လယ္ယာသံုးစက္မ်ားဝယ္ယူရန္ ေတာင္သူတစ္ဦးလွ်င္ က်ပ္သိန္းငါးရာ၊ အစုအဖြဲ႕တစ္ခုလွ်င္ က်ပ္သိန္းငါးေထာင္ စိုက္ပ်ိဳးေရးဘဏ္က ေခ်းယူႏုိင္ဟုဆို

ေတာင္သူမ်ား လယ္ ယာသံုးစက္ကိရိယာဝယ္ယူရန္ ေခ်းေငြကို သက္ဆိုင္ရာၿမိဳ႕နယ္ မ်ားရွိ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရး ဘဏ္မ်ားတြင္ ေတာင္သူတစ္ဦး ခ်င္း(သို႔မဟုတ္)အစုအဖြဲ႕ျဖင့္ ေလွ်ာက္ထားႏိုင္ေၾကာင္း မေကြး တိုင္းအစိုးရအဖြဲ႕စီမံကိန္းဝန္ႀကီး ဦးေဇာ္မင္းက ေျပာသည္။ေခ်းေငြကို ေတာင္သူတစ္ ဦးခ်င္းစီအတြက္ က်ပ္သိန္းငါးရာ အထိ အမ်ားဆံုးေခ်းယူႏုိင္ၿပီး အစုအဖြဲ႕ျဖင့္ ဆိုလွ်င္ က်ပ္သိန္း ငါးေထာင္အထိ ထုတ္ေခ်းႏိုင္ ေၾကာင္း ၎က ေျပာသည္။

‘‘ျပည္ေထာင္စုက ၫႊန္ၾကား စာထြက္လာၿပီ။ ေခ်းေငြအစီအ စဥ္က အခုစေနၿပီ။ ကိုယ့္ၿမိဳ႕နယ္ ထဲက စိုက္ဘဏ္ (ျမန္မာ့လယ္ ယာဖြံ႕ၿဖိဳးေရးဘဏ္)ေတြမွာ အ ေသးစိတ္သြားစံုစမ္းၿပီး ေခ်းေငြ ေလွ်ာက္ႏိုင္တယ္။ ေတာင္သူေတြ လုပ္သားရွားပါးလုိ႔ ထြက္ႏႈန္း ေလ်ာ့တာ၊ ရာသီဥတုေဖာက္ျပန္ တဲ့အခါ စက္ကိရိယာအားနည္း ေတာ့ စိုက္ခင္းေတြကို မကာကြယ္ ႏုိင္တာေတြ ျဖစ္တာ စတာေတြကိုေအာင္ျမင္စြာ ေက်ာ္လႊားႏိုင္ဖို႔အ တြက္ အဓိကရည္ရြယ္တာေပါ့။ ေတာင္သူေတြ အဆင္ေျပေစခ်င္ တာ’’ဟု ဦးေဇာ္မင္းက ဆိုသည္။ေတာင္သူမ်ားသည္ ေခ်းေငြ ကို လယ္ယာသံုးစက္ယႏၲရားမ်ား ဝယ္ယူရန္သာမက လယ္ယာထြက္ကုန္မ်ား သယ္ယူပို႔ေဆာင္ ရန္ ေမာ္ေတာ္ယာဥ္မ်ား၊ လယ္ ယာထြက္ကုန္မ်ား သိုေလွာင္ႏုိင္ ရန္ သိုေလွာင္႐ံုတည္ေဆာက္ျခင္း လုပ္ငန္းမ်ားႏွင့္ သီးႏွံႀကိတ္ခြဲ သည့္ ဆီစက္၊ ဝါစက္ စသည့္ စက္ကိရိယာမ်ားဝယ္ယူရန္ ယင္းေခ်းေငြ ရယူႏိုင္ေၾကာင္းဝန္ႀကီးက ဆိုသည္။ယင္းစီမံကိန္းကို ဂ်ပန္ႏုိင္ငံ ေခ်းေငြျဖင့္ ေဆာင္ရြက္ေနၿပီး ေတာင္သူလယ္သမား၏ လယ္ ယာလုပ္ငန္းခြင္္မ်ား ဖြံ႕ၿဖိဳးတိုး တက္လာကာ ထုတ္ကုန္မ်ား ပိုမို တိုးျမႇင့္ထုတ္လုပ္ႏိုင္ေရး ရည္ရြယ္ ခ်က္ျဖင့္ ေဆာင္ရြက္ျခင္း ျဖစ္ ေၾကာင္း ၎က ေျပာသည္။ ေခ်း ေငြေလွ်ာက္ထားမည့္ေတာင္သူ မ်ားသည္ လယ္ယာပိုင္ဆိုင္မႈ အ ေထာက္အထားမ်ား၊ အာမခံမည့္ ပုဂၢိဳလ္ႏွစ္ဦးအျပင္ ေခ်းေငြရယူ မည့္ ေငြပမာဏ၏ရာခိုင္ႏႈန္းတစ္ ရပ္ကို အာမခံေငြအျဖစ္ ဘဏ္ တြင္ အပ္ႏွံထားသည္ကို ျပသႏိုင္ မွသာ ေခ်းေငြရရွိမည္ျဖစ္ေၾကာင္း ဦးေဇာ္မင္းက ဆိုသည္တစ္ႏွစ္လွ်င္ ၈ ရာခိုင္ႏႈန္း အတိုးႏႈန္းေပးရန္ သတ္မွတ္ထား ၿပီး ယင္းေခ်းေငြကို သံုးႏွစ္(သို႔မ ဟုတ္)ငါးႏွစ္အထိ ကာလၾကာ ရွည္ သံုးစြဲႏုိင္မည္ျဖစ္ေၾကာင္း