ျပကြက္ဆန္းေတြ ျပသဖို႔ၾကိဳးစားရင္း အသက္ ေသဆံုးသြားခဲ့ၾကတဲ့ မ်က္လွည့္ပညာရွင္မ်ား

Zawgyi

မ်က္လွည့္ပညာဟာ တစ္ခါတေလမွာ အလြန္အႏၱရာယ္မ်ားတဲ့ ပညာပါ။ မ်က္လွည့္ပညာရွင္တစ္ေယာက္ အျဖစ္အသက္ေမြး၀မ္းေၾကာင္းျပဳရတာဟာ ကမာၻမွွာအႏ ရာယ္အမ်ားဆံုး အလုပ္ေတြထဲက အလုပ္ကို လုပ္ကိုင္ေနတာပဲျဖစ္ပါတယ္။ အခုေခတ္မွာဆိုရင္ေတာ့ နည္းပညာေတြကလည္း အဆင့္ျမင့္လာတဲ့အတြက္ေၾကာင့္ မ်က္လွည့္ပညာရွင္ေတြရဲ႕ လံုျခံဳေရးပိုင္းဆိုင္ရာနဲ႔ပတ္သက္တဲ့စနစ္ေတြက ပိုလို႔ေတာင္ေကာင္းမြန္လာေနပါၿပီ။

လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ေလာက္တုန္းကေတာ့ မ်က္လွည့္ပညာရွင္ေတာ္ေတာ္မ်ားမ်ားဟာ ၾကည့္ရႈသူပရိသတ္ေတြကို အ့ံၾသဘနန္းျဖစ္ေအာင္ အစြမ္းေတြျပသဖို႔ၾကိဳးစားရင္း အသက္ဆံုးရံႈးခဲ့ၾကရပါတယ္။ ၾကည့္ရႈသူေတြရဲ႕ေနာက္ကြယ္မွာ မညာရွင္ေတြအေနနဲ႔ ပညာရပ္ပိုင္းဆိုင္ရာလ်ိဳ႕၀ွက္ခ်က္ေတြ ရွိၾကၿပီးတစ္စံုတစ္ရာ လြဲေခ်ာ္သြားတဲ့အခါမွာေတာ့ စိတ္မေကာင္းဖြယ္ရာ အသက္ပါေပးလိုက္ရတာ ျဖစ္ပါတယ္။ ေအာက္ဖက္မွာေတာ့ ထင္ရွားတဲ့မ်က္လွည့္ဆရာၾကီးေတြနဲ႔ သူတို႔ေတြေသဆံုးရတဲ့အေၾကာင္းရင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ဟယ္ရီဟူဒီနီ

ဟယ္ရီဟူဒီနီဟာ ကမာၻမွာအၾကီးက်ယ္ဆံုး မ်က္လွည့္ပညာရွင္တစ္ဦးျဖစ္ပါတယ္။ (၁၉၂၆)ခုႏွစ္ အသက္(၅၂)ႏွစ္အရြယ္မွာ ကြယ္လြန္ခဲ့ပါတယ္။ သူ မကြယ္လြန္ခင္တုန္းကေတာ့ သူ႔ရဲ႕ မယံုႏိုင္စရာေကာင္းတဲ့ အခက္အခဲအၾကပ္အတည္းေတြမွ လြတ္ေျမာက္ေအာင္စြမ္းေဆာင္ႏိုင္တဲ့ ျပကြက္ေတြနဲ႔ တစ္ကမာၻလံုးကလူေတြကို အံ့အားသင့္ေစခဲ့သူပါ။ လက္ထိပ္ေတြ၊ လက္ေတြမလႈပ္ရွားႏိုင္ေအာင္ အေသခ်ည္ေႏွာင္ထားတဲ့ ဂ်က္ကတ္ေတြ၊ သစ္သားေသတၱာေတြ၊ ေရေတြအျပည့္ထည့္ထားတဲ့ တစ္ကိုယ္စာအက်ဥ္းအခန္းေတြထဲကေန အ့ံၾသစရာေကာင္းေလာက္ေအာင္ လြတ္ေျမာက္ေအာင္လုပ္ျပႏိုင္သူပါ။

