္လံေတာင္းရမ္းရင္း ေငြေၾကးအေတာ္မ်ားမ်ား စုေဆာင္းမိခဲ့ေၾကာင္းကို တအ့ံတၾသနဲ႔ သိရွိခဲ့ၾကတာျဖစ္ပါတယ္။

ၿမိဳ႕ရဲ႕ ဘာဘီခရိုင္က အစြန္႔ပစ္ခံကားတစ္စီးထဲမွာ သူမရဲ႕အေလာင္းကို စုစုေပါင္း ေဒၚလာ(၃,၃၀၀)တန္ဖိုးရွိတဲ့ေငြေၾကးထည့္ထားတဲ့ အိတ္ႏွစ္လံုးနဲ႔အတူ ေတြ႔ခဲ့ရတာျဖစ္ပါတယ္။ ဒါ့အျပင္ရဲေတြဟာ ေဒသခံဘဏ္မွာစုထားတဲ့ သူမရဲ႕ဘဏ္စာအုပ္ထဲမွာလည္း ေဒၚလာ(၁.၁)သန္း စုေဆာင္းထားတာကို ရွာေဖြေတြ႔ရွိခဲ့ပါတယ္။

ရဲေတြက ဖတီမာရဲ႕အေလာင္းကို စစ္ေဆးၾကည့္တဲ့အခါ သူမဟာႏွ လံုးထိခုိက္ၿပီးေသဆံုးခဲ့တာျဖစ္ေၾကာင္း ေတြ႔ခဲ့ရကာ သံသယျဖစ္ဖြယ္အေနအထား တစ္စံုတစ္ရာေတာ့ မေတြ႔ခဲ့ၾကရပါဘူး။ ဒါေပမယ့္ ေတာင္းရမ္းစားေသာက္သူ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ေငြေၾကးၾကြယ္၀မႈနဲ႔ပတ္သက္ၿပီးေတာ့ တအ့့ံတၾသျဖစ္ခဲ့ရတယ္လို႔ ရဲေတြကဆိုပါတယ္။

ဖတီမာဟာ လက္ဘႏြန္ျပည္တြင္းစစ္ထဲမွာ ထိခုိက္ဒဏ္ရာမ်ားစြာ ရခဲ့တာေၾကာင့္ သူမရဲ႕လက္ေတြ၊ ေျခေထာက္ေတြ သံုးလို႔မရေတာ့ပါဘူး။ လက္ဘႏြန္စစ္သားတစ္ေယာက္က သူမကို ေရတိုက္ေနတဲ့ဓာတ္ပံုဟာ အြန္လိုင္းမွာျပန္႔ႏွံ႔ၿပီးေနာက္ သူမဟာေဒသတြင္း ဆယ္လီတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။

သူမကိုေရတိုက္ေနတဲ့ စစ္သားဟာလည္း လူသားဆန္တဲ့အျပဳအမူကို ျပဳမူတယ္ဆိုၿပီး လူေတြက ခ်ီးက်ဳးခဲ့ၾကပါေသးတယ္။ ရဲေတြဟာ လက္ဘႏြန္ေျမာက္ပိုင္းမွာေနထိုင္တဲ့ ဖတီမာရဲ႕မိိသားစုနဲ႔ ေတြ႔ဆံုခဲ့ပါတယ္။ မိသားစုက ဖတီမာရဲ႕အေလာင္းေျမက်ေအာင္ေဆာင္ရြက္ေပးခဲ့ၿပီး ဖတီမာရဲ႕ခ်မ္းသာၾကြယ္၀မႈကို သိရတဲ့အခါ အ့ံအားသင့္လ်က္ရွိေနခဲ့ေၾကာင္းလည္း သိရပါတယ္။