ဝန္ႀကီးက ဆိုသည္။ ထုိ႔ျပင္ ေတာင္ သူမ်ား လယ္ယာက႑ဖြံ႕ၿဖိဳးတိုး တက္ေစရန္ စက္ကိရိယာမ်ား ဝယ္ယူႏိုင္ေရး ရည္ရြယ္၍ ေခ်းေငြ ကို ေတာင္သူမ်ားအား ေငြသား ထုတ္ေပးမည္မဟုတ္ဘဲ ပုဂၢလိက စက္ယႏၲရားကုမၸဏီမ်ားထံမွ လိုအပ္သည့္ စက္ယႏၲရားမ်ားရယူ ကာ ဘဏ္က ေငြေပးေခ်သည့္ စနစ္ျဖင့္ ထုတ္ေခ်းမည္ျဖစ္ေၾကာင္း ဝန္ႀကီးက ဆိုသည္။

ယခုကဲ့သို႔ အတိုးႏႈန္းသက္ သာစြာျဖင့္ ေခ်းေငြထုတ္ေခ်းျခင္း သည္ ေတာင္သူမ်ား အဆင္ေျပ ေသာ္လည္း ေခ်းေငြရယူရာတြင္ လိုအပ္သည့္ အေထာက္အထား မ်ားျပားေနျခင္းႏွင့္ အာမခံေငြျပရ ျခင္း စသည့္ စည္းကမ္းခ်က္မ်ား က တစ္ဦးခ်င္း ေခ်းေငြရယူမည့္ ေတာင္သူမ်ားအဖို႔ အခက္အခဲရွိ ေၾကာင္း ေအာင္လံၿမိဳ႕နယ္ သနပ္ ေက်းရြာေန ေတာင္သူ ဦးေဇာ္မင္း က ေျပာသည္။‘‘စက္ဝယ္ႏုိင္ရင္ လုပ္သား ရွားပါးမႈ အခက္အခဲေျပလည္ မယ္။ ဒါေပမဲ့ အခု အစိုးရေပးတဲ့ ေခ်းေငြက သိရသေလာက္လုပ္ရ မယ့္အဆင့္ေတြ အရမ္းမ်ားတယ္။အရင္က သမေခ်းေငြလိုပဲ ပိုက္ဆံရွိတဲ့၊ အာဏာရွိတဲ့သူေတြပဲ ေခ်း ေငြရၿပီး ဆင္းရဲတဲ့ေတာင္သူက ဒံုရင္းပဲျဖစ္မယ့္ေခ်းေငြမ်ိဳးျဖစ္မွာ စိုးတယ္’’ဟု ေရႊေညာင္ပင္ေက်း ရြာေန ေတာင္သူ ဦးဝင္းဦးက ဆိုသည္။
Credit to 7Day News Journal

Unicode ျဖင့္ဖတ္ရန္
တောင်သူများ လယ် ယာသုံးစက်ကိရိယာဝယ်ယူရန် ချေးငွေကို သက်ဆိုင်ရာမြို့နယ် များရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်များတွင် တောင်သူတစ်ဦး ချင်း(သို့မဟုတ်)အစုအဖွဲ့ဖြင့် လျှောက်ထားနိုင်ကြောင်း မကွေး တိုင်းအစိုးရအဖွဲ့စီမံကိန်းဝန်ကြီး ဦးဇော်မင်းက ပြောသည်။ချေးငွေကို တောင်သူတစ် ဦးချင်းစီအတွက် ကျပ်သိန်းငါးရာ အထိ အများဆုံးချေးယူနိုင်ပြီး အစုအဖွဲ့ဖြင့် ဆိုလျှင် ကျပ်သိန်း ငါးထောင်အထိ ထုတ်ချေးနိုင် ကြောင်း ၎င်းက ပြောသည်။
‘‘ပြည်ထောင်စုက ညွှန်ကြား စာထွက်လာပြီ။ ချေးငွေအစီအ စဉ်က အခုစနေပြီ။ ကိုယ့်မြို့နယ် ထဲက စိုက်ဘဏ် (မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်)တွေမှာ အ သေးစိတ်သွားစုံစမ်းပြီး ချေးငွေ လျှောက်နိုင်တယ်။ တောင်သူတွေ လုပ်သားရှားပါးလို့ ထွက်နှုန်း လျော့တာ၊ ရာသီဥတုဖောက်ပြန် တဲ့အခါ စက်ကိရိယာအားနည်း တော့ စိုက်ခင်းတွေကို မကာကွယ် နိုင်တာတွေ ဖြစ်တာ စတာတွေကိုအောင်မြင်စွာ ကျော်လွှားနိုင်ဖို့အ တွက် အဓိကရည်ရွယ်တာပေါ့။ တောင်သူတွေ အဆင်ပြေစေချင် တာ’’ဟု ဦးဇော်မင်းက ဆိုသည်။တောင်သူများသည် ချေးငွေ ကို လယ်ယာသုံးစက်ယန္တရားများ ဝယ်ယူရန်သာမက