တစ္ေန႔မွာေတာ့ ေကာလိပ္ေက်ာင္းသား(၂)ဦးေရာက္လာၿပီး ပညာေလ့လာလိုတဲ့သေဘာနဲ႔ ဟူဒီနီရဲ႕၀မ္းဗိုက္ကို လက္သီးနဲ႔(၄)ခ်က္တိုင္တိုင္ ထိုးခဲ့ပါတယ္။ ညေနခင္းမွာပဲ ဟူဒီနီက မ်က္လွည့္ျပပြဲတစ္ခုကို ျပသခဲ့ပါတယ္။ ေအာက္တိုဘာ(၂၄)မွာေတာ့ ေနာက္ဆံုးျပပြဲကိုျပသၿပီးတဲ့အခါမွာ ဟူဒီနီဟာ အေတာ္ေလးပင္ပန္းေနခဲ့ၿပီး ျပကြက္ေအာင္ျမင္ေအာင္မနည္းၾကိဳးစားခဲ့ရပါတယ္။ ဇနီးျဖစ္သူက ေဆးရံုတက္ဖို႔ေျပာဆိုခဲ့ၿပီး ေဆးရံုတက္ခဲ့ရာမွာ (၁၉၂၆)ခုႏွစ္ ေအာက္တိုဘာ(၃၁)ရက္ ေဟာလိုး၀ိန္းညမွာပဲ အေၾကာင္းရင္းေသခ်ာမသိရပဲ ေသဆံုးသြားခဲ့ပါတယ္။ ပညာရွင္ေတြကေတာ့ ေကာလိပ္ေက်ာင္းသားေတြရဲ႕ ၀မ္းဗိုက္ကိုအထိုးခံရတဲ့ဒဏ္ေၾကာင့္လား၊ သို႔မဟုတ္ အစာအိမ္တြင္းေသြးေၾကာေတြေယာင္လို႔လား၊ ဒါမွမဟု တ္ႏွစ္ခုစလံုးေၾကာင့္လားဆိုတာ ဟူဒီနီေသဆံုးရတဲ့အေၾကာင္းနဲ႔ပတ္သတ္လို႔ ယေန႔ထိအျငင္းပြားေနဆဲပါပဲ။

ဘင္ဂ်မင္ရက္ကာ

ဘင္ဂ်မ္မင္ရက္ကာဟာ ကမာၻမွာပထမဆံုး အာဖရိကန္အေမရိကန္မ်က္လွည့္ပညာရွင္ေတြထဲက တစ္ဦးျဖစ္ပါတယ္။ ၿမီးေကာင္ေပါက္အရြယ္ကတည္းက မ်က္လွည့္ပညာကို လိုက္စားခဲ့ၿပီး ဟာမန္မင္းသားအမည္ရွိတဲ့ မ်က္လွည့္ဆရာတစ္ဦးရဲ႕လက္ေအာက္မွာ ပညာယူခဲ့ပါတယ္။ ရက္ကာ အသက္(၁၇)ႏွစ္အရြယ္မွာေတာ့ ဆရာျဖစ္သူဟာ ေသဆံုးသြားခဲ့ၿပီး မဟူရာဟာမန္အမည္နဲ႔ စတိတ္နာမည္ယူကာ မ်က္လွည့္ျပစားခဲ့ပါတယ္။ ရက္ကာရဲ႕ ထင္ရွားတဲ့မ်က္လွည့္နည္းကေတာ့ အရွင္လတ္လတ္ ေျမျမွဳပ္ခံတာျဖစ္ပါတယ္။ လူေတြက ရက္ကာပါတဲ့အေလာင္းကိုေျမျမွဳပ္ဖို႔ သယ္သြားတဲ့လမ္းမွာ ရက္ကာဟာ အေခါင္းထဲကေနရေအာင္ တိတ္တဆိတ္ထြက္ၿပီး တစ္ပတ္ေလာက္အၾကာမွ ေမွာ္ေအာင္ထားသလို အသက္ရွင္လ်က္ရွိေနေၾကာင္း လူူလံုးထြက္ျပခဲ့တာပါ။

ဒါေပမယ့္ ရက္ကာဟာ (၁၉၃၄)ခုႏွစ္ ဧၿပီလ(၁၇)ရက္ေန႔မွာေတာ့ ကန္တက္ကီျပည္နယ္ လူ၀ီစ္ဗီးလ္မွာ သူရဲ႕ေနာက္ဆံုးမ်က္လွည့္ျပကြက္ကို လုပ္ေဆာင္ေနရင္း ႏွလံုးေရွာ့ခ္ရၿပီး ေသဆံုးခဲ့ပါတယ္။  သူေသဆံုးတုန္းကေတာ့ ရက္ကာရဲ႕ပရိသတ္ေတြက စတန္႔ျပကြက္အသစ္တစ္ခု ျပဳလုပ္ေနတယ္လို႔ ယူဆခဲ့ၾကပါေသးတယ္။

