အဝလြန္ပီး တကၠဆီ စီးခြင့္မရိွေတာ့လို႔ ေဒါသထြက္ေနရတဲ့ စံုတြဲ

Zawgyi

ဒီစံုတြဲကေတာ့ မားကပ္စ္နဲ႔ ေတလာတုိ႔ျဖစ္ပါတယ္။ သူတို႔က အဂၤလန္ႏုိင္ငံ ဘာမင္ဂမ္ၿမိဳ႕မွာ ေနထိုင္ၾကၿပီး ႏွစ္ေယာက္ေပါင္း ေပါင္ခ်ိန္(၇၇၀)ရိွကာ အဝလြန္ေရာဂါခံစားေနၾကရသူေတြပါ။ သူတုိ႔စံုတြဲဟာ အမ်ိဳးသားျဖစ္သူ မားကပ္စ္ရဲ႕ အေမဆီ သြားဖို႔အပါအဝင္ တစ္ေန႔ကို တကၠဆီ (၄)ခါေလာက္ စီးေလ့ရိွပါတယ္။

သူတုိ႔ေခၚစီးေနက်ျဖစ္တဲ့ Centrex ကားကုမၸဏီက ေနာက္ဆံုးတစ္ခါက သူတုိ႔ကားေခၚခဲ့ရာမွာေတာ့ ဝန္ေဆာင္မႈမေပးႏုိင္ေတာ့ေၾကာင္း ျငင္းဆိုခဲ့ပါတယ္။ မားကပ္စ္တုိ႔စံုတြဲကို ဝန္ေဆာင္မႈေပးဖို႔ ျငင္းဆိုလိုက္တဲ့ ကားကုမၸဏီရဲ႕ အေၾကာင္းအရင္းကေတာ့ သူတို႔စီးခဲ့တဲ့ တကၠဆီႏွစ္စီးဟာ ဆက္စပန္ရွင္က်ိဳးသြားတဲ့အထိ ျဖစ္သြားခဲ့လို႔ပဲျဖစ္ပါတယ္။

စံုတြဲဟာ (၅)ႏွစ္တာလံုး ၎ကုမၸဏီက ကားေတြကိုသာ ငွားစီးခဲ့ၾကတဲ့ ေဖာက္သည္ေတြျဖစ္ၿပီး သူတို႔ႏွစ္ေယာက္စီးဖို႔ (၅)ေယာက္စီးကားေတာင္ ငွားတာျဖစ္ပါတယ္။ အခုလိုကုမၸဏီဘက္က ဝန္ေဆာင္မႈေပးဖို႔ ျငင္းဆိုမႈကေတာ့ ေဖာက္သည္အေပၚ ႐ိုင္းျပတာျဖစ္ေၾကာင္းဆိုကာ ေဒါသထြက္လ်က္ရိွၾကပါတယ္။ မားကပ္စ္ကေတာ့ “ကၽြန္ေတာ္တို႔က အဝလြန္ေရာဂါသည္ေတြပါ။ ဒီလိုလုပ္တာဟာ လူေတြကို ခြဲျခားဆက္ဆံတာပါပဲ” လို႔ ေျပာခဲ့ပါတယ္။

ကုမၸဏီဘက္ကေတာ့ မားကပ္စ္တုိ႔ စံုတြဲကို တကၠဆီစီးခြင့္ တမင္ပိတ္ခဲ့တာမဟုတ္ဘဲ စံုတြဲက ပိုဝိတ္တက္လာတာေၾကာင့္ သူတုိ႔နဲ႔ဆန္႔တဲ့ကား တကယ္ကို မရိွေတာ့လို႔ျဖစ္ေၾကာင္း ျပန္ေျဖရွင္းခဲ့ပါတယ္။ စံုတြဲရဲ႕ အေလးခ်ိန္ေၾကာင့္ ကားဆက္စပန္ရွင္ က်ိဳးသြားခဲ့တယ္ဆိုတာလည္း ဒ႐ိုင္ဘာတစ္ေယာက္က ျပန္ေျပာခဲ့တဲ့ အျဖစ္မွန္ျဖစ္ေၾကာင္းဆိုပါတယ္။
Credit

