မဟာမုနိ ႐ုပ္ရွင္ေတာ္ျမတ္ႀကီးသို႔ ၈၀ က်ပ္သားခန္႔ရွိ ေရႊၾကာပန္းလွဴဒါန္း

မႏၲေလးၿမိဳ႕ မဟာမုနိ ႐ုပ္ရွင္ေတာ္ျမတ္ႀကီးသို႔ ထိုင္းႏိုင္ငံမွ အလွဴရွင္မိသားစုတစ္စုက အေလးခ်ိန္ ၈၀ က်ပ္သားခန္႔ရွိ ေရႊၾကာပန္းတစ္ခုကို ဒီဇင္ဘာလ ၁၃ ရက္ေန႔က လာေရာက္လွဴဒါန္းခဲ့ေၾကာင္း မဟာမုနိဘုရား ေဂါပကအဖြဲ႔ထံမွ သိရသည္။

ေရေတာ္ဆရာေတာ္ဘုရားႀကီးႏွင့္အတူ လာေရာက္လွဴဒါန္းခဲ့ျခင္းျဖစ္ၿပီး ယင္းေရႊၾကာပန္းကို ဘုရားႀကီးမ်က္ႏွာသစ္ေတာ္ႏွင့္ သက္ဆိုင္သည့္ေနရာတြင္ ယာယီထားရွိေၾကာင္း၊ မည္သည့္ေနရာတြင္ ထားရွိမည္ကို ေဂါပကအဖြဲ႔အေနႏွင့္ ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း မဟာမုနိဘုရား ေဂါပကအဖြဲ႔မွ ႐ံုးအဖြဲ႔မွဴး ဦးသိန္းထြန္းက ေျပာၾကားသည္။ထိုင္းႏိုင္ငံမွ အလွဴရွင္မိသားစုတစ္စုမွ အေလးခ်ိန္ ၈၀ က်ပ္သားေက်ာ္ရွိ ေရႊၾကာပန္းတြင္ စိန္ပြင့္ ၁၃ ပြင့္ကို စီျခယ္ထားေၾကာင္း၊ ေအာက္ခံၾကာကလပ္ ပါဝင္ပါက အေလးခ်ိန္ တစ္ပိႆာခန္႔ရွိေၾကာင္း မဟာမုနိဘုရား ေဂါပကအဖြဲ႔ထံမွ သိရသည္။
Credit to The Voice

Unicode ျဖင့္ဖတ္ရန္
မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးသို့ ထိုင်းနိုင်ငံမှ အလှူရှင်မိသားစုတစ်စုက အလေးချိန် ၈၀ ကျပ်သားခန့်ရှိ ရွှေကြာပန်းတစ်ခုကို ဒီဇင်ဘာလ ၁၃ ရက်နေ့က လာရောက်လှူဒါန်းခဲ့ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
ရေတော်ဆရာတော်ဘုရားကြီးနှင့်အတူ လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယင်းရွှေကြာပန်းကို ဘုရားကြီးမျက်နှာသစ်တော်နှင့် သက်ဆိုင်သည့်နေရာတွင် ယာယီထားရှိကြောင်း၊ မည်သည့်နေရာတွင် ထားရှိမည်ကို ဂေါပကအဖွဲ့အနေနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးသိန်းထွန်းက ပြောကြားသည်။ထိုင်းနိုင်ငံမှ အလှူရှင်မိသားစုတစ်စုမှ အလေးချိန် ၈၀ ကျပ်သားကျော်ရှိ ရွှေကြာပန်းတွင် စိန်ပွင့် ၁၃ ပွင့်ကို စီခြယ်ထားကြောင်း၊ အောက်ခံကြာကလပ် ပါဝင်ပါက အလေးချိန် တစ်ပိဿာခန့်ရှိကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
Credit to The Voice