စည္းလံုးမႈ႐ွိတဲ့ ရပ္ကြက္ကို ဝင္ခိုးမိတဲ့ သူခိုးရဲ႕ အျဖစ္

Zawgyi

၀က္စ္မစ္ဒ္လန္းစ္၊ ေ၀ါဆာလ္ၿမိဳ႕ကနယ္ခံဒါဇင္ေပါင္းမ်ားစြာတို႔ဟာ ေဖာက္ထြင္းသူခိုးတစ္ဦးကိုလမ္းထြက္ေပါက္ေတြအကုန္ပိတ္ထားၿပီး လက္ရဖမ္းဆီးကာ ရဲလက္အပ္ခဲ့ၾကပါတယ္။ မ်က္ျမင္သက္ေသတစ္ဦးရဲ႕အဆိုအရ ေဒသခံေပါင္းအေယာက္(၅၀) ေလာက္ဟာအိမ္ထဲကေနအလွ်ိဳလွ်ိဳထြက္လာၾကၿပီး ျခံတစ္ျခံရဲ႕ေနာက္ေဖးမွာရွိေနတဲ့သူခိုးကို၀ိုင္း၀န္းဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

ရပ္ကြက္သူရပ္ကြက္သားေတြဟာ လမ္းကို၀န္းရံထားၿပီး မလြယ္ေပါက္လို႔ယူဆရတဲ့လမ္းေၾကာင္းတိုင္းကို ကားေတြနဲ႔ပိတ္ရပ္ထားခဲ့ပါတယ္။ သူခိုးကလည္း ျခံစည္းရိုးကိုခုန္ေက်ာ္ၿပီးလြတ္ေအာင္ေျပးဖို႔ၾကိဳးစားခဲ့ေပမယ့္ မ်က္စိလ်င္တဲ့ရပ္ကြက္သားေတြဆီကမလြတ္ခဲ့ပါဘူး။ ဒါကိုျမင္လိုက္တဲ့မ်က္ျမင္သက္ေသတစ္ဦးကေတာ့အခုလိုေျပာျပခဲ့ပါတယ္။

“ကၽြန္ေတာ္ ျပတင္းေပါက္ကေန လူတစ္ေယာက္ကျခံစည္းရိုးကိုခုန္ေက်ာ္ေနတာကိုိေတြ႔လိုက္ရတယ္။ အဲဒါနဲ႔ ရပ္ကြက္ထဲဘာမ်ားျဖစ္ေနသလဲလို႔ အျပင္ထြက္ၿပီးၾကည့္ရတာပဲ”

“ရပ္ကြက္ထဲကလူေတြက ကားေတြနဲ႔ သူခိုးေျပးေပါက္မရွိေအာင္ကိုပိတ္ထားတာ။ အဲဒါ..ရပ္ကြက္ထဲမွာေနတဲ့တစ္ေယာက္က ဥယ်ာဥ္ထဲမွာပုန္းေနတဲ့သူခိုးကိုျမင္ၿပီးတစ္ခါတည္း ဆြဲဖမ္းလာခဲ့တာပဲ”

“ကၽြန္ေတာ္ကေတာ့ ရပ္ကြက္ကလူေတြအခုလိုစည္းလံုးတာကိုျမင္ရတာအ့ံၾသမိတယ္။ အခုေခတ္ထဲမွာ ဒီလိုစည္းလံုးမႈမ်ိဳးေတြ႔ႏို္င္ဖို႔ဆိုတာအင္မတန္ခက္သြားၿပီေလ”

ရဲအဖြဲ႕ကေတာ့နယ္ခံေတြရဲ႕တက္ၾကြတဲ့သူခိုးဖမ္းလႈပ္ရွားမႈအေပၚမွာခ်ီးမြမ္းစကားဆိုလိုက္ပါတယ္။ လက္ရဖမ္းဆီးမိခဲ့တဲ့သူခိုးကိုေတာ့ ျပစ္မႈအတြက္ရံုးတင္စစ္ေဆးမယ္လို႔သိရပါတယ္။


Credit

Unicode

၀က်စ်မစ်ဒ်လန်းစ်၊ ဝေါဆာလ်မြို့ကနယ်ခံဒါဇင်ပေါင်းများစွာတို့ဟာ ဖောက်ထွင်းသူခိုးတစ်ဦးကိုလမ်းထွက်ပေါက်တွေအကုန်ပိတ်ထားပြီး လက်ရဖမ်းဆီးကာ ရဲလက်အပ်ခဲ့ကြပါတယ်။ မျက်မြင်သက်သေတစ်ဦးရဲ့အဆိုအရ ဒေသခံပေါင်းအယောက်(၅၀) လောက်ဟာအိမ်ထဲကနေအလျှိုလျှိုထွက်လာကြပြီး ခြံတစ်ခြံရဲ့နောက်ဖေးမှာရှိနေတဲ့သူခိုးကိုဝိုင်းဝန်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ရပ်ကွက်သူရပ်ကွက်သားတွေဟာ လမ်းကိုဝန်းရံထားပြီး မလွယ်ပေါက်လို့ယူဆရတဲ့လမ်းကြောင်းတိုင်းကို ကားတွေနဲ့ပိတ်ရပ်ထားခဲ့ပါတယ်။ သူခိုးကလည်း ခြံစည်းရိုးကိုခုန်ကျော်ပြီးလွတ်အောင်ပြေးဖို့ကြိုးစားခဲ့ပေမယ့် မျက်စိလျင်တဲ့ရပ်ကွက်သားတွေဆီကမလွတ်ခဲ့ပါဘူး။ ဒါကိုမြင်လိုက်တဲ့မျက်မြင်သက်သေတစ်ဦးကတော့အခုလိုပြောပြခဲ့ပါတယ်။

“ကျွန်တော် ပြတင်းပေါက်ကနေ လူတစ်ယောက်ကခြံစည်းရိုးကိုခုန်ကျော်နေတာကိုတွေ့လိုက်ရတယ်။ အဲဒါနဲ့ ရပ်ကွက်ထဲဘာများဖြစ်နေသလဲလို့ အပြင်ထွက်ပြီးကြည့်ရတာပဲ”

“ရပ်ကွက်ထဲကလူတွေက ကားတွေနဲ့ သူခိုးပြေးပေါက်မရှိအောင်ကိုပိတ်ထားတာ။ အဲဒါ..ရပ်ကွက်ထဲမှာနေတဲ့တစ်ယောက်က ဥယျာဉ်ထဲမှာပုန်းနေတဲ့သူခိုးကိုမြင်ပြီးတစ်ခါတည်း ဆွဲဖမ်းလာခဲ့တာပဲ”

“ကျွန်တော်ကတော့ ရပ်ကွက်ကလူတွေအခုလိုစည်းလုံးတာကိုမြင်ရတာအံ့သြမိတယ်။ အခုခေတ်ထဲမှာ ဒီလိုစည်းလုံးမှုမျိုးတွေ့နိုင်ဖို့ဆိုတာအင်မတန်ခက်သွားပြီလေ”

ရဲအဖွဲ့ကတော့နယ်ခံတွေရဲ့တက်ကြွတဲ့သူခိုးဖမ်းလှုပ်ရှားမှုအပေါ်မှာချီးမွမ်းစကားဆိုလိုက်ပါတယ်။ လက်ရဖမ်းဆီးမိခဲ့တဲ့သူခိုးကိုတော့ ပြစ်မှုအတွက်ရုံးတင်စစ်ဆေးမယ်လို့သိရပါတယ်။
Credit