Credit

Unicode

လက်ဘနွန်နိုင်ငံမှာ သူများပေးစာကမ်းစာပေါ် မှီခိုရပ်တည်နေရတဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်းသူ အမျိုးသမီးတစ်ယောက်ဟာ မီလျံနာတစ်ဦးအဖြစ်နဲ့ သေဆုံးခဲ့ကြောင်း သိရပါတယ်။ အမျိုးသမီးကြီးဟာ အသက်(၅၂)နှစ်အရွယ်ဖြစ်ပြီး ဖတီမာအိုသ်မန် အမည်ရပါတယ်။ သူမသေဆုံးပြီးနောက်မှ ရဲတွေက ဖတီမာဟာ မြို့တော်ဘေရုကလမ်းတွေပေါ်မှာ လိုက်လံတောင်းရမ်းရင်း ငွေကြေးအတော်များများ စုဆောင်းမိခဲ့ကြောင်းကို တအံ့တသြနဲ့ သိရှိခဲ့ကြတာဖြစ်ပါတယ်။

မြို့ရဲ့ ဘာဘီခရိုင်က အစွန့်ပစ်ခံကားတစ်စီးထဲမှာ သူမရဲ့အလောင်းကို စုစုပေါင်း ဒေါ်လာ(၃,၃၀၀)တန်ဖိုးရှိတဲ့ငွေကြေးထည့်ထားတဲ့ အိတ်နှစ်လုံးနဲ့အတူ တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင်ရဲတွေဟာ ဒေသခံဘဏ်မှာစုထားတဲ့ သူမရဲ့ဘဏ်စာအုပ်ထဲမှာလည်း ဒေါ်လာ(၁.၁)သန်း စုဆောင်းထားတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ရဲတွေက ဖတီမာရဲ့အလောင်းကို စစ်ဆေးကြည့်တဲ့အခါ သူမဟာနှ လုံးထိခိုက်ပြီးသေဆုံးခဲ့တာဖြစ်ကြောင်း တွေ့ခဲ့ရကာ သံသယဖြစ်ဖွယ်အနေအထား တစ်စုံတစ်ရာတော့ မတွေ့ခဲ့ကြရပါဘူး။ ဒါပေမယ့် တောင်းရမ်းစားသောက်သူ အမျိုးသမီးတစ်ယောက်ရဲ့ ငွေကြေးကြွယ်ဝမှုနဲ့ပတ်သက်ပြီးတော့ တအ့ံ့တသြဖြစ်ခဲ့ရတယ်လို့ ရဲတွေကဆိုပါတယ်။

ဖတီမာဟာ လက်ဘနွန်ပြည်တွင်းစစ်ထဲမှာ ထိခိုက်ဒဏ်ရာများစွာ ရခဲ့တာကြောင့် သူမရဲ့လက်တွေ၊ ခြေထောက်တွေ သုံးလို့မရတော့ပါဘူး။ လက်ဘနွန်စစ်သားတစ်ယောက်က သူမကို ရေတိုက်နေတဲ့ဓာတ်ပုံဟာ အွန်လိုင်းမှာပြန့်နှံ့ပြီးနောက် သူမဟာဒေသတွင်း ဆယ်လီတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

သူမကိုရေတိုက်နေတဲ့ စစ်သားဟာလည်း လူသားဆန်တဲ့အပြုအမူကို ပြုမူတယ်ဆိုပြီး လူတွေက ချီးကျုးခဲ့ကြပါသေးတယ်။ ရဲတွေဟာ လက်ဘနွန်မြောက်ပိုင်းမှာနေထိုင်တဲ့ ဖတီမာရဲ့မိသားစုနဲ့ တွေ့ဆုံခဲ့ပါတယ်။ မိသားစုက ဖတီမာရဲ့အလောင်းမြေကျအောင်ဆောင်ရွက်ပေးခဲ့ပြီး ဖတီမာရဲ့ချမ်းသာကြွယ်ဝမှုကို သိရတဲ့အခါ အံ့အားသင့်လျက်ရှိနေခဲ့ကြောင်းလည်း သိရပါတယ်။
Credit