ဘာလာဘရီဂါ

ဘာလာဘရီဂါအမည္နဲ႔ ထင္ရွားခဲ့တဲ့ ဆီြဒင္ဖြားမ်က္လွည့္ပညာရွင္ရဲ႕ အမည္ရင္းဟာ ဂြ်န္မစ္လာျဖစ္ပါတယ္။ (၁၈၆၈)ခုႏွစ္မွာေတာ့ အေမရိကန္ႏိုင္ငံကို ေျပာင္းေရႊ႕လာခဲ့ၿပီး ငယ္စဥ္ကတည္းက မ်က္လွည့္ပညာရွင္တစ္ဦးအျဖစ္နဲ႔ အသက္ေမြးခဲ့ပါတယ္။ အရြယ္ေရာက္လာတဲ့အခါမွာေတာ့ ဘာလာဘရီဂါအမည္ကိုယူၿပီး ထူးျခားတဲ့မ်က္လွည့္ျပကြက္ဆန္းေတြနဲ႔ ေက်ာ္ၾကားခဲ့ပါတယ္။ တစ္ေန႔မွာေတာ့ အကူ(၆)ေယာက္နဲ႔အတူ ပိုးဖလံေကာင္ေတြလို၀တ္ဆင္ၿပီး မီးေလာင္ခံရတဲ့ျပကြက္ကိုျပသဖို႔ ဘာလာဘရီဂါက စိတ္ကူးခဲ့ပါတယ္။

(၁၉၀၀)ခုႏွစ္မွာ ဘာလာဘရီဂါနဲ႔အဖြဲ႔သားေတြဟာ ဘရာဇီးၿမိဳ႕ကိုသြားေရာက္ၿပီး အဆိုပါျပကြက္ကို ျပသခဲ့ၾကပါတယ္။ ျပဇာတ္ရံုမွာ သင့္ေတာ္တဲ့တစ္ကိုယ္ေရ လံုျခံဳေရးနဲ႔ပတ္သက္တဲ့ စည္းကမ္းေတြ ေသခ်ာခ်မွတ္ထားတာမရွိတဲ့အျပင္ အေရးေပၚပစၥည္းကိရိယာေတြလည္း အစံုအလင္မရွိပါဘူး။ ဒါ့ေၾကာင့္ ဘာလာဘရီဂါနဲ႔သူ႔ရဲ႕အဖြဲ႔သားတစ္ေယာက္ဟာ ပိုးဖလံမီးေလာင္ခံရတဲ့ျပကြက္အတြက္ မီးေလာင္ကြ်မ္းမႈအားေလာင္းတဲ့ အက္ဆီတလင္းဓာတုပစၥည္းကို အသံုးျပဳၾကရာမွ မီးေလာင္ၿပီး ပြဲခ်င္းၿပီးပဲေသဆံုးခဲ့ၾကတာ ျဖစ္ပါတယ္။

Unicode

မျက်လှည့်ပညာဟာ တစ်ခါတလေမှာ အလွန်အန္တရာယ်များတဲ့ ပညာပါ။ မျက်လှည့်ပညာရှင်တစ်ယောက် အဖြစ်အသက်မွေးဝမ်းကြောင်းပြုရတာဟာ ကမ္ဘာမှှာအန ရာယ်အများဆုံး အလုပ်တွေထဲက အလုပ်ကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အခုခေတ်မှာဆိုရင်တော့ နည်းပညာတွေကလည်း အဆင့်မြင့်လာတဲ့အတွက်ကြောင့် မျက်လှည့်ပညာရှင်တွေရဲ့ လုံခြုံရေးပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့စနစ်တွေက ပိုလို့တောင်ကောင်းမွန်လာနေပါပြီ။

လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်းကတော့ မျက်လှည့်ပညာရှင်တော်တော်များများဟာ ကြည့်ရှုသူပရိသတ်တွေကို အံ့သြဘနန်းဖြစ်အောင် အစွမ်းတွေပြသဖို့ကြိုးစားရင်း အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ ကြည့်ရှုသူတွေရဲ့နောက်ကွယ်မှာ မညာရှင်တွေအနေနဲ့ ပညာရပ်ပိုင်းဆိုင်ရာလျို့ဝှက်ချက်တွေ ရှိကြပြီးတစ်စုံတစ်ရာ လွဲချော်သွားတဲ့အခါမှာတော့ စိတ်မကောင်းဖွယ်ရာ အသက်ပါပေးလိုက်ရတာ ဖြစ်ပါတယ်။ အောက်ဖက်မှာတော့ ထင်ရှားတဲ့မျက်လှည့်ဆရာကြီးတွေနဲ့ သူတို့တွေသေဆုံးရတဲ့အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဟယ်ရီဟူဒီနီ

ဟယ်ရီဟူဒီနီဟာ ကမ္ဘာမှာအကြီးကျယ်ဆုံး မျက်လှည့်ပညာရှင်တစ်ဦးဖြစ်ပါတယ်။ (၁၉၂၆)ခုနှစ် အသက်(၅၂)နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ မကွယ်လွန်ခင်တုန်းကတော့ သူ့ရဲ့ မယုံနိုင်စရာကောင်းတဲ့ အခက်အခဲအကြပ်အတည်းတွေမှ လွတ်မြောက်အောင်စွမ်းဆောင်နိုင်တဲ့ ပြကွက်တွေနဲ့ တစ်ကမ္ဘာလုံးကလူတွေကို အံ့အားသင့်စေခဲ့သူပါ။ လက်ထိပ်တွေ၊ လက်တွေမလှုပ်ရှားနိုင်အောင် အသေချည်နှောင်ထားတဲ့ ဂျက်ကတ်တွေ၊ သစ်သားသေတ္တာတွေ၊ ရေတွေအပြည့်ထည့်ထားတဲ့ တစ်ကိုယ်စာအကျဉ်းအခန်းတွေထဲကနေ အံ့သြစရာကောင်းလောက်အောင် လွတ်မြောက်အောင်လုပ်ပြနိုင်သူပါ။

တစ်နေ့မှာတော့ ကောလိပ်ကျောင်းသား(၂)ဦးရောက်လာပြီး ပညာလေ့လာလိုတဲ့သဘောနဲ့ ဟူဒီနီရဲ့ဝမ်းဗိုက်ကို လက်သီးနဲ့(၄)ချက်တိုင်တိုင် ထိုးခဲ့ပါတယ်။ ညနေခင်းမှာပဲ ဟူဒီနီက မျက်လှည့်ပြပွဲတစ်ခုကို ပြသခဲ့ပါတယ်။ အောက်တိုဘာ(၂၄)မှာတော့ နောက်ဆုံးပြပွဲကိုပြသပြီးတဲ့အခါမှာ ဟူဒီနီဟာ အတော်လေးပင်ပန်းနေခဲ့ပြီး ပြကွက်အောင်မြင်အောင်မနည်းကြိုးစားခဲ့ရပါတယ်။ ဇနီးဖြစ်သူက ဆေးရုံတက်ဖို့ပြောဆိုခဲ့ပြီး ဆေးရုံတက်ခဲ့ရာမှာ (၁၉၂၆)ခုနှစ် အောက်တိုဘာ(၃၁)ရက် ဟောလိုးဝိန်းညမှာပဲ အကြောင်းရင်းသေချာမသိရပဲ သေဆုံးသွားခဲ့ပါတယ်။ ပညာရှင်တွေကတော့ ကောလိပ်ကျောင်းသားတွေရဲ့ ဝမ်းဗိုက်ကိုအထိုးခံရတဲ့ဒဏ်ကြောင့်လား၊ သို့မဟုတ် အစာအိမ်တွင်းသွေးကြောတွေယောင်လို့လား၊ ဒါမှမဟု တ်နှစ်ခုစလုံးကြောင့်လားဆိုတာ ဟူဒီနီသေဆုံးရတဲ့အကြောင်းနဲ့ပတ်သတ်လို့ ယနေ့ထိအငြင်းပွားနေဆဲပါပဲ။

