ရွှေဘိုမြို့ နေအိမ်တစ်ခုတွင် အနုကြမ်းစီး ဓါးထိုးမှု့ ဖြစ်ပွား



Ko Ko Gyi (fb)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့အမှတ်(၂) ပျဉ်ဈေးရပ်ကွက်တွင် မိသားစု(၃)ဦး နေထိုင်သောအိမ်၌ 12.12.2017 ဒီဇင်ဘာလ ၁၂ ရက်နေ ့ဒီကနေ ့ နံနက်(၁)နာရီအချိန်ခန့်က ဓါးထောက်ပြီး အနုကြမ်းစီးမှုဖြစ်ပွားကြောင်း သတင်းရရှိပါသည်။

အနုကြမ်းစီးလုယက်သူမှ ဓါးဖြင့်တိုက်ခိုက်သောကြောင့် အမျိုးသားဖြစ်သူမှာ လက်ဖျံဒဏ်ရာရ၊ အမျိုးသမီးဖြစ်သူမှာ ဦးခေါင်းဓါးထိုး ဒဏ်ရာရရှိပြီး သမီးဖြစ်သူမှာ-ညာဖက်ရင်အုံထိုးသွင်းဒဏ်ရာရရှိကာ မိသားစုသုံးဦး ရွှေဘိုပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသမှုခံယူလျှက်ရှိကြောင်း သိရပါသည်။

Ko Ko Gyi (fb)