လယ်ယာထွက်ကုန်များ သယ်ယူပို့ဆောင် ရန် မော်တော်ယာဉ်များ၊ လယ် ယာထွက်ကုန်များ သိုလှောင်နိုင် ရန် သိုလှောင်ရုံတည်ဆောက်ခြင်း လုပ်ငန်းများနှင့် သီးနှံကြိတ်ခွဲ သည့် ဆီစက်၊ ဝါစက် စသည့် စက်ကိရိယာများဝယ်ယူရန် ယင်းချေးငွေ ရယူနိုင်ကြောင်းဝန်ကြီးက ဆိုသည်။ယင်းစီမံကိန်းကို ဂျပန်နိုင်ငံ ချေးငွေဖြင့် ဆောင်ရွက်နေပြီး တောင်သူလယ်သမား၏ လယ် ယာလုပ်ငန်းခွင်များ ဖွံ့ဖြိုးတိုး တက်လာကာ ထုတ်ကုန်များ ပိုမို တိုးမြှင့်ထုတ်လုပ်နိုင်ရေး ရည်ရွယ် ချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ် ကြောင်း ၎င်းက ပြောသည်။ ချေး ငွေလျှောက်ထားမည့်တောင်သူ များသည် လယ်ယာပိုင်ဆိုင်မှု အ ထောက်အထားများ၊ အာမခံမည့် ပုဂ္ဂိုလ်နှစ်ဦးအပြင် ချေးငွေရယူ မည့် ငွေပမာဏ၏ရာခိုင်နှုန်းတစ် ရပ်ကို အာမခံငွေအဖြစ် ဘဏ် တွင် အပ်နှံထားသည်ကို ပြသနိုင် မှသာ ချေးငွေရရှိမည်ဖြစ်ကြောင်း ဦးဇော်မင်းက ဆိုသည်တစ်နှစ်လျှင် ၈ ရာခိုင်နှုန်း အတိုးနှုန်းပေးရန် သတ်မှတ်ထား ပြီး ယင်းချေးငွေကို သုံးနှစ်(သို့မ ဟုတ်)ငါးနှစ်အထိ ကာလကြာ ရှည် သုံးစွဲနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ ထို့ပြင် တောင် သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး တက်စေရန် စက်ကိရိယာများ ဝယ်ယူနိုင်ရေး ရည်ရွယ်၍ ချေးငွေ ကို တောင်သူများအား ငွေသား ထုတ်ပေးမည်မဟုတ်ဘဲ ပုဂ္ဂလိက စက်ယန္တရားကုမ္ပဏီများထံမှ လိုအပ်သည့် စက်ယန္တရားများရယူ ကာ ဘဏ်က ငွေပေးချေသည့် စနစ်ဖြင့် ထုတ်ချေးမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။
ယခုကဲ့သို့ အတိုးနှုန်းသက် သာစွာဖြင့် ချေးငွေထုတ်ချေးခြင်း သည် တောင်သူများ အဆင်ပြေ သော်လည်း ချေးငွေရယူရာတွင် လိုအပ်သည့် အထောက်အထား များပြားနေခြင်းနှင့် အာမခံငွေပြရ ခြင်း စသည့် စည်းကမ်းချက်များ က တစ်ဦးချင်း ချေးငွေရယူမည့် တောင်သူများအဖို့ အခက်အခဲရှိ ကြောင်း အောင်လံမြို့နယ် သနပ် ကျေးရွာနေ တောင်သူ ဦးဇော်မင်း က ပြောသည်။‘‘စက်ဝယ်နိုင်ရင် လုပ်သား ရှားပါးမှု အခက်အခဲပြေလည် မယ်။ ဒါပေမဲ့ အခု အစိုးရပေးတဲ့ ချေးငွေက သိရသလောက်လုပ်ရ မယ့်အဆင့်တွေ အရမ်းများတယ်။အရင်က သမချေးငွေလိုပဲ ပိုက်ဆံရှိတဲ့၊ အာဏာရှိတဲ့သူတွေပဲ ချေး ငွေရပြီး ဆင်းရဲတဲ့တောင်သူက ဒုံရင်းပဲဖြစ်မယ့်ချေးငွေမျိုးဖြစ်မှာ စိုးတယ်’’ဟု ရွှေညောင်ပင်ကျေး ရွာနေ တောင်သူ ဦးဝင်းဦးက ဆိုသည်။
Credit to 7Day News Journal