Unicode

ဒီစုံတွဲကတော့ မားကပ်စ်နဲ့ တေလာတို့ဖြစ်ပါတယ်။ သူတို့က အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့မှာ နေထိုင်ကြပြီး နှစ်ယောက်ပေါင်း ပေါင်ချိန်(၇၇၀)ရှိကာ အဝလွန်ရောဂါခံစားနေကြရသူတွေပါ။ သူတို့စုံတွဲဟာ အမျိုးသားဖြစ်သူ မားကပ်စ်ရဲ့ အမေဆီ သွားဖို့အပါအဝင် တစ်နေ့ကို တက္ကဆီ (၄)ခါလောက် စီးလေ့ရှိပါတယ်။

သူတို့ခေါ်စီးနေကျဖြစ်တဲ့ Centrex ကားကုမ္ပဏီက နောက်ဆုံးတစ်ခါက သူတို့ကားခေါ်ခဲ့ရာမှာတော့ ဝန်ဆောင်မှုမပေးနိုင်တော့ကြောင်း ငြင်းဆိုခဲ့ပါတယ်။ မားကပ်စ်တို့စုံတွဲကို ဝန်ဆောင်မှုပေးဖို့ ငြင်းဆိုလိုက်တဲ့ ကားကုမ္ပဏီရဲ့ အကြောင်းအရင်းကတော့ သူတို့စီးခဲ့တဲ့ တက္ကဆီနှစ်စီးဟာ ဆက်စပန်ရှင်ကျိုးသွားတဲ့အထိ ဖြစ်သွားခဲ့လို့ပဲဖြစ်ပါတယ်။

စုံတွဲဟာ (၅)နှစ်တာလုံး ၎င်းကုမ္ပဏီက ကားတွေကိုသာ ငှားစီးခဲ့ကြတဲ့ ဖောက်သည်တွေဖြစ်ပြီး သူတို့နှစ်ယောက်စီးဖို့ (၅)ယောက်စီးကားတောင် ငှားတာဖြစ်ပါတယ်။ အခုလိုကုမ္ပဏီဘက်က ဝန်ဆောင်မှုပေးဖို့ ငြင်းဆိုမှုကတော့ ဖောက်သည်အပေါ် ရိုင်းပြတာဖြစ်ကြောင်းဆိုကာ ဒေါသထွက်လျက်ရှိကြပါတယ်။ မားကပ်စ်ကတော့ “ကျွန်တော်တို့က အဝလွန်ရောဂါသည်တွေပါ။ ဒီလိုလုပ်တာဟာ လူတွေကို ခွဲခြားဆက်ဆံတာပါပဲ” လို့ ပြောခဲ့ပါတယ်။

ကုမ္ပဏီဘက်ကတော့ မားကပ်စ်တို့ စုံတွဲကို တက္ကဆီစီးခွင့် တမင်ပိတ်ခဲ့တာမဟုတ်ဘဲ စုံတွဲက ပိုဝိတ်တက်လာတာကြောင့် သူတို့နဲ့ဆန့်တဲ့ကား တကယ်ကို မရှိတော့လို့ဖြစ်ကြောင်း ပြန်ဖြေရှင်းခဲ့ပါတယ်။ စုံတွဲရဲ့ အလေးချိန်ကြောင့် ကားဆက်စပန်ရှင် ကျိုးသွားခဲ့တယ်ဆိုတာလည်း ဒရိုင်ဘာတစ်ယောက်က ပြန်ပြောခဲ့တဲ့ အဖြစ်မှန်ဖြစ်ကြောင်းဆိုပါတယ်။
Credit