BREAKING New – လက်ပံတောင်းတောင်တွင် ရှေးဟောင်း လူထွင်း ဂူတစ်ခုတွေ့ရှိ

BREAKING New
===============
သိရပါသည်။
ကြားသိရပါသည်။
မကြာခဏ တွေ့နေရဆဲပင်။


ဥာဏ်လှိုင်(ခ)ရန်ငြိမ်းသူ
11″12″2017

Unicode

BREAKING New
===============
လက်ပံတောင်းတောင်တွင်
ရှေးဟောင်း လူထွင်း ဂူတစ်ခုတွေ့ရှိပြီး
ပုဂံခေတ်နှင့်အပြိုင် (သို့)ပုဂံခေတ်ထက်စောသော
ရှေးခေတ်လက်ရာ ကျောက်ထွင်း ဆင်းတုတော်များ
နံရံဆေးရေး ပန်းချီများ တွေ့ရှိသည်ဟု
ဝမ်ပေါင် ကုမ္ပဏီတွင်အလုပ်လုပ်သော
အလုပ်သမားများထံမှာ ကြားသိရပါသည်။
ထိုသတင်းမပေါက်ကြားရန် တားမြစ်ထားသည်ဟုလည်း
သိရပါသည်။
အလွန်အဖိုးတန်သောအဖိုးမဖြတ်နိုင်သည့်
မြန်မာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအား
တရုတ်နိုင်ငံသို့ခိုးထုတ်သယ်ယူနေသည်ဟု လည်း
ကြားသိရပါသည်။
သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက
လက်ပံတောင်းဒေသသည် ပုဂံခေတ်နှင့်အပြိုင်
ယဉ်ကျေးမှုထွန်းကားခဲ့သည့် အရပ်ဒေသဖြစ်သည်ဟု
ရေးသားဖေါ်ပြဖူးပါသည်။
မိုးကြိုးပြင် ရွာဆိုသည်မှာ
လယ်ထဲ ယာထဲထွန်ယက်ရင်း
မိုးကြိုးသွား သဏ္ဍန် ကျောက်သွားလေးများ
အများအပြားတွေ့ရှိတတ်သောကြောင့်
မြန်မာ့အယူအဆအရ မိုးကြိုးသွားဟု သတ်မှတ်ပြီး
မိုးကြိုး အလွန်ပစ်ခဲ့ဖူးသောနေရာဟုဆိုကာ
မိုးကြိုးပြင်ရွာဟု ခေါ်ကြခြင်းဖြစ်သည်။
ယနေ့ထက်တိုင် ထို မိုးကြိုးကျောက်သွားများ
မကြာခဏ တွေ့နေရဆဲပင်။
ဆရာကြီးဒေါက်တာသန်းထွန်း၏ အယူအဆမှာ
ရှေးကျောက်ခေတ်ကပင် လက်ပံတောင်းဒေသ၌
သက်ရှိ လူသားများ နေထိုင်ခဲ့သောကြောင့်
ကျောက်သွား လက်နက်များကို မိုးကြိုးသွားများ
သဖွယ် အများအပြားတွေ့ရှိရသည်ဟု ဆိုပါသည်။
အချိ ု့ နိုင်ငံခြားသားများက
ထိုမိုးကြိုးသွားသဏ္ဍန် ကျောက်သွားလေးများကို
ဝယ်ယူ သွားသည်ဟုလည်း သိရသည်။
တန်ဖိုးသိသူတို့ ဖေါ်စားကြလေပြီ။
လူသား ပရိုင်းမိတ်ရုပ်ကြွင်းတွေ့ရှိရာ
ပုံတောင်ပုံညာ ဒေသနှင့်တစ်ဆက်စပ်နေပြီး
အံ့မခန်း ကျောက်ထွင်းလက်ရာ များရှိသော
ဖိုလ်ဝင်တောင်နှင့်လည်း တစ်ဆက်ထဲဖြစ်ပါသည်။
မိုးထဲလေထဲမှ ပုဂံဘုရားများပင်
ယခုတိုင် အကောင်းတိုင်းရှိနေဆဲဖြစ်သော်လည်း
လက်ပံတောင်း တောင်မှ တွေ့ရှိရသော
မိုးလုံလေလုံ ဂူထဲမှ ကျောက်ဆင်းတုတော်များ
ယခုလို ပျက်စီးနေခြင်းမှာ
နှစ်သက်တမ်းအရ ပုဂံထက်ပင်စောနိုင်လေသည်။
တန်ဖိုးဖြတ်မရနိုင်သော
ကမ္ဘာမှာ မြန်မာဟေ့ဟု ဟစ်ကြွေးနိုင်သည့်
သမိုင်းအထောက်အထားတစ်ခုသည်
ဦးပိုင်နှင့် နားမလည်သော ဗိုလ်ချ ုပ်များ၏
မိမိတို့ရဖို့တစ်ခုထဲသာကြည့်သောကြောင့်
ယခုလို တရုတ်လက်တွင် ပျောက်ကွယ်ရတော့မည့်
အဖြစ်မှာ အလွန်ဝမ်းနည်းစရာကောင်းလှပါသည်။
သမိုင်းကို ဘာနဲ့ ပြန်လျော်မည်နည်း
သမိုင်းကို ဘာနဲ့အစားပြန်ထိုးနိုင်မည်နည်း။
ဗိုလ်ချ ုပ်တို့၏ စီးပွားရေး
ဗိုလ်ချ ုပ်သားသမီးတို့ ပြိုင်ကား စီးနိုင်ရေး
ဗိုလ်ချ ုပ်ကတော်တို့စိန်နားကပ်ပန်နိုင်ရေးအတွက်
အဖိုးဖြတ်မရနိုင်သော မြန်မာ့သမိုင်းတစ်ခု
ပျောက်ဆုံး ရပါတော့မည်။
အားမတန်၍ မာန်လျှော့ရမည်လော
နံရံကို ခေါင်းဖြင့်တိုက်နေသည့်
လက်ပံတောင်း ပြည်သူများအား ဂုဏ်ပြုပါသည်။
မိုးကြိုးပြင် သပိတ်စခန်း ဖြိုခွင်းခံရခြင်း
ဒီဇင်ဘာလအတွင်း ဆည်တည်း ရွာကို ဖျက်မည်ဆိုခြင်း
ထို အချက်များသည် ယခုတွေ့ရှိသော
ရှေးဟောင်း ဂူနှင့်ဆက်စပ်နေနိုင်ပါသည်။
အလွန် ကြီးကျယ်ခမ်းနားလှသော
မြန်မာ့ရှေးဟောင်းမြို့ကြီးတစ်ခုကို
တရုတ်တို့သဲလွန်စရှိထားပြီလော။

Credit ….. နိုင်ငံရေးစကားဝိုင်း

ဉာဏ်လှိုင်(ခ)ရန်ငြိမ်းသူ
11″12″2017