ဘင်ဂျမင်ရက်ကာ

ဘင်ဂျမ်မင်ရက်ကာဟာ ကမ္ဘာမှာပထမဆုံး အာဖရိကန်အမေရိကန်မျက်လှည့်ပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ မြီးကောင်ပေါက်အရွယ်ကတည်းက မျက်လှည့်ပညာကို လိုက်စားခဲ့ပြီး ဟာမန်မင်းသားအမည်ရှိတဲ့ မျက်လှည့်ဆရာတစ်ဦးရဲ့လက်အောက်မှာ ပညာယူခဲ့ပါတယ်။ ရက်ကာ အသက်(၁၇)နှစ်အရွယ်မှာတော့ ဆရာဖြစ်သူဟာ သေဆုံးသွားခဲ့ပြီး မဟူရာဟာမန်အမည်နဲ့ စတိတ်နာမည်ယူကာ မျက်လှည့်ပြစားခဲ့ပါတယ်။ ရက်ကာရဲ့ ထင်ရှားတဲ့မျက်လှည့်နည်းကတော့ အရှင်လတ်လတ် မြေမြှုပ်ခံတာဖြစ်ပါတယ်။ လူတွေက ရက်ကာပါတဲ့အလောင်းကိုမြေမြှုပ်ဖို့ သယ်သွားတဲ့လမ်းမှာ ရက်ကာဟာ အခေါင်းထဲကနေရအောင် တိတ်တဆိတ်ထွက်ပြီး တစ်ပတ်လောက်အကြာမှ မှော်အောင်ထားသလို အသက်ရှင်လျက်ရှိနေကြောင်း လူူလုံးထွက်ပြခဲ့တာပါ။

ဒါပေမယ့် ရက်ကာဟာ (၁၉၃၄)ခုနှစ် ဧပြီလ(၁၇)ရက်နေ့မှာတော့ ကန်တက်ကီပြည်နယ် လူဝီစ်ဗီးလ်မှာ သူရဲ့နောက်ဆုံးမျက်လှည့်ပြကွက်ကို လုပ်ဆောင်နေရင်း နှလုံးရှော့ခ်ရပြီး သေဆုံးခဲ့ပါတယ်။ သူသေဆုံးတုန်းကတော့ ရက်ကာရဲ့ပရိသတ်တွေက စတန့်ပြကွက်အသစ်တစ်ခု ပြုလုပ်နေတယ်လို့ ယူဆခဲ့ကြပါသေးတယ်။

ဘာလာဘရီဂါ

ဘာလာဘရီဂါအမည်နဲ့ ထင်ရှားခဲ့တဲ့ ဆွီဒင်ဖွားမျက်လှည့်ပညာရှင်ရဲ့ အမည်ရင်းဟာ ဂျွန်မစ်လာဖြစ်ပါတယ်။ (၁၈၆၈)ခုနှစ်မှာတော့ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့လာခဲ့ပြီး ငယ်စဉ်ကတည်းက မျက်လှည့်ပညာရှင်တစ်ဦးအဖြစ်နဲ့ အသက်မွေးခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ ဘာလာဘရီဂါအမည်ကိုယူပြီး ထူးခြားတဲ့မျက်လှည့်ပြကွက်ဆန်းတွေနဲ့ ကျော်ကြားခဲ့ပါတယ်။ တစ်နေ့မှာတော့ အကူ(၆)ယောက်နဲ့အတူ ပိုးဖလံကောင်တွေလိုဝတ်ဆင်ပြီး မီးလောင်ခံရတဲ့ပြကွက်ကိုပြသဖို့ ဘာလာဘရီဂါက စိတ်ကူးခဲ့ပါတယ်။

(၁၉၀၀)ခုနှစ်မှာ ဘာလာဘရီဂါနဲ့အဖွဲ့သားတွေဟာ ဘရာဇီးမြို့ကိုသွားရောက်ပြီး အဆိုပါပြကွက်ကို ပြသခဲ့ကြပါတယ်။ ပြဇာတ်ရုံမှာ သင့်တော်တဲ့တစ်ကိုယ်ရေ လုံခြုံရေးနဲ့ပတ်သက်တဲ့ စည်းကမ်းတွေ သေချာချမှတ်ထားတာမရှိတဲ့အပြင် အရေးပေါ်ပစ္စည်းကိရိယာတွေလည်း အစုံအလင်မရှိပါဘူး။ ဒါ့ကြောင့် ဘာလာဘရီဂါနဲ့သူ့ရဲ့အဖွဲ့သားတစ်ယောက်ဟာ ပိုးဖလံမီးလောင်ခံရတဲ့ပြကွက်အတွက် မီးလောင်ကျွမ်းမှုအားလောင်းတဲ့ အက်ဆီတလင်းဓာတုပစ္စည်းကို အသုံးပြုကြရာမှ မီးလောင်ပြီး ပွဲချင်းပြီးပဲသေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။